ပြည်တွင်းက မြန်မာစာဖတ်သူတွေအတွက် ဒေါင်းတမန် အီးမေးသတင်းလွှာ ထွက်ပြီ
မိုးမခ၊ ဇူလိုင် ၁၅၊ ၂၀၁၁
ဒီနေ့နေ့စွဲနဲ့ ဒေါင်းတမန် အီးမေးသတင်းလွှာ အတွဲ ၁၊ အမှတ် ၁ ထွက်လာပါတယ်။ ၂ ပတ် တကြိမ် ထုတ်မယ်လို့ ရေးထားပါတယ်။ ပြည်တွင်းက ၀က်ဆိုက်ကြည့်၊ ရေဒီယိုနားထောင်တဲ့ ပရိသတ်ထက် အီးမေးကတဆင့်လက်ဆင့်ကမ်းစာဖတ်သူ ပရိသတ်တွေအတွက် အဓိကရည်ရွယ်တယ်လို့ ပြောပါတယ်။ ဒီနေရာကနေ ရယူပါ။ လက်ဆင့်ကမ်း ကြပါ။
သတင်းတွေထက် ဆောင်းပါးတွေ၊ ပြည်တွင်း ပြည်ပ အတွေးအမြင် ဆန်းစစ်တာတွေ ပါတဲ့အတွက် ဗဟုသုတဦးစားပေးတဲ့ ဂျာနယ်စာစောင်ဖြစ်ပါတယ်။ ရေရှည် တည်တံ့အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မိုးမခက နေ့စဉ်ထုတ်ပေးတဲ့ အီးမေးသတင်းလွှာမှာ တွဲပြီးလည်း ဖြန့်ပေးပါ့မယ်။
Comments