competitions, tattoo and vice president

အစားပြိုင်ပွဲ၊ အလှပြိုင်ပွဲ၊ ဒုသမ္မတ နဲ့ ဆေးမင်ကြောင်
ဓာတ်ပုံသတင်း
ဧပြီ ၄၊ ၂၀၁၁ ယမန်နေ့က ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ကွင်းတွင် ပြုလုပ်သော Mr. Summer ကာယအလှမောင်ပြိုင်ပွဲ (AP photo)

ဧပြီ ၁ ရက်နေ့က ရန်ကုန်မြို့ ကုန်တိုက်တခုရှိ အစားပြိုင်ပွဲတွင် အစွမ်းကုန် ကြိုးပမ်းနေသူတဦး (Getty Images)
AFP သတင်းဆောင်းပါးတပုဒ်တွင် ငယ်စဉ်က မျက်နှာအနှံ့ ဆေးမင်ကြောင် ထိုးထားသော ချင်းဒေသမှ မထွေးအကြောင်းကို ဓာတ်ပုံ ၂ပုံနှင့်တကွ ဖော်ပြထားသည်။ ယခုအခါ ထိုဒေသမှ အမျိုးသမီးငယ်များတွင် ထိုဓလေ့ မရှိတော့ဟု ဆိုသည်။



ယနေ့ သတင်းစာများသည် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ရှိနေသည်။ ၂ ရက်နေ့က ဒုသမ္မတ တာချီလိတ်သို့ သွားပြီး ငလျင်ဒုက္ခသည်များနှင့် တွေ့ဆုံသည့် သတင်းဖြစ်သည်။

ကမ္ဘောဇ၊ ရွှေသံလွင်၊ အေးရှားဝေါလ်၊ အောင်ချမ်းသာ၊ နောင်တုံ စသည့် ကုမ္ပဏီ ၅ ခုတို့က ထိုဒေသနှင့် ငလျင်ဒဏ်ခံလိုက်ရသူများအတွက် သိန်း ၄၆၀၀ ကျော် လှူဒါန်းသည်ဟု ဆိုသည်။

ပျက်စီးသွားသော ဆေးရုံ၊ ကျောင်း စသည့် အဆောက်အအုံတချို့ကို ထိုကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ် လှူဒါန်းမည်ဟု သတင်းစာက ဆိုသည်။


Comments