အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ အပေါင်းအပါများကို ပစ်မှတ်ထားပိတ်ဆို့မှု ပိုမိုပြုလုပ်သင့်ဟု USCB တိုက်တွန်း
မိုးမခ အထောက်တော် ၀၀၃၊ ဇွန် ၁၈၊ ၂၀၁၁
ယခု အမေရိကန်ပြည်ထောင်စုက Burmese Freedom and Democracy Act ဖြင့် မြန်မာစစ်အစိုးရနဲ့ အပေါင်းအပါများကို စီးပွားရေးပိတ်ဆို့အရေးယူခြင်းကို အမေရိကန်လွှတ်တော်တွင် သက်တမ်းတိုးမည်ဖြစ်ရာ မြန်မာအရေးလှုပ်ရှားနေသူ အင်အားစုများက မိမိတို့ ပြည်နယ်နဲ့ မြို့နယ်များက လွှတ်တော်အမတ်များ၏ ထောက်ခံမဲရရှိရေး ဆက်သွယ်ဖိအားပေးကြရန် တိုက်တွန်းလျက်ရှိသည်။
၂၀၁၁ ခုနှစ် မြန်မာပြည်တွင်း အထွေထွအကြပ်အတည်းများ ဆိုက်ရောက်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ ထောင်နဲ့ချီ ဖမ်းဆီးချူပ်နှောင်ထားခြင်း၊ ထိုအချက်ကို လိမ်ညာဖုံးကွယ်နေခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်းသားလူမျိုးစုအားလုံးကို လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်လျက်ရှိခြင်း၊ လက်ဝါးကြီးအုပ် စီးပွားရေးဖြင့် ချုပ်ကိုင်လျက်ရှိခြင်းတို့ကြောင့် မြန်မာအစိုးရကို ဆက်လက် ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးသွားရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း မြန်မာ့အရေးလှုပ်ရှားသူများက ရှင်းလင်း စည်းရုံးလျက်ရှိသည်။
လွန်ခဲ့သည် ဇွန်လ ၂ ရက်နေ့က အမေရိကန် အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မီတီ၏ ကြားနာမှု အစီအစဉ်တွင် ၀ါရှင်တန်ဒီစီအခြေစိုက် USCB အဖွဲ့ ဦးဆောင်သူ ကိုအောင်ဒင်က သြစတြေးလျနိုင်ငံ၏ မြန်မာပြည်အပေါ် ငွေကြေးစီးပွားဆိုင်ရာ ပိတ်ဆို့အရေးယူမှုမျိုးကို တိုးချဲ့ပြုလုပ်ရန် အကြံပြု တင်ပြခဲ့သည်။ သြစတြေးလျက မြန်မာစစ်အာဏာရှင်များ၊ မိသားစုများ၊ စစ်ခေါင်းဆောင်များ၊ အပေါင်းအပါ စီးပွားဖက်များ၊ အကာအကွယ်ပေးသူများ၊ မိသားစုများ၏ စုစုပေါင်း လူဦးရေ ၄၀၀ ကို စာရင်းပြုစု သတ်မှတ်ပြီး ငွေကြေးစီးပွားပိတ်ဆို့မှု ပြုလုပ်ထားကြောင်း ထောက်ပြသည်။ အမေရိကန်၏ ပစ်မှတ်ထားပိတ်ဆို့မှုမှာ ထိုစာရင်းထက်စာလျင် များစွာ လျော့နည်းကြောင်း ထိုနမူနာကို ကြည့်သင့်ကြောင်း တိုက်တွန်းထားသည်။
မိုးမခက နမူနာစာရင်းကို ကောက်ခံကြည့်ရာ အောက်ပါ လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများသည် လက်ရှိ မြန်မာအစိုးရ၊ စစ်အုပ်စုတို့၏ အာဏာရှင်သက်တမ်းရှည်အောင် ထောက်ခံအားပေးကူညီနေသူများ ဖြစ်သည်ဟု စာရင်းတင်သွင်းလာကြသည်ကို တွေ့ရသည်။
(တေဇ နဲ့ ထွန်းမြင့်နိုင် နဲ့ ဇော်ဇော်ကို တော့ အမေရိကန်ကပိတ်ထားပြီး ဖြစ်သည်)
No. | Name အမည် | Business Entity လုပ်ငန်းအမည် | Connection With the Regime (စစ်အုပ်စုနှင့် ပတ်သက်ပုံ) |
1 | အောင်ကိုဝင်း | Kambawza Bank and Myanmar Billion Group, Owner of Kanbawza United Professional Soccer Club | Close tie with General Maung Aye ဗိုလ်ချူပ်မောင်အေး |
2 | Kyaw Win ကျော်ဝင်း | Shwe Than Lwin Trading | |
3 | Maung Maung Myint မောင်မောင်မြင့် | Myangon Myint Co.Ltd., USDP | |
4 | Maung Ko မောင်ကို | Htarwara Mining Company | |
5 | Aung Htwe အောင်ထွေး | Golden Flower Company Ltd. | |
6 | Kyaw Myint ကျော်မြင့် | Golden Flower Company Ltd. | |
7 | Nay Win Tun နေ၀င်းထွန်း | Ruby Dragon Jade and Gems Co.Ltd | |
8 | Eike Htun (aka) Ayke Htun (aka) Aik Tun အိုက်ထွန်း | Olympic Construction Company and Asia Wealth Bank | |
9 | Aung Myat (aka) Aung Myint အောင်မြတ် (ခ) အောင်မြင့် | Mother Trading and Construction | |
10 | Win Lwin ၀င်းလွင် | Kyaw Tha Company and Kyaw Tha Construction Group | |
