Saung Yun La -Poem

”အလန်တွေ”လစ်”ပြီး အလန်းတွေ”လပ်”နေတယ်”
ဆောင်းယွန်းလ
ဇွန် ၂၅၊ ၂၀၁၁


ကြယ်တွေချို့တဲ့နေတဲ့ ကောင်းကင်ကြီးကို မကြည့်ရက်လို့
မူးနေအောင်များသွားပြီး များနေအောင်မူးသွားခဲ့တဲ့ ညတွေက
အော့အန်ပြီး လန်ထွက်နေကြတယ် ...

လူမသိသူမသိ ရင်ထဲငြိနေတဲ့စကားလုံးတွေနဲ့
လူမကြားသူမကြား စာသားတွေရေးခြစ်နေရလို့
နေဝင်ချိန်အထိ မျက်နှာမသစ်မိခဲ့တဲ့နေ့တွေက
ကော့ပျံပြီး လန်ထွက်နေကြတယ် ....

စနေ တနင်္ဂနွေ
အပျင်းပြေချက်တင်းတွေကို ငြီးငွေ့လွန်းနေတော့
ဂျီတော့ခ်ပြတင်းကိုတွန်းပိတ် အင်ဗစ်ဇစ်ဗဲလ်နဲ့မီးမှိတ်ထားလိုက်ပြီး
အဆင်မပြေတဲ့ဆင်ခြေတွေနဲ့ အဆင်ပြေပြေနေတတ်အောင်
ဇော်ကြီးကဗျာထဲက မသေမရှင်တချို့ကို တပိုင်းပိုင်း
နာနာကျင်ကျင်မျှော်လင့်ခြင်းမိုးတွေပဲ တဒိုင်းဒိုင်းရွာချနေရတယ် ...

ဒေးလီးပလန်နာထဲမှာ
ပြီးခဲ့တဲ့သောကြာ မယ်လကတစုအတွက် စားသောက်စရာပြင်ဆင်
ဒီကနေ့တနလာင်္ အုန်းဖျန်ကတစုအတွက် နေစရာအိမ်ခန်းရှာ
မနက်ဖြန်အဂါင်္ ထပ်ရောက်လာမယ့် နို့ဖိုးကတယောက်အတွက် သက်ဆိုင်သူတွေဆီကိုဖုန်းဆက် ...

ကိုယ်ပိုင်စာမျက်နှာပေါ်မှာတော့
မွကြေနေတဲ့ ဘဝအကြောင်းနဲ့
မျှဝေစရာမကောင်းတဲ့ စစ်ဒဏ်ရာအဟောင်းအနွမ်း အိမ်ပြန်ချင်တဲ့အလွမ်းတွေပဲရှိတယ်...

ငါ့အတွက်တော့
ဘုရားစူးအမေရိကန်မှာ လန်ထွက်နေတဲ့ အလန်းတွေမရှိတာသေချာတယ် ...။ ။

Comments