SPDC to "civilian government"




နအဖ ဖျက်သိမ်းပြီ၊ ဘောင်းဘီချွတ်ဝန်ကြီးများအစိုးရအဖွဲ့ ပေါ်ပေါက်
မိုးမခအထောက်တော်၊ ရန်ကုန်
မတ် ၃၀၊ ၂၀၁၁

(ရုပ်သံက ကြေညာသည့်
ဦးသိန်းညွန့် - သမ္မတရုံးဝန်ကြီး အပါအ၀င် ၀န်ကြီးစာရင်းကို နောက်ဆက်တွဲတွင် ကြည့်ပါ)

အခမ်းအနားတခုတွင် တွေ့ရသော ၀န်ကြီးများကို AP သတင်းဌာနက အထက်ပါအတိုင်း မှတ်တမ်း တင်ထားသည်။
ထိုဝန်ကြီးများမှာ မကြာသေးမီက စစ်ယူနီဖောင်းချွတ်လိုက်သူများ ဖြစ်သည်။

နအဖ စစ်ကောင်စီကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် ဖျက်သိမ်းပြီး၊ “အရပ်သား” ၀န်ကြီးများ၊ ၎င်းတို့တာဝန်ယူရမည့် ၀န်ကြီးဌာနများစာရင်းကို ယနေ့ နံနက်ပိုင်း ပြည်ထောင်စုလွှတ်တော်က ကြေညာသည်ဟု သိရသည်။

ဒု ၀န်ကြီး စာရင်းများကို ညနေပိုင်းလွှတ်တော်တွင် ကြေညာမည်ဟု သတင်းရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ကတိသစ္စာပြုချိန်၊ မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ရုံးများ ဆိုင်းဘုတ်တင်ချိန်များမှာ ထူးခြားနေသည်ဟု သတင်းထောက်တဦးက ပြောသည်။

“ကျမ်းကျိန်တဲ့အချိန်က ၁၁နာရီ ၂၀ မိနစ်၊ ဆိုင်းဘုတ်က ၈း၅၅” ဟု သူက ပြောသည်။



နောက်ဆက်တွဲ

ရုပ်သံက ကြေညာသည့် ၀န်ကြီးစာရင်း၊ ၎င်းတို့ တာဝန်ယူမည့် ဌာနစာရင်း
ဝန်ကြီးတချို့ က ဌာန ၂ ခု တွဲကိုင်သည်

ဒုဗိုလ်ချုပ်ကြီး လှမင်း - ကာကွယ်ရေးဝန်ကြီးဋ္ဌာန
ဒုဗိုလ်ချုပ်ကြီးဟောင်း ကိုကို - ပြည်ထဲရေး

ဦးဝဏ္ဏမောင်လွင် - နိုင်ငံခြားရေး
ဦးကျော်ဆန်း - ပြန်ကြားရေး/ယဉ်ကျေးမှု

ဗိုလ်ချုပ်သိန်းဋ္ဌေး - နယ်စပ်စည်ပင်/
မြန်မာ့စက်မှု ဖွံ့ဖြိုးရေး
ဦးခင်ရီ - လူဝင်မှုကြီးကြပ်ရေး

ဦးမြင့်လှိုင် - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဦးဝင်းထွန်း - သစ်တောရေးရာ

ဦးလှထွန်း - ဘဏ္ဍာရေး
ဦးခင်မောင်မြင့် - ဆောက်လုပ်ရေး

ဦးတင်နိုင်သိန်း - အမျိုးသားစီမံကိန်း/ မွေး-ရေ
ဦးဝင်းမြင့် - စီးပွားကူးသန်း

ဦးသိန်းထွန်း - ဆက်သွယ်ရေး စာတိုက်
ဦးအောင်ကြည် - အလုပ်သမား/ လူမှုဝန်ထမ်း - ကယ်ဆယ်ရေး

ဦးသိန်းထိုက် သတ္တုတွင်း ၀န်ကြီးဋ္ဌာန
ဦးဥာဏ်ထွန်းအောင် - ပို့ဆောင်ရေး

ဦးအုန်းမြင့် - သမ၀ါယမ
ဦးတင့်ဆန်း - ဟိုတယ်ခရီး/ အားကစား

ဦးကျော်စွာခိုင် - အမှတ် ၁ စက်မှု
ဦးစိုးသိန်း - အမှတ် ၂ စက်မှု

ဦးအောင်မင်း - ရထား ပို့ဆောင်ရေး
ဦးသန်းဋ္ဌေး - စွမ်းအင်

ဦးဇော်မင်း - အမှတ် ၁ လျှပ်စစ်
ဦးခင်မောင်စိုး - အမှတ် ၂ လျှပ်စစ်

ဒေါက်တာမြအေး - ပညာရေး
ဒေါက်တာဖေသက်ခင် - ကျန်းမာရေး

သူရဦးမြင့်မောင် - သာသနာရေး
ဦးအေးမြင့် - သိပ္ပံနှင့် နည်းပညာ

ဦးသိန်းညွန့် - သမ္မတရုံးဝန်ကြီး
ဦးစိုးမောင် - သမ္မတရုံးဝန်ကြီး

Comments