Local News Headlines

ရွှေဝါရောင်တော်လှန်ရေးမှာ တက်ကြွစွာဦးဆောင်ပါဝင်ခဲ့တဲ့ သာသနာ့ဂုဏ်ရည် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇဝန(ယောဆရာတော်) ဘဝနတ်ထံ ပျံလွန်တော်မူ
ရန်ကုန်၊ ၁၅ ဇူလိုင် ၂ဝ၁၁
မိုးယံမခ

၈၈ မျိုးဆက်ကျောင်းသားတွေဦးဆောင်ကျင်းပတဲ့ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားတွေကို ဆရာတော်ေ ကျာင်း ထိုင်ရာ သာသနာ့ ဂုဏ်ရည်ကျောင်းတိုက်မှာ လက်ခံကျင်းပခွင့်ပြုခဲ့တဲ့၊ ရွှေဝါရောင် တော်လှန်ရေးမှာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော် ဘဒ္ဒန္တဇဝန (ယောဆရာတော်) ဟာ ၁ဝ၊ ၇၊ ၂ဝ၁၁ (တနင်္ဂနွေနေ့) မှာ ကင်ဆာရောဂါနဲ့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနကို ၁၄၊ ၇၊၂ဝ၁၁ (ကြာသာပတေးနေ့) နေ့လည် ၂း ဝဝ နာရီ၊ ရေဝေးသု သာန်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဆရာတော်ပျံလွန်တော်မူချိန်မှာ သက်တော် (၇၂) နှစ်၊ သိက္ခာတော် (၅၂) ဝါ ရှိပြီဖြစ်ပါတယ်။

ဆရာတော်ရဲ့ဈာပနကို ဝါရင့်နိုင်ငံရေးသမားကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ မိသားစုဝင် များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ဆရာတော်ကို လေးစားကြတဲ့ ဒကာ၊ ဒကာမ များစွာ လာရောက်ကြည်ညိုဖူးမျှော်ခဲ့ကြပါတယ်။


ဆရာတော်ကို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အိမ်သစ်ကျေးရွာမှာ ခမည်းတော် ဦးစိန်မြ၊ မယ်တော် ဒေါ် ချစ်ခိုင်တို့မှ ၁၉၃၈ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ်။

ဆရာတော်ဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဦးဆောင်ကျင်းပတဲ့ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားတွေကို ဆရာတော်ကျောင်းထိုင်ရာ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်မှာ လက်ခံကျင်းပခွင့်ပြုခဲ့ပါတယ်။

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့မှုကြောင့် ဆရာေ တာ်ေ ကျာင်းထိုင်တဲ့ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်နဲ့ သာသနာ့သိပ္ပံကျောင်းတိုက်တို့ကို စစ်တပ်က ပစ်ခတ်ရှင်းလင်းပြီး ချိပ်ပိတ်ခြင်း ခံခဲ့ရပါတယ်။

စစ်အစိုးရက ကျောင်းကိုချိပ်ပိတ်ခံလိုက်ရတဲ့အတွက် ဆရာတော်ဟာ သက်တော်ကြီးရင့်ပြီး မကျန်းမာတဲ့ကြား ထဲက တနေရာမှတနေရာ ပင်ပန်းဆင်းရဲစွာ ပြောင်းရွှေ့သီတင်းသုံးနေထိုင်ရကာ အခန်းကျဉ်းလေးတစ်ခုမှာ ဆင်းရဲချို့ငဲ့စွာနေထိုင်ရင်း ကင်ဆာရောဂါနဲ့ ပျံလွန်တော်မူခဲ့ရတာ ဖြစ်ပါတယ်။

ဆရာတော်၏ ဈာပနအခမ်းအနားမှတ်တမ်းဓာတ်ပုံများ







ဆရာတော်၏ ကိုယ်ရေးအကျဉ်းပါ လက်ကမ်းစာစောင်



Comments