Letter from Burma by Suu # 2

Keepers of Conscience
ယုံကြည်ချက် ထိန်းသိမ်းစောင့်ရှောက်သူများ
ဒေါ်အောင်ဆန်းစုကြည် (ဘာသာပြန်သူ - ဇာဝါရီ, မေရီလန်း)
မတ် ၂၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည် ဂျပန်သတင်းစာ မိုင်နီချီ (Mainichi Newspaper) ကို ပေးပို့ခဲ့တဲ့ မြန်မာပြည်မှ ပေးစာ ရဲ့  ဒုတိယဆောင်းပါး ဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ မိုးမခ စာချစ်သူများအတွက် ဆီလျော်သလို မြန်မာဘာသာ ပြန်ဆိုပေးလိုက်ပါတယ်။ အကြောင်းအမျိုးမျိုး မအားလပ်မှုကြောင့် ချက်ချင်းဘာသာပြန် မလုပ်နိုင်ခဲ့ပါ။
Is the story of Pinocchio still popular with children?
ကမ္ဘာကျော် ပိင်နိုကီရို* ပုံပြင်လေးကို ယနေ့အချိန်အထိ ခလေးတွေ နှစ်သက်နေကြတုန်းပဲလား?
It is when such questions arise in my mind that I am made acutely aware of the peculiar gaps in my contact with the outside world.
ဒီလိုမေးခွန်းတွေ ကျမစိတ်ထဲ ဖြစ်ပေါ်လာတာကို သတိထားမိတာကတော့ ကျမ ပြင်ပကမ္ဘာနဲ့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ အဆက်ပျက်တောက် နေခဲ့ရတဲ့အကြောင်းကနေ ဖြစ်ပေါ်လာတဲ့ သိချင်စိတ်ဖြစ်တယ်။
Had I been in constant touch with my grandchildren or even with other people's grandchildren over the years, I would have known the answers.
တကယ်လို့ ကျမအနေနဲ့ ကျမမြေးကလေးတွေ ဒါမှမဟုတ် တခြားသူတွေရဲ့  မြေးကလေးတွေနဲ့ အမြဲဆက်သွယ်မှု ရှိနေမယ်ဆိုရင် ဒီမေးခွန်းရဲ့  အဖြေကို ကျမသိနေပါလိမ့်မယ်။
Fortunately a few days after Pinocchio had floated into my head, I had a meeting with the children of the United States Embassy staff in Rangoon.
ဒီ ပိင်နိုကီရို ကလေးအကြောင်း ခေါင်းထဲမှာ တဝဲဝဲလယ်လယ် ဖြစ်နေခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ကံကောင်းထောက်မစွာနဲ့ ရန်ကုန်မြို့  အမေရိကန်သံရုံးဝန်ထမ်းတွေရဲ့  ခလေးတွေနဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်။
The oldest was around twenty while the youngest was a three month old Japanese-American baby boy whose sleeping face had a pout of concentration that made him resemble a Sumo wrestler planning his next mountain shaking move.
အကြီးဆုံးက အသက်နှစ်ဆယ် ပတ်ဝန်းကျင်လောက်ဖြစ်ပြီး အငယ်ဆုံးလေးမှာ သုံးလသားရွယ် ဂျပန်-အမေရိကန် ပူးတူတူးသားငယ်လေးဖြစ်တယ်။ သူကလေးရဲ့  အိပ်ပျော်နေတဲ့ စူပုတ်ပုတ် မျက်နှာကလေးဟာ တောင်ကြီးတွေကို တောင် တုန်ခါသွားမယ့် ရွေ့ လျားမှုမျိုး ပြင်ဆင်နေတဲ့  ဂျပန် ဆူမို နပန်းသတ်သမားနဲ့ တူနေတယ်။
Among the in-betweens were a fair number who were acquainted with Pinocchio through the Walt Disney Film.
သူတို့လေးတွေအထဲ အများစုကတော့ ဝေါလ်ထ် ဒစ္စနီ ရုပ်ရှင်မှတဆင့် ပိင်နိုကီရို ဇာတ်လမ်း ကို သိကျွမ်းရင်းနှီးနေကြတယ်။
Most of them thought Jiminy Cricket was the most interesting character in the story.
