သီပေါဘုရင် ထိန်းသိမ်းခံခဲ့ရသည့် စံအိမ်တော်ကို အိန္ဒိယက ပြုပြင်မွမ်းမံ
indiatimes.com
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၁
နောက်ဆုံးဘုရင် နေထိုင်သွားခဲ့သည့် စံအိမ်တော်ကို ၂၀၀၇ ခုနှစ်က တွေ့မြင်ရပုံ (ဓာတ်ပုံများ - shwesue.com)
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၁

သီပေါမင်း နေထိုင်သွားခဲ့သည့် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ စံအိမ်တော်ကို ပြန်လည် ပြုပြင်ရန် စီစဉ်လျက် ရှိသည်။
ဗြိတိသျှအစိုးရက သီပေါဘုရင်နှင့် မိသားစုကို ထိုစံအိမ်တွင် ထိန်းသိမ်းခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဇွန်လက ပြတိုက်ဖြစ်လာသည့် စံအိမ်တော်ကို ပြင်ဆင် မွမ်းမံရန် ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဌာနက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သီပေါမင်းသည် ထိုစံအိမ်သို့ ၁၉၁၀ တွင် ရောက်ရှိခဲ့ပြီး ဘ၀ တလျှောက်လုံး နေထိုင်သွားရသည်။
၁၉၉၄ တွင် မြန်မာအစိုးရက စံအိမ်ကို သမိုင်းဝင် အဆောက်အအုံအဖြစ် သင့်လျော်သလို ပြုပြင် မွမ်းမံရန် အိန္ဒိယ အစိုးရထံ အရေးဆိုခဲ့သည်။
ယခုအခါ ပြတိုက်ဌာနက စံအိမ်ကို ပြင်ဆင်နေပြီး ရှေးဟောင်း စစ်သင်္ဘော ပုံစံငယ်များ၊ ရုပ်တုများ၊ ဒေသခံ အနုပညာပစ္စည်းများ ပြသမည်ဟု သိရသည်။
သီပေါဘုရင် အထိမ်းအမှတ် ပြခန်း အပါအ၀င် ပြခန်းပေါင်း ၂၅ ခန်းရှိမည်ဟု ဆိုသည်။
အစိုးရက ပြခန်းကို အကြောင်းပြုပြီး ဒေသခံ အနုပညာပစ္စည်းများကို ပွဲထုတ်မည် ဖြစ်သည်။

Comments