ပြည်သူလူထုကို ကိုယ်စားပြုသော လက်မှတ်ထိုးပန်ကြားလွှာ
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
ဧပြီ ၂၈၊ ၂၀၁၁
မြန်မာပြည်က ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့ ရွာတွေမှာ အထက်ပါလှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ယခု သတင်းကြားသိသလောက်က စင်္ကာပူက မြန်မာတွေစုရပ် ပလာဇာမှာ၊ မလေးရှားက မြန်မာတွေအချင်းချင်းကြားထဲမှာ လက်မှတ်ထိုးပန်ကြားလွှာ လှုပ်ရှားမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။ အခုမိုးမခသတင်းအရ အမေရိကန်ပြည်ထောင်စုက မြို့နယ်တွေကလည်း နီးစပ်ရာ စတင်လုပ်ဆောင်နေတယ်၊ တိုင်ပင်နေကြပြီ ဆိုတော့ အလွန်ဝမ်းသာမိပါတယ်။
ဆရာကြီး ဦးဝင်းတင်နဲ့ ဒီနေ့မနက် စကားပြောဖြစ်တော့ ဆရာက ၀မ်းသာကြောင်း ပြောပါတယ်။ နှစ်ဆန်းတရက်နေ့က လက်မှတ်ထိုးထားတဲ့ စာရင်းမိတ္တူတွေ အင်တာနက်ပေါ်ရောက်နေပြီဆိုတော့ သူ အံ့သြသွားပါတယ်။ ဖေ့စ်ဘွတ်တွေ ဘာတွေက တဆင့် ရောက်တာနဲ့ တူတယ်လို့ သူက မှတ်ချက်ပေးပါတယ်။ မြန်မာပြည်သူတွေ အားလုံးက ၀ိုင်းပြီး အများကြီး တက်တက်ကြွကြွ ၀ိုင်းကြရမယ်၊ သူတို့တွေကိုယ်တိုင်လည်း အားပေး ထောက်ခံကြတဲ့ လှုပ်ရှားမှုပဲလို့ သူက ပြောပါတယ်။
အခု ကျနော်က ကြားသိသလောက် သတင်းကို ရေးတာပါ။ အခုခင်ဗျားတို့ဆီက တဆင့် အများပြည်သူ ၀ိုင်းညွှန်းနိုင်တဲ့ လက်စွဲ ဖောင်တွေ၊ လက်မှတ်မိတ္တူတွေနဲ့ အွန်လိုင်း ဖောင်စနစ်ကို သည်စာထဲကနေ တစုတစည်းထဲ တင်ပေးလိုက်ပါတယ်။
လက်မှတ်ထိုးရန် ဖောင်အလွတ် (ဆန်ဖရန်မြန်မာများ၏ ပုံစံနမူနာ) –
ပြည်တွင်းက ပထမဦးဆုံး လက်မှတ်ထိုးထားသူများ စာရင်းမိတ္တူ -
အွန်လိုင်းပေါ်တွင် လက်မှတ်ထိုးနိုင်သည့် ဖောင် ( မိုးမခက တဆင့်) –
Comments