အများစုကတော့ ဂျင်မီ ခရစ်ကတ် က ဇာတ်လမ်းရဲ့  အထူးစိတ်ဝင်စားစရာ အကောင်းဆုံးဇာတ်ကောင်လို့ ထင်မြင်ကြတယ်။
This pleased me as the main reason for my sudden recall of the Pinocchio story was the top-hatted, umbrella-toting cricket rather than the puppet brat.
သူတို့ ထင်မြင်ချက်က ကျမကို ကျေနပ်ဝမ်းမြောက်စေတယ်။ တကယ်တော့ ပိင်နိုကီရို အကြောင်း ကျမ ရုတ်တရက် အမှတ်ရစေတဲ့  အဓိက အကြောင်းရင်းကတော့ လူဆိုးရုပ်သေးလေး ပိင်နိုကီရို ထက် ဦးထုပ်ရှည်ဆောင်၊ ထီးကောက်ရှည် ကိုင်ဆောင်ထားတဲ့ ပုရစ် ဇာတ်ကောင်းကလေး ဂျင်မီ ခရစ်ကတ် ကြောင့်ဖြစ်တယ်။
Looking back across years of politically shaped thought and action, the children's story appears as a simple illustration of the fact that without a conscience, human beings are no more than mere puppets manipulated by their fears, their desires, their ignorance, and by those whom they have chosen to be their masters.
နှစ်ပေါင်းများစွာကာလအတွင်း နိုင်ငံရေးအရ ပြောင်းလဲခဲ့တဲ့ အတွေးအခေါ်၊ လှုပ်ရှားမှုတွေကို ပြန်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်း ဖော်ပြထားတဲ့ ခလေးတွေရဲ့  ပုံပြင်က လူသားတွေဟာ အသိတရား၊ ယုံကြည်ချက် ကင်းမဲ့နေကြမယ်ဆိုရင် ရုပ်သေးရုပ်တွေမျှ ကြောက်စိတ်တွေ၊ လိုချင်တက်မက်စိတ်တွေ၊ မိုက်မဲမှုတွေ နဲ့ သူတို့ ရွေးချယ်လိုက်တဲ့ ရုပ်သေးဆရာ အရှင်သခင်တို့ရဲ့  ကြိုးဆွဲရာ ခြယ်လှယ်ခိုင်းစေခြင်းကို ခံရတော့တယ်။
It thus becomes most appropriate that thinking beings who have chosen to give up their physical liberty that they might be better able to defend the universal right to freedom of belief and expression should be designated prisoners of conscience.
ဒါကြောင့် စဉ်းစားတွေးခေါ်ဥာဏ်ရှိသူ လူပုဂ္ဂိုလ်များကတော့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အဆုံးရှုံးခံပြီးတော့ လူသားများ ရသင့်ရပိုင်ခွင့်များဖြစ်တဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ပြောဆိုခွင့် ဆိုတာတွေကို ခုခံကာကွယ် တောင်းဆိုနေကြခြင်းဖြစ်တယ်။ ဒီလို စွန့်လွှတ်လုပ်ဆောင်သူ ပုဂ္ဂိုလ်တွေကို ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူများလို့ ဂုဏ်ပြုခေါ်ဆိုခြင်းက လျော်ကန်သင့်မြတ်ပါပေတယ်။
These men and women who have submitted their bodies to a comfortless, sometimes cruel, confinement over long years that they and their fellow citizens might exist in honour and dignity are also the keepers of our collective conscience.
သူတို့တတွေရဲ့  နိုင်ငံသူနိုင်ငံသားများ ဂုဏ်သရေရှိရှိ၊ သိက္ခာရှိရှိ နေနိုင်ရေးအတွက် သူတို့ ကိုယ်ခန္ဓာတွေကို ကိုယ်စိတ်နှစ်ပါး ဒုက္ခဆင်းရဲမှု နဲ့ သက်တောင့်သက်သာမရှိ၊ တခါတရံ ညှဉ်းပန်းနှိပ်စက်ခံ၊ နှစ်ပေါင်းများစွာ ချုပ်လှောင်ခံပြီး စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်ကြတယ်။
There remain in the jails of Burma over two thousand two hundred political prisoners of whom barely twenty are known by name to the world at large.
