ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ (အပိုင်း -၂)
ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ မှ ယနေ့တိုင်ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရဲဝံ့တက်ကြွစွာ ပြည်သူလူထုကြီးနှင့်အတူ ရုန်းကန်နေမှုကို ကဗျာဆရာ မောင်နွေထက်က အောက်ပါအတိုင်း ခံစားရေးဖွဲ့ထားသည်။
၆၆ ဒါမှမဟုတ် ဒီမိုကရေစီအလင်းပွင့်ထဲက မဟာအာဇာနည်
(မောင်နွေထက်)
(မောင်နွေထက်)
ဒီမိုကရေစီစနစ်ကို ပုံဖော်ရာ၌
တဦးတယောက်ထဲလုပ်ဆောင်လို့မရနိုင်ပါဘူး။
လုပ်သားပြည်သူအားလုံး ပူးပေါင်းလုပ်ကိုင်
ဆောင်ရွက်မှသာ ရရှိနိုင်မှာဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်
၆၆….တဲ့
အမှောင်ခေတ်အိုကြီးထဲက
တောက်ပတဲ့အလင်းသက္ကရာဇ်
ရွှေရောင်တွေနဲ့ ၀င်းထိန်
သေခြင်းမဲ့ အလင်းအိမ်ပေါ်ကတေး
ငါ….ဟောဒီမနက်ခင်းသစ်ထဲမှာမွေးလို့…
၆၆…တဲ့
ဒီမိုကရေစီသစ် အနာဂတ်ခေါ်သံ
ဒီမို…ဆိုတာ…ပြည်သူ
ကရေစီ….ဆိုတာ…အာဏာ
ဒီမို…ဆိုတာ…လူထု
ကရေစီ….ဆိုတာ…အခွင့်အရေး
လူထုအာဏာ လူထုအခွင့်အရေး
လူထုကိုပြန်ပေး
ငါတို့ မဟာပြည်သူတွေကို
ငါတို့ မဟာပြည်သူတွေပိုင်တဲ့
ငါတို့ပိုင်တဲ့ ငါတို့ဒီမိုကရေစီကို
ငါ….မဟာပြည်သူတွေကိုပြန်ပေး
နှလုံးသွေးထဲက ငါတို့မဟာပြည်သူတရပ်လုံးရဲ့
မဟာဒီမိုကရေစီတိုက်ပွဲ
ကြည့်စမ်း ….ကောင်းကင်ကြီးကွဲမတတ် ပွက်ပွက်ညံလို့ …
၆၆… တဲ့
ရေဒီယိုအသံလှိုင်းထဲမှာ ယုံကြည်ပွင့်တွေလှိုင်းထ
လူထုဗေဒရနံသစ်တွေနဲ့ မွှေးဝေနေတဲ့
အမေရဲ့ဒီမိုကရေစီခေါ်သံအလင်းတေးက
သမိုင်းအမှန်တရားထဲမှာ
ဟိံသစ္စံတွေနဲ့ ထာဝရပျံသန်း
ဒါ… ငါတို့ချစ်တဲ့ ငါ့မဟာနိုင်ငံတော်ရဲ့အလင်းတံခါးပေါ့ ..
