အဖြေ
ကျော်သူ
ဧပြီ ၂၇၊ ၂၀၁၁
၂၃.၄.၂၀၁၁ စနေနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနားအား နံနက် ၉း၀၀ နာရီအချိန်တွင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုဖွင့်ပွဲ အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်စတင်၍ ကတ္တီပါအခန်းဆီး မျက်နှာပြင်အကွယ်မှ ပေါ်ပေါက်လာစဉ် ဘဘဦးသုခ၏ ကမ္ဘာပေါ်ရှိ မိခင်များ (အမေ)အား ဂုဏ်ပြု စကားသံတို့သည် အရပ်ရှစ်မျက်နှာတွင် လွှမ်းခြုံ၍ ပေါ်ပေါက်လာတော့သည်။
စကားသံဆုံးသည်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်ကလေးငယ်များ၏ “ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ် . . . ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့ တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ်” ဟူသော ခွဲမရတဲ့တွဲလက်များသီချင်းအား သံပြိုင်သီဆိုသံ တပြိုင်နက်ထွက်ပေါ်လာတော့သည်။
ကျွန်တော်တို့၏ လူမှုရေးစိတ်ဓာတ်အင်အားတို့သည် အသွေးအသားထဲ ဆူပွက်၍ လာပါတော့သည်။ ကျွန်တော်တို့ အဖွဲ့သားများအားလုံး ကြက်သီးမွှေးများ တပြိုင်နက်ထလာပါတော့သည်။ ကျွန်တော်တို့အဖွဲ့သား အားလုံး၏ ပီတိအပြုံးများအားလုံး လွှမ်းခြုံနေတော့သည်။ ဘဘဦးသုခ၏ သက်မဲ့ရုပ်ထု မျက်နှာပြင်သည်လည်း အသက်ဝင်နေသည့်အလား ကျေနပ်ပီတအပြုံးများဖြင့် လွှမ်းခြုံနေသည်ကို တွေ့မြင်လိုက်ရသည်။
သက်မဲ့ ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်အဘယ်ကြောင့် ပီတအပြုံးများ လွှမ်းခြုံနေသနည်း ? အောက်ပါပုံရိပ်များအား ကြည့်ရှုလေ့လာခြင်းဖြင့် ဤမေးခွန်း၏ အဖြေအား ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။
Comments