Aung Way - Undo the music

ကြောင်င်င်င်င်င်
အောင်ဝေး
ဖေဖော်ဝါရီ ၉၊ ၂၀၁၁
ကိုရစ်
ဒီ ဂစ်တာက
ကြီုးညှိလို့ မရဘူးဖြစ်နေတယ်။

ဘယ်လိုမှ ညှိလို့ မရတဲ့
ဒီ အသံကြောင်နေတဲ့ ဂစ်တာက
အသံကြောင်နေတဲ့အတွက်
အသံကြောင်နေတဲ့ ဂစ်တာဖြစ်နေတာ။

အဲဒါကို
ကြောင်တကောင်
ဘယ်ကကြောင်မှန်းမသိ
ကြောင်နေတဲ့ ဂစ်တာပေါ်
ခုန်ချလိုက်တာ
ကြောင်င်င်င်င်င်င်င် ခနဲ
အဲဒီ အသံကြောင်နေတဲ့ ဂစ်တာ
ပိုပြီး ပိုပြီး ကြောင်သွားတော့တာပဲ ကိုရစ်။        ။

အောင်ဝေး
ဖေဖော်ဝါရီ ၈-၂၀၁၁

Comments