More Attacks on NLD and Suu from Regime's newspapers

သတင်းစာဆောင်းပါးများဖြင့် အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်တိုက် တိုက်ခိုက်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၁
အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာဆောင်းပါးများဖြင့် ယခုလဆန်းမှစတင်ပြီး တောက်လျှောက်ဝေဖန်တိုက်ခိုက်လျက်ရှိရာ ယနေ့ထုတ် သတင်းစာတွင် ဆောင်းပါးရှင် ငါးမင်းဆွေရေးသားသည့်  စီးပွားရေး ပိတ်ဆို့မှုသည် တနည်းအားဖြင့် အကြမ်းဖက်ဝါဒဖြစ်သည် ဆိုသည့်စွပ်စွဲချက် ဆောင်းပါးကို ဖေါ်ပြပေးထားသည်။ ကာလအတန်ကြာ ရပ်ဆိုင်းဖေါ်ပြခြင်း မပြုခဲ့သည့် နိုင်ငံရေး အတိုက်အခံ အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တိုက်ခိုက်သည့် ဆောင်းပါးများကို ယခုလဆန်းကတည်းက စစ်အစိုးရပိုင် သတင်းစာများတွင် ပြန်လည်ရေးသား ဖေါ်ပြလာသည်ကို တွေ့ရသည်။
ထိုသို့ရေးသားရာတွင် နိုင်ငံရေးသမားဟောင်းများဖြစ်သည့် သခင်တင်မြ၊ ကိုကိုမောင်ကြီး (မဆလ အစိုးရလက်ထက် ဗဟိုနိုင်ငံရေး တက္ကသိုလ်နည်းပြချုပ် ဦးချစ်လှိုင်) ၊ အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ဆောင်းပါးရေးသူ မောင်စူးစမ်း (ဦးချမ်းအေး) တို့၏ အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်သည့်ဆောင်းပါးများကိုလည်း ထည့်သွင်းဖေါ်ပြပေးခဲ့သည်။ ပုံမှန်အားဖြင့်ဆိုလျင် အဆိုပါ နိုင်ငံရေးသမားဟောင်းများ၏ ဆောင်းပါးများကို ပုဂ္ဂလိကပိုင် သတင်းဂျာနယ်နှင့် မဂ္ဂဇင်းများတွင်သာတွေ့ရှိရလေ့ရှိပြီး လတ်တလောကာလတွင် စစ်အစိုးရပိုင် သတင်းစာမှ ဖိတ်ခေါ်ရေးသားစေခြင်း ဖြစ်မည်ဟု ရန်ကုန် စာနယ်ဇင်း သမားများက ယူဆကြသည်။
သခင်တင်မြနှင့် မောင်စူးစမ်းတို့မှာ အန်အယ်ဒီပါတီနှင့် ပုဂ္ဂိုလ်ရေး အညှိုးအတေးရှိသည့်အတွက် ယခုလို ဝေဖန်သည့်ဆောင်းပါးများအား ရေးသားလျက်ရှိခြင်း ဖြစ်နိုင်သည်ဟု ၄င်းတို့နှင့် နီးစပ်သူအချို့ကပြောသည်။
အထက်ပါ နိုင်ငံရေးသမားဟောင်းများက တိုင်းရင်းသား လူမျိုးစုပြဿနာအား ယခုလက်ရှိ စစ်အစိုးရ ကမကထပြုလုပ်ကျင်းပနေသည့် လွှတ်တော်သုံးရပ်တွင် ဖြေရှင်းနိုင်သည့် အနေအထားရှိ၍ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုနေသည့် ဒုတိယပင်လုံ အဆိုသည် မယောင်ရာဆီလူးသည့် ကိစ္စတရပ်ဟု ရေးသားလျက်ရှိသည်ကို တွေ့ရသည်။
အထက်ပါ ပြင်ပဆောင်းပါးရှင်များအပြင် ရန်ကြီးအောင် အမည်ခံသည့် အစိုးရပေါ်လစီဆိုင်ရာ ဆောင်းပါးရေးသူကလည်း အန်အယ်ဒီက ၈ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်သည့်အစီရင်ခံစာ ကိုဝေဖန်တိုက်ခိုက်သည့် ဆောင်းပါးတစောင်ကို ရက်ဆက်ဖေါ်ပြခဲ့သည်။
ယနေ့ထုတ် သတင်းစာတွင်မူ ဆောင်းပါးရှင် ငါးမင်းဆွေဟု လူသိများသူ ဦးမင်းဆွေက ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး ပိတ်ဆို့မှု ဆက်လက်ရှိဖို့လိုအပ်သည့် အစီရင်ခံစာကို ထပ်မံတိုက်ခိုက်ရေးသား ထားသည်ကို ဖတ်ရှုရသည်။ ဒေါ်အောင်ဆန်းစုကြည် မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်ရေး ၀ါဒကိုလက်ခံယုံကြည်သည့် နည်းတူ ဆောင်းပါးရှင် ငါးမင်းဆွေကလည်း ယုံကြည်သည်ဟု ရေးသားထားပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ပြောဆိုသင့်သည်ဟု ဖေါ်ပြထားသည်။
ငါးမင်းဆွေသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးမကြာမီပင် ရွှေဂုံတိုင် အန်အယ်ဒီရုံးသို့ ၄င်းရေးသားထားသည့်ဆောင်းပါးမိတ္တုများအား ပေးအပ်ရန် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မျက်စေ့နားပိတ်မထားကြပါနဲ့ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

