အပ္ပမာဒ ပြန်တမ်း
2PP
2PP
ဇူလိုင် ၇၊ ၂၀၁၁
ခံစားချက် ဆိုတာ..
ကားဆီဖြည့်သလို ဖြည့်လို့ရတဲ့အရာ မဟုတ်ဘူး ။
ရေစီးကြောင်း ဆိုတာ...
ခုတ်ထစ်ဖြတ်ပိုင်းလို့ရတဲ့အရာ မဟုတ်ဘူး ။
သမိုင်း ဆိုတာ...
စားပြီးပစ်လိုက်လို့ ရတဲ့ ကျွတ်ကျွတ်အိတ်ခွံ မဟုတ်ဘူး ။
ကားဆီဖြည့်သလို ဖြည့်လို့ရတဲ့အရာ မဟုတ်ဘူး ။
ရေစီးကြောင်း ဆိုတာ...
ခုတ်ထစ်ဖြတ်ပိုင်းလို့ရတဲ့အရာ မဟုတ်ဘူး ။
သမိုင်း ဆိုတာ...
စားပြီးပစ်လိုက်လို့ ရတဲ့ ကျွတ်ကျွတ်အိတ်ခွံ မဟုတ်ဘူး ။
ငါတို့သမိုင်းထဲက အဲဒီနေ့
မျိုးဆက်လှိုင်း အဆက်ဆက်မမေ့ဘူး ...။
ငါတို့မမေ့ဘူး
"ဇူလှိုင် (၇) ရက်နေ့ကို " ။
မျိုးဆက်လှိုင်း အဆက်ဆက်မမေ့ဘူး ...။
ငါတို့မမေ့ဘူး
"ဇူလှိုင် (၇) ရက်နေ့ကို " ။
အဲဒီ သမိုင်းကို မသိဟန်ဆောင်နေရင်တော့
ဆွံ့အနေတဲ့ အကန်းဘဲ
မျက်စိကန်းသူ မမြင်ပေမယ့်
အလင်းဟာ အလင်းပဲ...။
ဆွံ့အနေတဲ့ အကန်းဘဲ
မျက်စိကန်းသူ မမြင်ပေမယ့်
အလင်းဟာ အလင်းပဲ...။
မမြဲခြင်းတွေက ထာဝရမြဲတယ်...
မီးနီပြတားမရတဲ့ သင်္ခါရသဘော ...
အတ္တငွေ့တထောင်းထောင်းထလို့
ကိုယ်စိုက်ခဲ့ သမျှ ကိုယ်ပြန်ရိတ်သိမ်းဖို့ မမေ့နဲ့ ...။
မီးနီပြတားမရတဲ့ သင်္ခါရသဘော ...
အတ္တငွေ့တထောင်းထောင်းထလို့
ကိုယ်စိုက်ခဲ့ သမျှ ကိုယ်ပြန်ရိတ်သိမ်းဖို့ မမေ့နဲ့ ...။
အဆုံးသတ်တစ်နေ့ ဆိုတာ ရှိတယ်
"ကောင်းကင်နဲ့ မြေကြီး ကဲ့သို့
လူမိုက်နဲ့ တရားသဘော ...ဝေးတယ်"။
ဘုရားဟောတွေက
ခေတ်အဆက်ဆက် သွေးထွက်အောင်မှန်တယ်ဆိုတာ....
မမေ့နဲ့ ...။ ။
"ကောင်းကင်နဲ့ မြေကြီး ကဲ့သို့
လူမိုက်နဲ့ တရားသဘော ...ဝေးတယ်"။
ဘုရားဟောတွေက
ခေတ်အဆက်ဆက် သွေးထွက်အောင်မှန်တယ်ဆိုတာ....
မမေ့နဲ့ ...။ ။
(၆) ရက်နေ့ ၊ ဇူလှိုင်လ ၊ ၂၀၁၁ ခုနှစ်
Comments