11 | Dr. Sai Sam Htun ဒေါက်တာစိုင်းဆမ်ထွန်း | Loi Hein Company, Owner of Yadanarbon United Professional Soccer Club | |
12 | San San Yee စမ်းစမ်းရီ | Super One Group of Company | |
13 | Aung Zaw Ye Myint အောင်ဇော်ရဲမြင့် | Yetagun Construction Company | Son of former Lt-General Ye Myint ဒုဗိုလ်ချူုပ်ကြီးရဲမြင့်သား |
14 | Sit Taing Aung စစ်တိုင်းအောင် | Aung Yee Phyo Co., Suntac International Trading Co.Ltd | Son of former Minister of Forestry U Aung Phone ၀န်ကြီးဟောင်းဦးအောင်ဖုံးသား |
15 | Sit Thway Aung စစ်သွေးအောင် | Aung Yee Phyo Co., Suntac International Trading Co.Ltd | Son of former Minister of Forestry U Aung Phone ၀န်ကြီးဟောင်းဦးအောင်ဖုံးသား |
16 | Nay Soe နေစိုး | Son of former Prime Minister General Soe Win ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချူုပ်ကြီး စိုးဝင်း (ကွယ်လွန်) ၏ သား | |
17 | Lwin Moe လွင်မိုး | Actor and Owner of a Mining Company | |
18 | နေအောင် | International Group of Entrepreneur Co.Ltd. | Son of Former Minister U Aung Thaung, now Secretary of USDP ကြံဖွံ့ပါတီခေါင်းဆောင် ဦးအောင်သောင်းသား |
19 | Pyi Aung ပြည်အောင် | International Group of Entrepreneur Co.Ltd. | Son of Former Minister U Aung Thaung, now Secretary of USDP ကြံဖွံ့ပါတီခေါင်းဆောင် ဦးအောင်သောင်းသား |
20 | U Win Myint ဦးဝင်းမြင့် | Former Chairman of UMFCCI, Owner of Zayar Shwe Myay Professional Soccer Club | |
21 | Aung Kyaw Moe အောင်ကျော်မိုး | International Brewery Trading Co., Owner of Okkthar United Professional Soccer Club | |
22 | U Khin Soe ဦးခင်စိုး | Anwar Hlwan Co.Ltd. | |
23 | Htun Naing Shwe ထွန်းနိုင်ရွှေ | Myanmar Naing Group | Son of Than Shwe ဗိုလ်ချုပ်မှူးကြီး သန်းရွှေသား |
24 | Nay Lin Aung နေလင်းအောင် | Nilar Yoma Trading Co.Ltd. | |
25 | Aung Zaw Naing အောင်ဇော်နိုင် | Shwe Taung Development Ltd. | |
26 | Zaw Win Tun ဇော်ဝင်းထွန်း | Shww Than Lwin Co.Ltd. | |
27 | Zaw Lay ဇော်လေး | Fishery and Sea Products Co.Ltd. | |
28 | Toe Naing Man တိုးနိုင်မန်း | Red Link Co.Ltd. | Son of General Thura Shwe Mann ဗိုလ်ချုပ်ကြီး သူရရွှေမန်းသား |
29 | Nay Shwe Thway Aung နေရွှေသွေးအောင် | Grandson of Than Shwe ဗိုလ်ချုပ်မှူးကြီး သန်းရွှေသား | |
30 | Zaw Win Shaine ဇော်ဝင်းရှိန် | Ayeyar Hintha Co.,Ltd., Owner of Delta United Professional Soccer Club | |
31 | Dr.Tin Tun Oo ဒေါက်တာတင်ထွန်းဦး | Myanmar Times and Pyi Myanmar | |
32 | Dr. Nay Win Maung ဒေါက်တာနေ၀င်းမောင် | Living Color, The Voice Media | |
33 | Myat Khaing မြတ်ခိုင် | Snap Shot Media | |
34 | ဇင်ယော်မောင်မောင် | Envoy Media | |
35 | Zaw Min Aung ဇော်မင်းအောင် | Moe San Pann Media Company | Son of Lt-Gen Tin Aye ဒုဗိုလ်ချူပ်ကြီး တင်အေးသား |
36 | နန်းကလျာဝင်း | Popular, Popular News Media | Daughter of Lt-Gen Win Myint ဒုဗိုလ်ချူပ်ကြီး ၀င်းမြင့်သမီး |
37 | Myo Aung (Botany) မျိုးအောင် (ရုက္ခဗေဒ) | Northern Star Media | |
38 | ဒေါက်တာသန်းထွဋ်အောင် | 11 Media Group | |
39 | Ko Ko Set Mu ကိုကိုစက်မှုတက္ကသိုလ် | Flowers News Media | |
40 | Hein Latt ဟိန်းလတ် | Popular Media | |
41 | U Chit Khaing ဦးချစ်ခိုင် | ဧဒင်အုပ်စု | |
42 | လှမောင်ရွှေ | မြန်မာငါးလုပ်ငန်းအဖွဲ့ချုပ်၊ Myanmar Egress | |
(ဓာတ်ပုံများ - အင်တာနက်၊ ဘီဘီစီနဲ့ မြန်မာစာနယ်ဇင်းများက ကူးယူပါတယ်)
Comments