Comments

Anonymous said…
အာ..
ဒီသောက်ရူး ငါမေးဆွေအကြောင်း သောက်ဖက်လုပ်ပြီး
ထည့်ရေးမနေပါနဲ့ ဗျာ..
ဖတ်ရတာ ကျက်သရေတုံးလို့ ..
Anonymous said…
စီးပွါးရေး ပိတ်ဆို့မှုကြောင့် စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် အတော်လေး အထိနာမှန်း တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာပြီ .....
ကြာလာတော့ နေမထိ ထိုင်မသာနဲ့ တေဇဆို ပိတ်ဆို့တဲ့နိုင်ငံကို တန်ပြန်ပိတ်ဆို့မှု လုပ်မတဲ့ ... ဟာသတော်တော်လုပ်တဲ့ကောင် ...
သခင်တွေဆီက အရိုးလေး ကိုက်ရဖို့အရေး စီးပွါးရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ သခင်အားရအောင် ကျွန်ပါးဝပြနေသူတွေ ..... မျက်နှာလို မျက်နှာရ ဖါးပြီးအော်နေမှန်းသိသာပါတယ် ..... ဘာကြောင့် စီးပွါးရေးပိတ်ဆို့ရသလဲဆိုတဲ့ အကြောင်းအရာကို မစဉ်းစား ထည့်မပြောကြဘဲ .... လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ နေရာတကာ အာဏာနဲ့ ထင်သလိုစိုင်း လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်နေမှုကို မပြုပြင်ကြဘဲ ...
ဒီဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုကိုတော့ ပြန်ရုပ်သိမ်းစေချင်ကြတယ်လား ... သနားစရာပါလား ...
ဘယ်မှာမှ ပြည်သူလူထုအတွက် အကျိုးရှိတာ အကျိုးပြုတာ လုပ်ပေးခဲ့တာမရှိတဲ့အပြင် တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်ရောင်း.... ရတာကို သူတို့အကျိုးအတွက်သုံး .... ရေနံ သဘာဝဓါတ်ငွေ့ တွေ စွမ်းအင်နဲ့ ပတ်သက်တာတွေ အကုန်ပြည်ပပို့ ... ရောင်း ပြည်သူတွေမှာတော့ အမှောင်အတိ ......
နိုင်ငံခြားက စီးပွါးရေးလာရောက် မြှုတ်နှံဖို့ လာရောက်လုပ်ကိုင်ဖို့ကို ဟိုဟာကန့်သတ် ဒီဟာချုပ်ချယ် သူတို့ကို ပူဇော်ပသ လာပ်ထိုးမှ လုပ်ခွင့်ပေး ... ပြောရရင် အများကြီးပဲ ...
ပြည်သူက နဂိုကတည်းက ငတ်နေ ဆင်းရဲနေပြီးသား ဒီစနစ်ဆိုးကိုမှ မပြင်ဘဲ စီးပွါးရေး ပိတ်ဆို့မှု ရုပ်သိမ်းလဲ အလကားပဲ ... ပြည်သူက ဆက်ငတ်မြဲ သူတို့က ဆက်ချမ်းသာသထက် ချမ်းသာမြဲပဲ ဖြစ်မှာ ....
သခင်အားရအောင် ဟောင်ကျတဲ့သူများလဲ အရိုးအရင်းလေး ရလိုရငြားနဲ့ ဆက်ဟောင်စေဗျား ....