သူငယ်ချင်းမောင်ညို ၇၂ နှစ်ပြည့်မွေးနေ့သို့
မောင်စွမ်းရည်
ဇူလိုင် ၂၃၊ ၂၀၁၁
ငယ်စဉ်ကလဲ
တက်ကြွမြူးရွှင် ရေးချင်ဖတ်ချင်
ငြိုငြင်မရှိ၊ မျက်စိလွဲပွင့်
ရယ်သံလွှင့်၊
စာအုပ်ကိုဖွင့် အပြုံးနှင့်။
ကြီးလာတော့လဲ
တဟဲဟဲနဲ့ ရယ်ဆဲရယ်တုန်း
ရယ်မဆုံးသူ ‘သူ့လိုလူ’ကို
ဘယ်သူမလွမ်း နေမလဲ။
မလွမ်းဘယ်သူ သွေမလဲ။
ကျောင်းသားအရွယ်
ဆယ်ကျော်သက်က၊ အသက်ခုနှစ်ဆယ်
ရှစ်ဆယ်တို့ကြား ‘ငါးဆယ့်ရှစ်နှစ်’
ငယ်ကျွမ်းဖြစ်သလို့ တနှစ်တလ
တညတနေ့ ငါမမေ့ဘူး
မေ့ပါ့မလား၊
မအားလဲရေး အားလဲရေးတဲ့
အရေးသန်သူ အတွေးမြန်သူ
အတွေးမှန်သူ ‘သူ့လိုလူ’လေ
သူရေးတဲ့စာ နေရာတကာ
စာနယ်ဇင်းမှာ ‘သူ့မျက်နှာ’
အားကျသကွာ၊ မင့်ရွှေစာ
အသက်တရာ ရေစေဗျာ
အသက်ရာကျော် ရေးစေသော်
အသက်ရာကျော် ဖတ်မယ်နော်
‘တာရာ’ ‘ပါပါ” ဆရာတသင်းသို့ ကမ္ဘာချင်းအောင် လင်းစေသော် …။
(ဒေါက်တာမောင်မောင်ညို၊ မလေးရှားသို့)
Comments