KBZ bank, strange house, fire in MonYwa and journal pieces

ဗိုလ်မောင်အေးနဲ့နွယ်တဲ့ဘဏ်၊ အိမ်ထူးအိမ်ဆန်း၊ ချယ်ရီဦး၊ မုံရွာမီး
အဝေးကြည့်မှန်ပြောင်း(ရန်ကုန်)
ဧပြီ ၁၃၊ ၂၀၁၁

အခုတလောမှာ ကမ္ဘာတလွှား ထူးခြား ဆန်းကျယ် ရင်နင့်ဖွယ်တွေ ဆက်တိုက် ဆိုသလို ကြုံနေကြရပါတယ်။ လူတွေရဲ့အာရုံတွေ ထွေပြားလို့ တုန်လှုပ် ခြောက်ခြား ကမောက်ကမများလဲ ဖြစ်နေကြချိန်ပေါ့။ ဂျာနယ်တွေ ဖတ်ရသမျှ သတင်းတွေ ထပ်လွန်းလှလို့ ဘယ်ဟာ ရွေးရမှန်း မသိလောက်အောင် အကြောင်းအရာတခုကို စုပြုံ ရေးသားကြတာ သတိထားမိလာရပါတယ်။ ဘယ်ဂျာနယ်ကြည့်ကြည့် ဒါဘဲ လို့ ပြောရမတတ်ပါ။ ရေးသား ထုတ်ဝေခွင့် ဘောင်ကျဉ်းတာလဲ တခု အပါအ၀င် ဖြစ်ပေမယ်။ ဒီတော့ ရွေးနုတ်တင်ပြလို့ရမယ်လို့ ထင်ရတဲ့ သတင်း အနည်းအကျဉ်းလောက်ကိုဘဲ စာဖတ်သူတွေဆီ အရောက် ပို့နိုင်ပါတော့တယ်။ သီးခံ ဖတ်ကြည့်ကြပါခင်ဗျာ။

Venus ဂျာနယ် (မတ်လ ၃၁)
ကမ္ဘောဇဘဏ်သတင်း
ဗိုလ်ချုပ်ကြီးမောင်အေး ရဲ့ ကျဆုံးမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ကောလာဟလတို့ရဲ့ နောက်ဆက်တွဲ ဂယက်ပေါ့လေ။ ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေက အသေအလဲ ရှင်းနေကြလေရဲ့။ ဆရာကျောင်း ဆိုတာကို ဂုဏ်ထူး ၀ိသေသနတွေ ဖေါ်ထုတ်ပြီး အတင်း ပွဲထုတ်ထားတဲ့ အထဲမှာ မောင်အေး သမီးကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာ ကျူရှင်ဆရာ ဆိုတာတော့ ထည့်သွင်း ဖေါ်ပြထားတာ မတွေ့ရပါဘူး။ ဒီလိုပါဘဲလေ နီးစပ်ရာ ကြီးပွါးတဲ့ ခေတ်ကြီးမှာ ကျဆုံးမှု ဆိုတာကလဲ အာဏာနဲ့ရော စီးပွါးရေးပါ ပေါင်းလာရင် အရှိန် ပြင်းတတ်ပါတယ်။ သဗ္ဗေသတ္တာကမ္မသကာ ဆိုတဲ့ ဥပေက္ခာစိတ်ကလေးနဲ့ စောင့်ကြည့်ကြပါစို့။
Venus ဂျာနယ် (မတ်လ ၂၄၊ ၃၁)
(သစ်တောတွေ ဘာကြောင့် ပြုန်းတီးရသလဲ သစ်တော ပြုန်းတီးမှုကို ဘယ်လိုလျှော့ချမလဲ။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးသူများ၏ ပစ္စည်းလက်ခံ ဆိုသည်မှာ။ ၀ိသမသမားတို့၏ တကိုယ်ကောင်းဆန်မှုကြောင့်)
သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေကို ဗီးနပ်စ်က နှစ်ပတ်ဆက်တိုက် တင်ဆက်လာပါတယ်။ ဖြစ်သင့်တာမို့ လေးမြတ်စွာ ကြိုဆိုပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ ကျယ်ပြန့်လှတဲ့ ခေါင်းစဉ် အောက်မှာ သစ်တော ထိန်းသိမ်းရေး ဆိုတာ မြန်မာနိုင်ငံရဲ့ အဓိက တာဝန်ပါ လို့ ပြောရင် လက်ခံကြမယ် ထင်ပါတယ်။ အခုလဲ သတင်းလိုတမျိုး ဆောင်းပါးလို တသွယ် တင်ပြထားတာလေးတွေများ လူသားတာဝန် နဲ့ အသိစိတ်ဓာတ် ethics ကို မီးမောင်း ထိုးပြနေသလိုမို့ ဖတ်ကြည့်၊ နားလည်၊ စောင့်ထိန်းသူ များသထက် များလာစေချင်တာက အခု သတင်းတွေကို တင်ပြရတဲ့ အကြောင်းရင်းလေးပါ။

