အာဏာပိုင်တို့ ဒုက္ခပေးခြင်းကို ရင်ဆိုင်နေရသည့် ဒေါ်ဘောက်ဂျာ
ဓာတ်ပုံသတင်း
မတ် ၂၅၊ ၂၀၁၁
ဦးမာခါး၊ ဦးခင်မောင်ဆွေ၊ ဒေါ်ဘောက်ဂျာ (photo: NDF)
မြေအသိမ်းခံရသည့် ကချင်ဒေသ တောင်သူများကို ကူညီနေသည့် ဒေါ်ဘောက်ဂျာသည် အာဏာပိုင်တို့ အမျိုးမျိုး ဒုက္ခပေးခြင်းကို ရင်ဆိုင်နေရသူဖြစ်သည်။ ဒေါ်ဘောက်ဂျာက ထိုခြိမ်းခြောက် တားဆီးမှုများအကြောင်းကို ILO သို့ တိုင်ကြားလိုက်ကြောင်း ယမန်နေ့က DVB သတင်းဌာနကို ပြောသည်။ "ရွာက အိမ်မှာလိုက်ပြီးတော့ မွှေ နှောက်တယ်။ ရဲတွေနဲ့ အိမ်တွေမှာ ည ၁ နာရီ ၂ နာရီ လာရှာတယ်၊ အဲဒါမျိုးတွေ အခုအချိန်အထိကို လုပ်ခံနေရတုန်း" ဟု ဒေါ်ဘောက်ဂျာက ရှင်းပြသည်။

Comments