Thee Lay Thee, WLB & DVB laud at Regime's Congress

 အမျိုးသမီးတွေက လွှတ်တော်ကို ချွတ်ပြီ
မိုးမခအထောက်တော် မဲဆောက်၊ ဇူလိုင် ၂၃၊ ၂၀၁၁
အမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ (WLB) စီစဉ်ရိုက်ကူးသော  "ချွတ်ချော်တဲ့လွှတ်တော်"လို့ အမည်ပေးထားတဲ့ ဟာသသရုပ်ဖေါ်ဇာတ်လမ်းကို DVB ကထုတ်လွှင့်ပြသတော့မှမယ်လို့ ဆိုပါတယ်။ 
မြန်မာနိုင်ငံမှာ အသစ်ပေါ်လာတဲ့ ကြံ့ဖွံ့လွှတ်တော်ကို လှောင်ပြောင်၊ သရုပ်ဖေါ်ထားတဲ့ ဇာတ်လမ်းတပုဒ်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ကြယ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့ သီးလေးသီး - သီးညီနောင်အဖွဲ့သားများနဲ့အတူ ချင်းမိုင်က မြန်မာအနုပညာရှင်များ ပူးပေါင်းပါဝင်ထားကြပါတယ်။
 
"စစ်အာဏာရှင်တွေလက်အောက်ရောက် မြန်မာပြည်ကအတုအယောင်လွှတ်တော်တွင်းမှာ အမတ်ဆိုသူတွေ တိုင်းပြည်အတွက် လွတ်လပ်စွာ လူထုအကျိုးမဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို  ဖော်ထုတ် သရော်ထားတာဖြစ်တယ်။ နိုင်ငံရေးလွတ်လပ်ခွင့် မပြောနဲ့ဦး၊ အနုပညာလွတ်လပ်စွာ တင်ပြခွင့်မရှိသေးတဲ့ မြန်မာပြည်တွင်းမှာ ယခုကဲ့သို့ တင်ဆက်မှုတွေ ပေါ်ထွန်းလာဖို့ မျှော်လင့်မိတယ်" လို့ သီးလေးသီး - သီးညီနောင်အဖွဲ့က ကိုပန်းသီးမှ မိုးမခကို ပြောကြားခဲ့ပါတယ်။

Comments