မေတ္တာရှင်ဖောင်ဒေးရှင်း (စစ်ကိုင်း) ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြဝါဒခံယူပွဲ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းသို့ မန္တလေးမြို့ ကာယကံမေတ္တာရှင်အဖွဲ့မှ ထာဝရငွေပဒေသာပင်စိုက်ထူလှူဒါန်းခြင်း အခမ်းအနား
မိုးမခ အထောက်တော်၊ စစ်ကိုင်း
သြဂုတ် ၁၇၊ ၂၀၁၁
မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ စစ်ကိုင်းမြို့မှ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ၁၃၇၃ ခု ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့တွင် အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်မှ ဦးဆောင် ဖွဲ့စည်း၍ ငွေပဒေသာပင် သုံးသိန်းကျပ် လှူဒါန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း သဒ္ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပရာ မန္တလေးမြို့ ကာယကံမေတ္တာရှင်အဖွဲ့မှ အဖွဲ့သားများ စုံညီစွာတက်ရောက်ကြပါသည်။
အခမ်းအနားကို နံနက် ၇ နာရီတွင် နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်၍ မြန်မာနိုင်ငံ ကာယကံမေတ္တာရှင်၊ မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့များ၏ ဦးစီးပဓာန နာယကဆရာတော် ဖြစ်တော်မူသော ဆရာတော် အရှင်ဇဝန မေတ္တာရှင် (ရွှေပြည်သာမှ) သြဝါမိန့်ကြားပေးခဲ့ပြီး စစ်ကိုင်းမြို့တွင် ဖွဲ့စည်းထားသေ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့အား ကျန်းမာရေးကူညီမှုအတွက် ငွေပဒေသာပင် သုံးသိန်းကျပ်လှူဒါန်းခဲ့ပြီး၊ မြန်မာနိုင်ငံ ကာယကံမေတ္တာရှင်အဖွဲ့နှင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့များ၏ အကျိုးတော်ဆောင် ဆရာတော် ဦးကောဝိဒ (သဒ္ဓမ္မပါလ ကျောင်းတိုက်) မှ မေတ္တာရှင်ဖောင်ဒေးရှင်း စစ်ကိုင်းမြို့အတွက် တစ်သိန်းကျပ်၊ ကိုနေလင်း (လင်းမြန်မာ ငွေထည် ကြေးထည်မိသားစု၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်) မှ ငါးသောင်းကျပ်၊ စစ်ကိုင်းမြို့ ဘိုသု (ကွမ်းယာ)မှ ငါးသောင်းကျပ် လှူဒါန်းပေးခဲ့ကြပါသည်။
ထို့နောက် မေတ္တာရှင်ဖောင်ဒေးရှင်း (စစ်ကိုင်း) မှ နာယက ဆရာတော်ဖြစ်တော်မူသော စစ်ကိုင်းမြို့ မြစကြာကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အရှင်ဣန္ဒကာဘိဝံသမှလည်း သြဝါဒချီးမြှင့်ပေးခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းမြို့ သဒ္ဓမ္မပါလကျောင်းတိုက် ဆရာတော် ဦးကောဝိဒမှလည်း သြဝါဒ ချီးမြှင့်ပေးခဲ့ပါသည်။ စစ်ကိုင်းမြို့ ပန်တြာဦးမြကြည်မှလည်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေးခဲ့ပြီး အဖွဲ့ဝင်အသီးသီး၏ ဆန္ဒခံယူမှုကို ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ ကိုဝင်းဘို (ကျောက်စိမ်း)၊ ကိုတွတ်+ဒေါ်ခိုင် (ကားဝပ်ရှော့)၊ ကိုသောင်း (မန္တလေး)၊ ကိုကောင်းစိန်+မအေးမွန် (အင်ဂျင်ဝိုင်)၊ ကိုအောင် (မြတ်တော်ဝင်ရေယာဉ်)၊ ကိုအောင် (သံရေကျို)၊ ကိုဇော်မြင့် (ကွန်ပျူတာ) ကိုနေထိုက်ဦး (ဖက်တီး)၊ … … … (ရွှေမြန်မာဆိုင်ကယ်အပိုပစ္စည်း)၊ ဒေါ်ကြင်ကြင်မြိုင် (မန္တလေး)၊ ဒေါ်ပေါက်စီ (မန္တလေး)၊ မစု (မန္တလေး)၊ မစိုး (ရတနာကဖေး) တို့မှ အသီးသီး တဦးချင်း ဆွေးနွေးခဲ့ကြပါသည်။
မန္တလေးအဖွဲ့များ
ဆက်လက်ပြီး ရွှေမြန်မာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် မိသားစုတို့မှလည်း စစ်ကိုင်းမြို့ မြရတနာ ရပ်ကွက်ရှိ ကလေးများအား မုန့်ဟင်းခါး တိုက်ကျွေးကုသိုလ်ယူခဲ့ကြပြီး မန္တလေးမြို့ ကာယကံ မေတ္တာရှင် အဖွဲ့ဝင်များမှ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော “စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်း အသင်း” အတွက် ထာဝရငွေပဒေသာပင် တစ်သိန်း ကိုးသောင်းကျပ်အား စိုက်ထူ လှူဒါန်းပေးခဲ့ကြပါပြီး နဝကမ္မ ခြောက်သောင်းကျပ်နှင့် သင်္ကန်း စသော လှူဖွယ်ဝတ္တုများအား လှူဒါန်းခဲ့၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီး ဆုံးခဲ့ကြပါသည်။
မေတ္တာအခါတော်နေ့တွင် မေတ္တာရှင်ဆရာတော် ဦးဆောင်မှုဖြင့် မေတ္တာရှင်ဖောင်ဒေးရှင်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (စစ်ကိုင်း) ကို ဖွဲ့စည်းခဲ့ရာ အဆိုပါအဖွဲ့သို့ ဆက်သွယ်လှူဒါန်းလိုသူများ ၀၉-၄၇၀၆၃၀၆၂၊ ၀၉-၂၁၁၀၂၀၂၊ ၀၉-၉၁၀၄၁၅၄၀၊ ၀၉-၂၀၃၅၄၅၈၊ ၀၁၁-၂၉၀၃၆၂ ၊ ၀၉-၂၀၁၃၈၁၁၊ ၀၉-၆၈၁၃၈၁၁၊ ၀၉-၉၁၀၁၃၈၁၁၊ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။
အီးမေးလ်မှ ဆက်သွယ်လိုသူများအတွက်
ဦးကောဝိဒ
Kovida9@gmail.com
ကိုဇော်သိင်္ခ
zawtk07@googlemail.com
စစ်ကိုင်းမေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ဝင်များ
နာယကဆရာတော်များ
၁။ ဒေါက်တာ နန္ဒမာလာဘိဝံသ
၂။ အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)
၃။ အရှင်ဣန္ဒကာဘိဝံသ (မြစကြာ၊ စစ်ကိုင်း)
သြဝါဒ ဆရာတော်ကြီးများ
၁။ ရတနာဓူဝံဆရာတော်
၂။ ဇိနောဒယ ပရိယတ္တိစာသင်တိုက်ဆရာတော်
၃။ အောင်မြေသာစည်ကျောင်းဆရာတော်
၎။ ဝိပဿနာကျောင်းဆရာတော်
Comments