မြန်မာနိုင်ငံ အကျဉ်းထောင်များစွာထဲမှာ နိုင်ငံရေးသမား နှစ်ထောင်ကျော် အကျဉ်းကျခံနေရပေမယ့် ကမ္ဘာ့မြင်ကွင်းမှာတော့ အကျဉ်းသား အယောက် နှစ်ဆယ် အမည်တွေကိုပဲ သိကြပါတယ်။
The more than two thousand who remain anonymous are our unknown soldiers, the unsung heroes and heroines who have worked quietly to keep the movement for democracy strong and vital.
လူအများ မသိကြတဲ့ ဒီ မထင်မရှား နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကတော့ ကျမတို့ရဲ့  အာဂ အမျိုးသား၊ အမျိုးသမီး သူရဲကောင်း၊ အရေးတော်ပုံသမားတွေ ဖြစ်ကြပြီး သူတို့တတွေဟာ ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုကြီး ရှင်သန်ခိုင်မာရေးအတွက် မဆုတ်မနစ် ခံယူချက်တွေနဲ့ ဆက်လက်သယ်ဆောင်နေကြသူများ ဖြစ်ကြတယ်။
On 4 January 2011, the Sixty Third Anniversary of Burma's Independence from colonialism, the National Leagues for Democracy arranged a random draw of the names of political prisoners by those who were willing to take the responsibility of supporting them materially or morally as far as circumstances allowed.
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့မှာ မြန်မာပြည် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ ပြန်လည်လွတ်မြောက်ခဲ့တဲ့ (၆၃) နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီနေ့ အခမ်းအနားမှာ ထောင်တွင်းအကျဉ်းကျခံနေကြတဲ့ နိုင်ငံရေးသမားများအား ငွေကြေးပစ္စည်း အထောက်အပံ့ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီလုပ်ကိုင်လိုသူများကို နိုင်ငံရေးအကျဉ်းသမားများ အမည်ပါ ကံစမ်းမဲနှိုက်စေပြီး ကူညီထောက်ပံ့သူများ ရွေးချယ်တဲ့ အစီအစဉ်တခုကို ပြုလုပ်ခဲ့တယ်။
The young man who fell to my lot was one of the unknown soldiers.
ကျမ မဲပေါက်ရရှိတဲ့ လူငယ်ကလေးတဦးက လူသူမသိ မထင်မရှား အရေးတော်ပုံသမားတယောက် ဖြစ်တယ်။
He had been arrested in 2007 for attempting to pray for the release of political prisoners at the Shwedagon Pagoda.
သူက ၂၀၀၇ ခုနှစ် ရွှေတိဂုံဘုရားမှာ နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေး မေတ္တာပို့ဆုတောင်း ကြိုးပမ်းလှုပ်ရှားမှုမှာ အဖမ်းခံရသူဖြစ်တယ်။
Many of the young people who had all been involved in the prayer movement were now scattered in prisons across Burma but he was relatively fortunate as he was at Insein Jail, not too far away from his home.
အဲဒီ မေတ္တာပို့ဆုတောင် လှုပ်ရှားမှုမှာ အဖမ်းခံရသူ တော်တော်များများဟာ တနိုင်လုံးမှာရှိတဲ့ အကျဉ်ထောင်စခန်း အသီးသီးမှာ တကွဲတပြား ပြန့်ကျဲနေကြပေမယ့် သူ့ကတော့ ကံကောင်းထောက်မစွာနဲ့ သူ့အိမ်နဲ့ မနီးမဝေး အင်းစိန်ထောင်မှ ကျခံနေရတယ်။
Preparing the food parcel to be sent to him was a reminder of the abstemious conditions under which our comrades in jail have to pass their days.
သူ့အတွက် ပို့ပေးဖို့ စားစရာများ ပြင်ဆင်လုပ်ကိုင်နေရင် အစားအသောက်ချို့ တဲ့ ဒုက္ခဆင်းရဲမှုများစွာနဲ့ ရက်ပေါင်းများစွာ အကျဉ်းထောင်ထဲ ချုပ်နှောင်ခံနေရတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရဲဘော်မိတ်ဆွေများရဲ့  အခြေအနေကို အမှတ်ရနေမိတယ်။
There are many simple ways in which prisoners of conscience act as the keepers of our conscience.
ယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရသူတို့အဖို့ ရိုးရိုးရှင်းရှင်း နည်းလမ်းများစွာဖြင့် အသိတရား၊ ယုံကြည်ချက် ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ရပ်တည်လုပ်ဆောင်ကြတယ်။
When I was under house arrest, I made a habit of having breakfast quite late so that in my hunger I would not forget our comrades who were incarcerated not in their own homes but in jails, often in places far distant from where their families lived.
ကျမ နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလမှာ မနက်စာကို အမြဲတမ်း အနည်းငယ်နောက်ကျပြီး စားတဲ့အကျင့်တခု ပြုကျင့်ခဲ့တယ်။ အကြောင်းက ကျမ ဆာလောင်မှု ဖြစ်လာတဲ့အခါမှစားရင် မိမိတို့ ကိုယ်အိမ်ကိုယ်ယာမှာလို မဟုတ်ဘဲ မိသားစုနဲ့ ခွဲခွါ၊ ဝေးလံခေါင်းပါးဒေသတွေမှာ အကျဉ်းကျခံနေရတဲ့ ရဲဘော်မိတ်ဆွေများကို မမေ့နိုင် အမှတ်ရလာတယ်။
I knew they would not only be much hungrier than I was but would also be obliged to make do with the meagre and tasteless rations that would be meted out to them.
ကျမ သိပါတယ် - သူတို့အနေနဲ့ ကျမထက်များစွာ ဆာလောင်ကြသည်အပြင် မစို့မပို့ နုံနုံချာချာ၊ အရသာမရှိတဲ့ အစာအစားတွေကိုလည်း စားသောက်နေကြရတယ်။
It renewed my commitment to our cause and refreshed my respect and affection for my colleagues on a daily basis. The most wonderful thing about our keepers of conscience is their extraordinary spirit and dedication.
ဒီလို လုပ်ဆောင်ခြင်းက ကျမအဖို့ နေစဉ်နဲ့အမျှ လုပ်ဖော်ကိုင်ဖက် ရဲဘော်မိတ်ဆွေများအပေါ် လေးစားချစ်ခင်မှုတွေ ပြန်လည်ဖြစ်စေပြီး အထူးသဖြင့် သူတို့တတွေရဲ့  အံ့မခန်းလုပ်ရပ်က ယုံကြည်ချက်ကို ထိန်းသိမ်းစောင့်ရှောက်သူများရဲ့  မြင့်မြတ်တဲ့စိတ်ဓါတ် နဲ့ သစ္စာစောင့်သိမှု တို့ဖြစ်တယ်။
During the two days before our independence anniversary celebrations, we held a charity bazaar to raise funds for political prisoners.
လွတ်လပ်ရေးပွဲ မတိုင်မီ နှစ်ရက် အလိုမှာ ကျမတို့ နိုင်ငံရေးအကျဉ်းသမားများ ပံ့ပိုးကူညီစောင့်ရှောက်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတခု လုပ်ခဲ့ကြတယ်။
Among the varied articles on sale were works of art of considerable ingenuity and talent sent in by our jailed comrades.
ရောင်းချတဲ့ပစ္စည်းတော်တော်များများဟာ အကျဉ်းထောင်အတွင်းမှ ပေးပို့လာတဲ့ ကျမတို့ ရဲဘော်တွေရဲ့  ဖန်တီးလုပ်ကိုင်ထားတဲ့ အနုပညာလက်ရာတွေ ဖြစ်ကြတယ်။
There were a number of collage works painstakingly put together from hundreds and thousands of tiny slivers of paper of different kinds. The end products were vivid pictures of birds, dancers and flowers.
အဲဒီမှာ ရာထောင်ပေါင်းများစွာသော ပုံစံအရွယ်အမျိုးမျိုး ငွေစက္ကူစကလေးတွေကို ပေါင်းစပ်ဖြတ်ညှပ်ကပ်ပြီး ပင်းပင်းပန်ပန်၊ အသေးစိတ် ဖန်တီးပြုလုပ်ထားတဲ့ စက္ကူရုပ်ပုံကားချပ်များဖြစ်တယ့် တောက်ပသစ်လွင်နေတဲ့ ရောင်စုံ ငှက်ကလေးများ၊ ကခြေသည်များ နဲ့ ပန်းပွင့်ပုံများ ဖြစ်ကြတယ်။
It was a clear declaration that if the spirit is strong, there is no limit to what it can achieve and that those who seem least fortunate can prove to be our teachers and benefactors.
