poem on Saya Par

“မောင်ကြီး … ဆရာပါ သို့”
မာမာအေး
ဧပြီ ၁၁၊ ၂၀၁၁


အို … ဆရာပါ … မောင်ကြီးပါ…၊
လွမ်းစရာပေါတဲ့
ဒီ … အမေရိကန်တောကလေးမှာ
အဆွေးကို ခ၀ါချ
မတွေးလိုပါမှ
ကြုံရတယ်နော်၊ ၊
ဓမ္မအဖေါ် စာဆိုတော်မိတ်
ပုဂံရိပ်သာ ‘ဣသိ’မှာပေါ့
ဧရာဝတီ … တန့်ကြည်တောင်တန်း
တချမ်းမြေ့မြေ့
တရားမွေ့တုန်း၊ စာသီမှုန်းကြ
နှစ်မ … မောင်ကြီး … မကြီး ‘ဆွေဦး’
တို့ သုံးဦးသား
ဘုရားလေးဆူ၊ ဖူးအတူလေ၊ ၊
တမြေဝေးလာ
အနေကြာလည်း
လွမ်းတာမဆန့်
တငံ့တခေါ်
ရွှေပြည်တော် မျှော်တိုင်းဝေးမို့
လက်ကလေးကြာမုံ
အာရုံနှင့်ဦးခိုက်
အမြိုက်ရှိရာ … ‘မောင်ကြီးပါ’ သွားနှင့်ပါနော်။ ။

မာမာအေး
၂၀၁၁၊ ဧပြီလ (၁၀)ရက်၊ တနင်္ဂနွေနေ့
မွန်းလွဲ - နှစ်နာရီခွဲ
ဖို့ဝိန်းမြို့

Comments