NLD အဖွဲ့ဝင် ကိုဘမောင် ကင်ဆာရောဂါဖြင့် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၂၇၊ ၂၀၁၁
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၂၇၊ ၂၀၁၁

ကိုဘမောင် ဟု လုပ်ဖော်ကိုင်ဘက် မိတ်ဆွေများက ခေါ်ကြသည့် NLD အဖွဲ့ဝင်တဦး ယမန်နေ့ညနေ ၅ နာရီက ကင်ဆာရောဂါဖြင့် အင်ယားရိပ်သာလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားသည်။ ကွန်လွန်ချိန်တွင် အသက် ၅၁ နှစ် ရှိပြီ ဖြစ်သည်။
ကိုဘမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ နိုင်ငံရေးလောကသို့စတင် ၀င်ရောက်ခဲ့သူ ဖြစ်သည်။
မရမ်းကုန်း မြို့နယ် NLD လုပ်ငန်းများကိုသာမက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးလူငယ် တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၃ ကြိမ် အထိန်းသိမ်းခံခဲ့ရသည်။
ကွယ်လွန်ချိန်တွင် သား(၁)ယောက်၊ သမီး (၃)ယောက် ကျန်ရစ်ခဲ့ကြောင်း သိရသည်။
Comments