မိုးခ Morekha ပန်းချီ ပြခန်း ပြောင်းရွှေ့ဖွင့်လှစ်
မိုးယံမခ။ ရန်ကုန်၊ ဧပြီ ၁၊ ၂၀၁၁
ယမန်နေ့ ညနေ ၅း၃၀ နာရီ အချိန်က မိုးခ Morekha ပန်းချီ ပြခန်း ပြောင်းရွှေ့ ဖွင့်လှစ်တဲ့အကြောင်း အသိပေးတဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ပြခန်းတည်ရှိရာ အမှတ် ၃၄၊ စမ်းရေတွင်းလမ်း၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဗဟန်းမြို့နယ် မှာ ကျင်းပခဲ့ပါတယ်။
ပြခန်းပိုင်ရှင် ကိုဘိုဘိုဦးက ပြောင်းရွှေ့ ဖွင့်လှစ်ရတဲ့ အကြောင်းရင်းနဲ့ ဆက်လက်ပြသမယ့် ပန်းချီပြပွဲများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ ပါတယ်။
ဆရာဆန်နီငြိမ်းက မိုးခ Morekha ပန်းချီ ပြခန်းမှာပြသခဲ့တဲ့ ပန်းချီပြပွဲများ အကြောင်းနဲ့ လက်ရှိမြန်မာ့ပန်းချီလောက အခြေအနေများကို ပြောကြားခဲ့ ပါတယ်။
တက်ရောက်လာကြတဲ့ စာရေးဆရာ၊ အနုပညာသမား၊ စာနယ်ဇင်းဆရာများ မှ အမှတ်တရစကားများ ပြန်လည်ပြောကြားခဲ့ကြပြီး အစားအသောက်များနှင့် ဧည့်ခံခဲ့ကာ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရင်းနှီးနွေးထွေးစွာ ကျင်းပခဲ့ပါတယ်။
Comments