အောင်ပန်းမြို့မှ ငြိမ်းချမ်းပန်းများ ဖူးပွင့်ခြင်း
တိမ်ပြာအေး
ဖြူဖွေးညို့သက် .... တိမ်ဂွမ်းခက်လို့
နံနက်လက်မြ .... လှမှလှ ...။
တိမ်ပြာအေးက
ငြိမ်းရေးမြပါ့ .... ဂွမ်းစဂွမ်းမျှင်
တိမ်ဖြူစင်က .... စိန်ရှင်လက်ပ
မိုးရေမြပါ့ .... လောကပန်းများ
ဖူးပွင့်ခြင်း။
ဤမိုးကောင်းကင်
ရှမ်းခွင်တောင်မို့ အောင်ပန်းမြို့ကို
ငါတို့ရင်နှင့် ဆက်လိုက်သည်။
ဒဂုန်တာရာ
စာဆိုလမင်း .... ငြိမ်းလင်းချစ်သူ
ဆံဖြူစံပယ်ကုံး .... ကိုးဆယ့်သုံးသည်
လှဆုံးမွေးနေ့ .... ချစ်သူ့နေ့ကို
ပျော်မွေ့ကျင်းပ .... ငြိမ်းချမ်းရေး
တူသားမိတ်ဆွေ .... ရောရီထွေး...။
နံနက်လက်မြ .... လှမှလှ ...။
တိမ်ပြာအေးက
ငြိမ်းရေးမြပါ့ .... ဂွမ်းစဂွမ်းမျှင်
တိမ်ဖြူစင်က .... စိန်ရှင်လက်ပ
မိုးရေမြပါ့ .... လောကပန်းများ
ဖူးပွင့်ခြင်း။
ဤမိုးကောင်းကင်
ရှမ်းခွင်တောင်မို့ အောင်ပန်းမြို့ကို
ငါတို့ရင်နှင့် ဆက်လိုက်သည်။
ဒဂုန်တာရာ
စာဆိုလမင်း .... ငြိမ်းလင်းချစ်သူ
ဆံဖြူစံပယ်ကုံး .... ကိုးဆယ့်သုံးသည်
လှဆုံးမွေးနေ့ .... ချစ်သူ့နေ့ကို
ပျော်မွေ့ကျင်းပ .... ငြိမ်းချမ်းရေး
တူသားမိတ်ဆွေ .... ရောရီထွေး...။
သရုပ်ဖော် - အောင်ထက်
Comments