ဒါက စိတ်ဓါတ်ခွန်အား ခိုင်မာမှုရှိရင် အောင်မြင်မှုဆိုတာ အတားအဆီးမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကြေညာဖော်ထုတ်လိုက်ခြင်းဖြစ်တယ်။ အမြင်အားဖြင့် ကံခေကြတယ်လို့ ထင်ရတဲ့ သူတို့တတွေဟာ ကျမတို့ရဲ့  ရှေ့ ဆောင်လမ်းပြ (ဆရာ၊ ဆရာမ) တွေ၊ ကျေးဇူးရှင်တွေ ဖြစ်ကြတယ်။
I have often received the most exquisite gifts from colleagues in prison.
မကြာခဏဆိုသလို ထောင်တွင်းအကျဉ်းကျနေတဲ့ လုပ်ဖော်ကိုင်ဖက်များထံမှ အလွန်လှပ ကောင်းမွန်တဲ့ လက်ဆောင်တွေကို ကျမလက်ခံ ရရှိလေ့ရှိတယ်။
Statuettes, model animals and toys intricate ly carved from wood or soap or wax; strings of prayer beads and shopping bags woven from strips of plastic; a piece of cloth beautifully embroidered with symbols of freedom, justice and peace, love, harmony and unity, perseverance and hope, all done by our women political prisoners.
သစ်သား၊ ဆပ်ပြား၊ ဖယောင်းတို့နဲ့ ပြုလုပ်ထားတဲ့ တိရစ္ဆာန်ရုပ်ကလေးများ၊ ကလေးကစားစရာ ရုပ်လေးများ၊ စိတ်ပုတီးများ၊ ပလစ်စတစ်စတွေနဲ့ ရက်လုပ်ထားတဲ့ ဈေးဝယ်အိတ်များ၊ လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ ငြိမ်းချမ်းရေး၊ ချစ်ခင်မှု၊ သဟဇာတရှိခြင်း၊ စည်းလုံးညီညွတ်မှု၊ ကြံ့ခိုင်မှု နဲ့ မျှော်လင့်ချက် စတဲ့ စာတန်း စကားလုံးများကို လှလှပပ ပန်းထိုးထားတဲ့ ပိတ်စတွေအားလုံးကို ယုံကြည်ချက်နဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသမား အမျိုးသမီးတွေက ဖန်တီးလုပ်ကိုင်ထားကြတယ်။
Skillfully and delicately worked into each embroidery were the unwavering hopes and aspirations that our women were holding out to those of us who were actually in far easier circumstances than they were.
မပြောင်းမလဲ ခိုင်မာသော မျှော်လင့်ချက်များ၊ ဆန္ဒရည်မှန်းချက်များကို ကျွမ်းကျင်လိမ္မာစွာ အနုစိတ် ထိုးချယ်ထားတဲ့ ပန်းထိုးချည်ထိုးထည်တခုစီက ကျမတို့ကို မျှော်လင့်ချက် ခွန်အားတွေပေးနေပေမယ့် တကယ်တော့ ကျမတို့တတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေများက သူတို့တတွေထက် အများကြီး သက်တောင့်သက်သာ ရှိလှပါတယ်။
This is why the image of Jiminy Cricket with his colorful, dandified clothes and innate chirpiness seems to me an appropriate representative of conscience.
ဒါကြောင့် တောက်ပသစ်လွှင်သော ရောင်စုံဝတ်စုံလေးနဲ့ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ သဏ္ဍာန်ရှိနေတဲ့ ဂျင်မ်မီ ခရစ်ကတ် ကလေးက အသိတရား၊ ယုံကြည်ချက် ကိုယ်စားပြုနေသူများအသွင်လက္ခဏာ ရှိနေတယ်။
The keepers of our conscience are cheerful, colourful, and inventive and most of all, they are creators of comfort in spite of the comfortless lives they themselves have to lead.
