MoeMaKa quotes in July 2011


မိုးမခ၏ ဇူလိုင် စာကိုး စကားကိုး
ဇူလိုင် ၃၁၊ ၂၀၁၁



အပေါ်ကနေ အမှိုက်တွေ ပစ်ချတာ။ မိုးတွင်းဆို အမှိုက်နဲ့ ရေတွေ အခန်းထဲ လျှံပြီး ၀င်တယ်။ အုတ်ကြားကနေ စိမ့်ပြီး ၀င်လာတယ်၊ မကောင်းတဲ့အနံ့အသက်တွေကလဲ တစ်ချိန်လုံး နံနေတယ်။ ကျွန်တော်တို့ အောက်ဆုံးထပ်နေသူတွေ ပိုခံစားရတာပေါ့။ မိလ္လာပိုက်လိုင်း ကျိုးပြီး ပွင့်နေတာတွေလဲ ရှိတယ်။ တိုက်နောက်ဖေးတံခါးတွေဆို အသေကို ပိတ်ထားလိုက်ရတယ်။
ရန်ကုန်မြို့လယ်တွင် အထည်ဆိုင်ဖွင့်ထားသူတဦး
မော်ဒန်သတင်းဂျာနယ်၊ ဇူလိုင် ၈

မနှစ်က ဥရောပဘက်က ဧည့်သည်တွေ များလာတော့ ဧည့်လမ်းညွှန် မလောက်လို့ သက်ဆိုင်တဲ့ဘာသာစကား ဂိုက် စစ်စစ်တွေ မပေးနိုင်တော့ဘဲ ရှိတဲ့ဂိုက်တွေကိုပဲ ထည့်ပေးလိုက်ရတော့ ခရီးသည်တွေကို လက်ဟန်ခြေဟန်နဲ့ပဲ အဓိက ၀န်ဆောင်မှုပေးခဲ့ရတာမျိုး တွေ့ကြုံခဲ့ရတယ်။
ဒေါ်နှင်းခင်၊ ဧည့်လမ်းညွှန် သို့မဟုတ် ဂိုက်
True News ဂျာနယ်၊ ဇူလိုင် ၅

ရုပ်ရှင်လွတ်လပ်ခွင့်က မြန်မာနိုင်ငံ ဖြစ်နေတော့ နိုင်ငံခြားလိုတော့ အရမ်းကြီး မလွတ်လပ်သင့်ဘူးပေါ့။ ဒါပေမယ့် အထိုက်အလျောက်တော့ ဖြစ်စေချင်တယ်။

ခွန်းဆင့်နေခြည်၊ သရုပ်ဆောင်
Envoy ဂျာနယ်၊ ဇူလိုင် ၇
photo: facebook

နိုင်ငံတကာက အလိုရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားလိုကိစ္စ
မျိုးတွေမှာ လိုက်လျောနိုင်သလောက် အစွမ်းကုန် လိုက်လျောပေးစေချင်တယ်။ အဲ့လို ကိုယ့်ဘက်က ထင်သာမြင်သာတဲ့ လိုက်လျောပေးမှု မရှိဘူး ဆိုရင် ကိုယ်လိုချင်တဲ့ အကျိုးစီးပွားဆိုတာ ရမှာ မဟုတ်ဘူး။ ကိုယ်က လိုချင်ရင် နည်းနည်းလေးတော့ လျှော့ဖို့ လိုတယ်။

ဒေါက်တာညိုညိုသင်း၊ လွှတ်တော်ကိုယ်စားလှယ်
ပြည်သူ့ခေတ်ဂျာနယ်၊ ဇူလိုင် ၇
photo: themyanmarpost.com


HIV အတွက် သီချင်းဆိုပေးတယ်။ နာဂစ်တုန်းကလည်း လှူပေးဖူးတယ်။ အများအကျိုးကို ဆောင်နေရတဲ့အတွက် ကိုယ့်အကျိုး မအောင်လည်း ကိစ္စ မရှိဘူး။ ပရဟိတ လုပ်လိုက်ရတဲ့အတွက် ခံစားရတဲ့ ပီတိက ဘာနဲ့မှ မတူပါဘူး။

အောင်လ၊ အဆိုတော်
Hot News ဂျာနယ်၊ ဇူလိုင် ၈
photo: muzicdb.com


သြစတြေးလျန်းတွေက ခရီးထွက်ရတာ၊ လျှောက်သွားရတာ အလွန် ၀ါသနာပါပုံ ရတယ်။ တချို့ အသက်ကြီးသူတွေ ဆိုရင် နေအိမ်ကိုရောင်းပြီး Caravan လို့ ခေါ်တဲ့ ကားနဲ့ဆွဲရတဲ့ နောက်တွဲအိမ်ကိုဝယ်ပြီး နေကြတယ်။ အဲဒီကားတွေက အခြား Car Park တွေမှာ ထိုးလို့ မရဘူး။ only caravan park မှာပဲ ထိုးရတယ်။ ဂျစ်ပဆီပုံစံ ခေါ်မှာပေါ့။ အဲဒီကားတွေနဲ့ သွားလာတဲ့သူတွေက ဘာသာလဲ ဆိုတော့ မြို့တမြို့ကို သွားလည်ရင် ဟိုတယ်ခနဲ့ စားသောက်စရိတ် မကုန်တော့ဘူး။ စရိတ် အများကြီး သက်သာသွားတယ်။ အဲဒီလို စရိတ်သက်သာတဲ့ ပုံစံနဲ့ အော်ဇီနိုင်ငံအနှံ့ ခရီးထွက်နေတဲ့လူတွေ အများကြီး ရှိတာ တွေ့ခဲ့ရတယ်။ မြို့တမြို့ကို သွားရင် ၂ နာရီလောက် ကြာတယ်။ ရပ်တဲ့နေရာတိုင်း ရှော့ပင်စင်တာတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ရှိတယ်။ နေရတာ အရမ်း ကောင်းပေမယ့် ကြာလာတော့လည်း ကိုယ် ဗမာပြည်ကို လွမ်းတယ်။ အဲဒီအတွက် မြန်မြန် ပြန်လာခဲ့တာ။