Venus ဂျာနယ် (မတ်လ ၃၁)
ကမာရွတ် လှည်းတန်းက အိမ်တအိမ်ရဲ့ ဖြစ်ရပ်ဆန်း
မကြုံဖူးတဲ့ မကြားဖူးတဲ့သူများအတွက်.. ထူးပေ ဆန်းပေသည်လို့ အော်ကြရမယ် ထင်ပါတယ်။ ယုံဖို့လည်းခက် ဖြစ်နေတာလဲ အမှန်ဆိုတော့၊ စုံထောက်မောင်စံရှားတို့ အလွတ်စုံထောက် တင်မောင်ဆွေတို့ ရှားလော့ဟုမ်း တို့ကို ငှားရမ်းရ တော့မတတ် ဖြစ်နေလေရဲ့။ ပုဏ္ဏက တိုက်တယ်ဆိုတာလဲ စာရေးသူက လုံးဝ မမြင်ဘူး မသိဘူးတာ ဖြစ်နေပြန်တယ်။ ဒီတော့ အထူး အဆန်းလို့သဘောထားပြီးဖတ်ကြည့်ကြပေရော့ဗျာ။ ဒီသတင်းက ဂျာနယ် အတော်များများမှာ ပါနေတဲ့ သတင်းမို့ အရောင် စုံတာလေး ရွေးတင်လိုက်ပါတယ်။
Venus ဂျာနယ် (မတ်လ ၃၁)
မုံရွာက မီးသတင်းပါ။ သတင်းထဲမတော့ ဘယ်သူ့ကိုမှန်း အတိအကျ မရေးဘဲ ပုဒ်မ ဘယ်လောက် ဆိုလားနဲ့ အရေးယူထားသတဲ့။ အင်း.. ဖယောင်းတိုင်မီးက စတယ် ဆိုတယ်လေ။ ဇစ်မြစ်ကိုတော့ စဉ်းစားဖို့ လိုတာပေါ့။ ခုတလော မီးလောင်ရင် ဓာတ်ဆီ ထည့်ရင်းတို့ မီးခွက် တို့ ဖယောင်းတိုင် တို့ ၀ါယာရှော့တို့ ခေါင်းစဉ်တွေ စီလို့ပါဘဲ။ မီးကြွင်းမီးကျန် ဆိုတာ မကြားရသလောက်ပါဘဲ။ ဘာကြောင့်လဲ တကယ် တရားစွဲရမှာက ဘယ်သူ့ကိုလဲ။ စာရေးသူကတော့ ဥပဒေကြောင်းအတိုင်း သွားမယ် ဆိုရင်.. ခုလို ပွင့်လင်းတဲ့ အစိုးရသစ် လက်ထက်မှာ အမှန်တကယ် တရားစွဲရမဲ့သူတွေဟာ မီး ပုံမှန် လာအောင် ဆောင်ရွက်မပေးနိုင်တဲ့ လျှပ်စစ်စွမ်းအား ၀န်ကြီးနဲ့ ဓာတ်ဆီ မှောင်ခိုရောင်းရတဲ့ ဘ၀ -တခြားတိုင်းပြည်တွေက ဒါမျိုး သိပ် မသိဘူးခင်ဗျာ- ရောက်အောင် တိုင်းပြည်ကို မွဲပြာကျအောင် စနစ်တကျ စီမံ ဆောင်ရွက်ခဲ့တဲ့ နအဖ အစိုးရဟောင်းခင်ဗျ။ သဘော တူပါသလား.. ဟဲဟဲ သဘောတူရင် ဆက်ဖတ်ဗျာ..။
News Watch ဂျာနယ် (မတ်လ ၃၀)
ချယ်ရီဦးနာရီဆိုင်သတင်း
အစိုးရသစ် လက်ထက်မှာ အနုပညာ၊ အားကစား အပါအ၀င် ဂျာနယ်..မဂ္ဂဇင်း အမျိုးအစား ၆ ခု စီစစ်ရေး တင်ပြရန် မလိုအပ်တော့ဘဲ ထုတ်ဝေခွင့်ပြုမည် ဆိုတဲ့ သတင်း ဝေနေ လျှံနေတဲ့ အချိန်မှာ ထွက်လာတာပါ။ သတင်းသမားတွေ ပိုလို့ ပိုလို့ တာဝန် ကြီးလာတာကို သတိ ထားမိစေတဲ့သတင်းပါ..။ နောက်ဆို မီဒီယာနဲ့ လုပ်စားမဲ့ ရှေ့နေတွေ ကောင်းစားတော့မှာ... တရား စွဲခံရတဲ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ အများကြီး ဖြစ်လာတော့မှာ..။ သတိ.. သတိ ကိုယ့်လူတို့။

ပိုက်ဆံက ဘာမှ ရတာမဟုတ်။ စားစရာမရှိ လျော်စရာတော့ ရှိရမဲ့ ဇာတ်လမ်းတွေ မကြားရရင် အတော် ကောင်းမှာနော်။

တခြား ဖတ်စရာများ


News Watch ဂျာနယ် (မတ်လ ၃၀)


Venus ဂျာနယ် (မတ်လ ၃၁)


News Watch ဂျာနယ် (မတ်လ ၃၀)

Comments