အသိတရား၊ ယုံကြည်ချက် ထိန်းသိမ်းစောင့်ရှောက်သူ ကျမတို့တတွေဟာ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ၊ အားမာန်အပြည့်၊ စိတ်ကူးသစ် ရှိကြသူတွေ ဖြစ်ကြပြီး ကိုယ်တိုင် သက်တောင့်သက်သာမရှိတဲ့ ကြမ်းတမ်းတဲ့ဘဝကို ဦးတည်လျှောက်လှမ်းသွားနေကြပေမယ့် အများ ဘဝပျော်ရွှင်ချမ်းမြေ့နိုင်ရေး၊ ငြိမ်းချမ်းလှပစွာ နေထိုင်ရေးအတွက် ဖန်တီးစွမ်းဆောင်နေကြသူများ ဖြစ်ကြတယ်။
မူရင်း ~ မိုင်နီချိ (Mainichi) ဂျပန်သတင်းစာ ပေးစာကဏ္ဍ (မြန်မာပြည်မှပေးစာများ၊ ဖေဖေါ်ဝါရီ ၂၀၁၁)
http://mdn.mainichi.jp/perspectives/news/20110206p2a00m0na002000c.html
* အီတလီစာရေးဆရာကြီး ကာလ်လို ကိုလ်လိုဒီ (Carlo Collodi) ၁၈၈၃ ခုနှစ်မှာ ရေးခဲ့တဲ့ ပိင်နိုကီရို စွန့်စားခန်းများ (The Adventures of Pinocchio) ကလေးပုံပြင်စာအုပ် - အီတလီနိုင်ငံ ရွာလေးတရွာက သစ်သားရုပ်ထု ပန်းပုဆရာကြီး ဂပ်ပတ်တို (Geppetto) နဲ့ သူဖန်တီးထုလုပ်လိုက်တဲ့ သက်ရှင် သစ်သားရုပ်ထု ပိင်နိုကီရို သစ်သားရုပ်ကလေးအကြောင်း ဖြစ်တယ်။ ပိင်နိုကီရို ဇာတ်ကောင်ကလေးရဲ့  သဘာဝက လိမ်ညာပြောဆိုတက်သူ၊ ပုံကြီးချဲ့  ကြွားဝါပြောဆိုတက်သူ၊ အဖြီးအဖြန်း ဇာတ်လမ်းတွေ ပြောဆိုတက်သူ ဖြစ်တယ်။ သူလိမ်ညာပြောဆို ကြွားဝါတဲ့အခါ သူ့နှာခေါင်းကလေး ရှည်ထွက်လာတော့တယ်။ နိုင်ငံအတော်များများက ဘာသာပြန်၊ ဇာတ်လမ်းတူများ ထုတ်ဝေခဲ့ကြတယ်။ ၁၉၄၀ မှာ အမေရိကန်နိုင်ငံ ဝေါလ်ထ် ဒစ္စနီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဦးဆုံးအကြိမ် ကာတွန်းရုပ်ရှင်အဖြစ် ထုတ်လွှင့်ပြသခဲ့ပြီး အမြဲတမ်း ရွှင်ပြတက်ကြွပြီး အကောင်းမြင်စိတ်ရှိတဲ့ ဂျင်မီ ခရစ်ကတ် (ပုရစ်ကောင်) ဇာတ်ကောင်ကလေးကိုလည်း ပိင်နိုကီရို ရဲ့  အဖော်အဖြစ် အဓိကဇာတ်ကောင်တဦးအနေဲ့ ထည့်သွင်း တင်ပြခဲ့တယ်။ နောက်ပိုင်း ပုံစံသစ်များနဲ့လည်း ကာတွန်းရုပ်ရှင်များကို ထုတ်လုပ်ခဲ့ပါတယ်။ မိမိကိုယ်တိုင် တခါမှ မကြည့်ဘူးသေး၊ မိမိသားသမီးလေးတွေကိုလည်း ပြသချင်ရင်တော့ ဗွီဒီယိုအငှားဆိုင်၊ စာကြည်တိုက်တွေကနေ ငှားရမ်းကြည့်နိုင်ပါတယ်။

Comments