နွဲ့ယဉ်ဝင်း၊ အဆိုတော်

နံနက်ခင်း သတင်းဂျာနယ်၊ ဇူလိုင် ၂၀
photo: paephuhlwarmagazine.asia


(ဆုကြေးစား ဘောလုံးလောက) စတင် တည်ထောင် ချိန်မှာ နိုင်ငံတော်ကို ချစ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အနစ်နာခံ ရင်းနှီးမှုနဲ့ စခဲ့ရတာ ဖြစ်ပြီး နောက်ပိုင်း တဖြေးဖြေး တိုးတက်အောင် လုပ်ဆောင် သွားရမယ့် အချက်ပါ။

ဦးကျော်သူဦး၊ ရန်ကုန် ယူနိုက်တက် အသင်း အထွေထွေ မန်နေဂျာ
soccermyanmar.com ဇူလိုင် ၈
photo: yangon united


(မန္တလေးမှာ) အရင်တုန်းက တရုတ်တွေက မြို့ခံ အိမ်ရှင်တွေ အပေါ်မှာ လေးစားသမှု ရှိတယ်။ ခပ်ယို့ယို့ပဲ နေတယ်။ ပပလွှားလွှား သိပ်မရှိဘူး။ အခုလူတွေကတော့ မြို့ခံတွေကို သိပ် လူမထင်တော့ဘူး။

ဦးသန်းဋ္ဌေး၊ ဥတ္တရလွင်ပြင် စာအုပ်တိုက် ပိုင်ရှင် တရုတ်လူမျိုး
မဇ္ဈိမ သတင်းဌာန၊ ဇူလိုင်လ ၎
photo: fromoldbooks.org

သစ်ပင်ခုတ်တဲ့သူတွေက ဖောင်ဒေးရှင်းကြီးတွေ ထောင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းေ၇း လုပ်တာ ငရဲတစ်ပိဿာ လုပ်ပြီး ကုသိုလ်ကောင်းမှု တစ်ကျပ်သားလောက် လုပ်သလိုပဲ၊ ဟန်ပြ လုပ်ပြတာတွေ ရှိတယ်။ တချို့တွေဆို နိုင်ငံရေးသမားတွေက ပါတီစုံဖြစ်လာတော့ လူတွေကြားထဲကို Policy ချပြတဲ့အခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရမယ် ဆိုပြီး အဆန်မပါတဲ့ သင်္ကြန်အမြောက်တွေ ပစ်တာ ရှိတယ်။ တကယ် လက်တွေ့ လုပ်စေချင်တယ်။ - - - ပုပ္ပားတောင်ကြီးမှာလည်း - - - သစ်ပင်တွေ ခုတ်ပစ်ပြီး လက်ဖက်စိုက်မယ် ဆိုတာ ဒေသဆိုင်ရာ အာဏာပိုင်တွေက သူ့လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစား လုပ်လိုက်တာပဲ။

ဦးစိုးညွန့်၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း တည်ထောင်သူ
TRUE NEWS ဂျာနယ်၊ ဇူလိုင် ၅
photo: shanland.org

"လက်စွပ်မပါဘဲ မင်္ဂလာမဆောင်ရ ဘူးလားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှတ်တရအနေနဲ့ပေါ့။ နောက်ပိုင်း အသက်တွေကြီးလာ တဲ့အခါ အမှတ် တရဖြစ်သလို သား၊ သမီး၊ မြေး၊ မြစ်တွေ ကို ပြလို့ရတာပေါ့ ---- တချို့သူတို့မင်္ဂလာပွဲအတွက် ဈေးအရမ်းကြီးတဲ့လက်စွပ်တွေဝယ်ပြီး နောက်ဆုံးကွဲပြဲကြတာတွေလည်းရှိတယ်။ဒီတော့ အဲဒီလက်စွပ် ကလည်း အလကားဖြစ်သွားတာပဲ"
မ၀င်းမာ၊ 'ဖက်ရှင်' မဂ္ဂဇင်း ဒုတိယအယ်ဒီတာချုပ်
မြန်မာတိုင်းမ်ဂျာနယ်၊ ဇူလိုင် - အတွဲ ၂၇ ၊ အမှတ် ၅၂၇

မီဒီယာဆိုတာ လက်နက်မဟုတ် ပါဘူး​။ မီဒီယာဆိုတာ ဒီမိုက​ရေစီဝါဒ တည်​ဆောက်ဖို့​အတွက် မရှိအဖြစ် လိုအပ်တဲ့​ တန်ဆာပလာတခု ဖြစ်ပါတယ် ဆိုတာ အသိ​ပေး​ချင်ပါတယ်။ ဒီ မီဒီယာကို​တော့​ မစိုး​ရိမ်ပါနဲ့​၊​ သပ်သပ်ရပ်ရပ်နဲ့​ ဖွံ့​ဖွံ့​ဖြိုး​ဖြိုး​ ဖြစ်လာရင် အကျိုး​အများ​ကြီး​ ရှိလာမယ်။

ဦး​ဇိုဇမ်၊ ချင်း​အမျိုး​သား​ပါတီဥက္ကဋ္ဌ
ဇူလိုင် ၁၃၊ ဒီဗွီဘီသတင်းဌာန
photo: DVB

Comments