၇ ရက်၊ အမှန်အကန်၊ အသံ
နွားကျောင်းသားကိုဝင်း
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၁
နွားကျောင်းသားကိုဝင်း
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၁
ခေါင်းစဉ်က အူကြောင်ကြောင် ဖြစ်သွားတယ်။ မတတ်နိုင်ဘူး။ ဒီနေ့ လက်တို့မယ့် သတင်း ဆောင်းပါး ဖြတ်စတွေကို 7DAY ပြီးတော့ TRUE နဲ့ VOICE ဂျာနယ် တွေကနေ ယူတာမို့ အဲဒီလို တပ်လိုက်တာပါ။ ကဲ - ဖတ် ဗေတိုးဗေ။
7DAY ဂျာနယ် (ဖေဖော်ဝါရီ ၁၀)
အထက်လှန် အောက်လျှော
7DAY က ပထမတန်းစား ဂျာနယ်ကြီးတစောင်ဖြစ်တယ်၊ အစုံ ပါတယ်။ ဒီ ကျန်းမာရေးဆောင်းပါးလေးက သိထားသင့်လို့ ထည့်ပေးလိုက်ပါတယ်။ နာဂစ်ဒေသက မထူး
မထူးကလေး နဲ့ မိဘတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ဖတ်ကြပါအုံး။ ရပ်ကွက်လူကြီး ဖုန်းနံပါတ်လည်း ပါဝင်တာမို့ စိတ်ဝင်စားသူများ ဆက်သွယ်ရ လွယ်ကူမှာပါ။
မွေးရာပါစိတ်
ငယ်ကတည်းက ပါလာတဲ့ ကြောက်စိတ်အကြောင်း ဆောင်းပါး။ အရမ်း ကောင်းပါတယ်။ မြန်မာပြည်မှာ ဒီစိတ်က အသားကျနေကြတော့ ဒါမျိုးတွေ ဖတ်ရတာ သင့်တော်ပါတယ်။ ဆောင်းပါးတိုမို့ တထိုင်တည်း ဖတ်ဖြစ်ကြပါလိမ့်မယ်။
လွှတ်တော်သတင်း ရေးလို့ရပါတယ် ကွ
ဘယ်သူပြောလဲ သတင်းသမားတွေကို တားဆီး ကန့်သတ်တယ် ဘာဘာ ညာညာ ကွိစိ ကွစ။ အင်း - ဟုတ်ပါတယ်လေ၊ အပိတ်ခံနေရတာများ ရိုးဟိုးဟိုးနေပြီမို့ ထူးတော့ပါဘူး။ ထူးတာက လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အပြောအဆိုပါပဲ။ ကဲ - သတင်းထဲတောင် ထည့်ရေးကုန်ကြပြီ။ သတင်းသမားကတော့ အပိတ်ခံထားရလည်း ဖောက်ထွက် ရေးမှာပေါ့။ ဒါမှ စာမူခရ အဲ - အယ်ဒီတာတွေရဲ့ ဆူပူငြိုငြင်သံ မထွက်မှာလေ။
တန့်ဆည်က ကြက်တွေ ကွေးပြီ
ဒါကတော့ ဒေသခံသတင်း၊ ကျန်းမာရေးဆိုင်ရာ အရေးကြီးသတင်း။
အင်းထဲကရေ
နတ်ရေကန်ဒေသမှာ အင်းထဲကရေကို စိုက်ပျိုးရေးအတွက် သုံးတာ အရမ်းကောင်း ဆိုပဲ။ ပိုးသေတယ် တဲ့။ ရေ အခြေအနေက အဲသလို ဖြစ်နေပြီ။
ဇန်န၀ါရီလထုတ် Voice ဂျာနယ်တချို့
သိုလှောင်အိတ် နဲ့ ကော်ဖီခွက်
အော်ပီကျယ်လက်ရာကို သိုလှောင်အိတ်မှာ ပုံနှိပ်ထားတာ လယ်သမားတွေ သုံးရလွယ်သတဲ့။ ကောင်းလိုက်တဲ့ စိတ်ကူး။နောက် စိတ်ကူးကောင်း၊ ဖန်တီးမှုကတော့ ကော်ဖီခွက် ဖြစ်ပါတယ်။ ဖတ်ပေတော့ဗျာ။
မောင်အီကိုရဲ့ ဘာသာပြန်
ဘာသာပြန်ထားတာ ဖတ်ရ သိပ် အဆင်ပြေတယ်။ အကြောင်းအရာကလည်း စိတ်ဝင်စားစရာ။ မိတ်ဆွေတို့ကိုလည်း ဖတ်စေချင်လို့  ကော်ပီ ယူထားတာ ခုမှပဲ ထည့်ပေးဖြစ်တယ်။ ဖတ်ပါအုံး။True News ဂျာနယ် (ဇန်န၀ါရီ ၂၅)
မွန်စီယာဆီညော်ရဲ့ ရိုက်ချက်
စာရေးနည်း ကဗျာရေးနည်း သင်တန်း ဆိုတာတွေ တက်ဖို့ ပြင်နေတယ် ဆိုရင်တော့ ဒီ သရော်စာကို အရင်ဖတ်သင့်ပါတယ်။
ဥရောပသွားမယ့် မြန်မာ့ကမ်းခြေ
ပင်လယ်ကမ်းခြေတွေကို ပြပွဲ တင်မယ် ဆိုတဲ့ သတင်းတိုလေးပါ။
ဓာတ်ပုံသတင်းထောက် နဲ့ ကျင့်ဝတ်
သတင်းသမားတွေ ဓာတ်ပုံရိုက်ကူးတာနဲ့ ပတ်သက်ပြီး လူထုစိန်ဝင်းက အနည်းအကျဉ်း တို့ထိထားပါတယ်။ မှတ်သားစရာ၊ ငြင်းခုံစရာတွေ တွေ့ရပါလိမ့်မယ်။
စစ်ပြီးစ စာနယ် နှင့် စာအုပ်များ
စာပေစိစစ်ရေး ဌာန ဆိုတဲ့ မကောင်းဆိုးဝါးဟာ ရှေးကတည်းက ရှိခဲ့တယ်၊ စစ်ပြီးခေတ်မှာတော့ သတင်းစာတွေကို လွတ်လပ်ခွင့် ပေးခဲ့တယ် ဆိုတဲ့အကြောင်းကို ဒီဆောင်းပါး တနေရာမှာ တွေ့ရပါတယ်။ ဒုတိယကော်လံမှာပါ။
ရွှေတိဂုံက ထမနဲ အိုး ၅၀
ရန်ကုန်မှာ ထမနဲထိုးပွဲ ရှိတယ် တဲ့။ စိတ်ဝင်စားစရာပဲ။
NGO ဆရာများအကြောင်း
အစ ကနေ အဆုံး အရမ်း၊ အရမ်း ကောင်းတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ NGO ဆရာ ဆရာမများရှိရင် ဒီဆောင်းပါး ပရင့်အောက်ပြီး ပေးလိုက်ပါ။
NGO တွေ ပိုက်ဆံ ဘယ်က ရသလဲ၊ ဘယ်လို တောင်းသလဲ ဆိုတာတွေ ကြားဖူးနားဝ ရှိထားရင် ဖတ်လို့ ပိုကောင်းပါလိမ့်မယ်။
Comments