မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် ဦးကုသလရက္ခိ၏ မြန်မာနှစ်သစ်ကူး ကောင်းမှုအစီအစဉ်
မိုးမခရွာဆော်ကြီး ထပ်ဆင့်ဖြန့်ဝေသည်
ဧပြီ ၁၇၊ ၂၀၁၁
နှစ်စဉ် နှစ်တိုင်းမှာ ရခိုင်ပြည်က အဓိဋ္ဌာန်ဆရာတော်က နှစ်သစ်ကူးမှာ ပြုလုပ်သင့်တဲ့ ကုသိုလ်ကောင်းမှု အစီအစဉ်တခုခုကို ဒကာ၊ ဒကာမများထံ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ဆရာတော်ရဲ့ အဓိဋ္ဌာန်အစီအစဉ်တခုက အောက်ပါအတိုင်းဖြစ်ပါတယ်။ မိမိရဲ့ စိတ်သဘော၊ သဒ္ဒါရှိသည့်အတိုင်း ဆောင်ရွက်နိုင်ရန် ပြန်လည် တင်ပြလိုက်ပါတယ်။
နေ့ရက် - မြန်မာနှစ်ဆန်းတရက်၊ ဧပြီ ၁၇၊ ၂၀၁၁
အချိန် - နံနက် ၉ နာရီ
ဆုတောင်းရန် - “ဘေးဥပါဒ် အန္တရာယ်အပေါင်းမှ လွတ်မြောက် အောင်မြင်ပါစေ”
ဘုရားစင်တွင် ပြင်ဆင်ရန် - အောင်လံအနီရောင် ကိုးခု၊ ရေ ကိုးခွက်၊ အမွှေးတိုင် ကိုးတိုင်၊ ဆီးမီး ကိုးတိုင်၊ ဆွမ်း ကိုးခွက် ပေါက်ပေါက်ဆုပ် ကိုးခွက် (မြန်မာပြည်တွင်းဖြစ်ပါက - အုန်းလက် ကိုးရွက် နှင့် အစားထိုးပါ)၊ ပန်းအဖြူ ကိုးပွင့် ကို ကိုးရက် လုံးလုံး ဆက်ကပ်ထားရမည်။
ရွတ်ဆိုရန် - ဘဂ၀ါ ဂုဏ်တော်ကို ၁၀၈လုံး ပုတီးဖြင့် ကိုးပတ် စိတ်ပါ။ ကိုးရက် ဆက်တိုက် စိတ်ပါ။
ဆောင်ရွက်ရန် - သတ်သတ်လွတ် ၉ ရက် စားရန်၊ မစားနိုင်က နှစ်ဆန်းတရက်တွင် စားရန်။
မှတ်ချက် - နောက်ရက်များတွင် နံနက် ၉ နာရီ မပြုလုပ်နိုင်ပါက ညနေ ၉ နာရီတွင် အဓိဋ္ဌာန်ပြု ဆောင်ရွက်ရန် ဖြစ်ပါတယ်။
Comments