၆၆…တဲ့
နှင်းဆီရိုင်းသစ်တွေပွင့်ဝေလှိုင်းထ
အာဏာတော်လှန်တဲ့ခေတ်ပြိုင်ထဲက မဟာနွေဦး
ဇွန် ၁၉ ရဲ့ယုံကြည်ချက်မိုးပွင့်ဦးကို ခူးဆွတ်ဖို့
ဝိညာဉ်အလင်းလမ်းကိုဖောက်
ကိုယ်ကျိုးစွန့်စိတ်နဲ့ အနာဂတ်အိပ်မက်ကိုတူးဖေါ်
သံမဏိရောင်တောက်နေတဲ့ ရိုးမကြီးတွေက
ယုံကြည်ပွင့်အလံကိုရင်ကွဲမတတ်လွှင့်ထူလို့…
၆၆…တဲ့
ကမ္ဘာထဲက မဟာအလင်းသင်္ကေတ
နှလုံးသားမဟာ ဒီမိုကရေစီအလင်းတိုက်ကိုဖွင့်ပြ
ညသားအမှောင်အိုဆိုးကြီးထဲက
နုပျိုစိမ်းလန်းလာမယ့် မနက်ခင်းစစ်စစ်ကိုမျှော်
ဒီမိုကရေစီအလင်းတိုက်ပွဲခေါ်သံအတောင်ယှက်
လွတ်မြောက်ရေးတိုက်ပွဲအတွက် ယုံကြည်ချက်
အသက်နဲ့ဇွဲခပ်
စကြ၀ဋ္ဌာကမ္ဘာထဲမှာ ရဲရဲမက်လို့…
၆၆…တဲ့
အာဇာနည်မဟာသူရဲကောင်းတို့လမ်း
ယုံကြည်မှုအသက်ဝိညာဉ်နဲ့ဖြတ်သန်း
မဟာပြည်သူတွေလာသောလမ်းမှာ
နှလုံးသားကိုခင်း
ကြည့်စမ်း…ဒီမိုကရေစီပန်းတွေက
လင်းထိန်ဝင်းလက်ကောင်းကင်သစ်ကြီးပေါ်တက်လို့…
၆၆…တဲ့
သံမဏိယုံကြည်ချက်ဟာ
လွတ်မြောက်ရေးတိုက်ပွဲအတွက်…ဓါး
ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့အမှောင်အိုထဲမှာ
ရဲရဲပွင့်ပြူ ဒီမိုကရေစီခေတ်ဦးအလံမှာ
နှလုံးသားနဲ့လွှင့်ထူ
ပြည်သူတွေအတွက်ထာဝရယုံကြည်ချက်နဲ့
ငြိမ်းချမ်းရေးချိုးဖြူငှက်ကလေးပျံသန်းဖို့
ဗဟုဝါဒသစ်ရဲ့အလင်းမြို့ကိုတည်လာပြီး…
၆၆…တဲ့
အတုမဲ့မဟာအာဇာနည်သခင်အောင်ဆန်းရဲ့
လွတ်လပ်ရေးတိုက်ပွဲမှသည်
ခု…ခေတ်ပြိုင်ထဲက မဟာဒီမိုကရေစီသစ်တိုက်ပွဲရဲ့
မဟာအာဇာနည်
ငါတို့မဟာပြည်သူတွေချစ်တဲ့
အောင်ဆန်းစုကြည်
ကမ္ဘာတည်မည့်အလင်းလမ်းကိုဖေါက်
ဟော…၆၆…တဲ့ ပြက္ခဒိန်ထဲက အလင်းသက္ကရာဇ်
အမေ့ရင်အုံမြေသင်းခဲထဲက ဖွားမြင်လာတော့မယ်
မဟာဒီမိုကရေစီအလင်းလမ်းကိုဖေါက်
တို့ခေတ်ကိုရောက်ရမည်မှာမလွဲပါ
တို့ဗမာမဟာသီချင်းထဲက မဟာကဗျာစာသား
မဟာဒီမိုကရေစီအလင်းလမ်းပေါ်မှာ
ကြည့်ကြစမ်းဟေ့
မဟာဒီမိုကရေစီပန်းသစ်တွေ
ဝေလို့…….။ ။
... .... .....
တဦးတယောက်ထဲလုပ်ဆောင်လို့မရနိုင်ပါဘူး။
လုပ်သားပြည်သူအားလုံး ပူးပေါင်းလုပ်ကိုင်
ဆောင်ရွက်မှသာ ရရှိနိုင်မှာဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်
၆၆….တဲ့
အမှောင်ခေတ်အိုကြီးထဲက
တောက်ပတဲ့အလင်းသက္ကရာဇ်
ရွှေရောင်တွေနဲ့ ၀င်းထိန်
သေခြင်းမဲ့ အလင်းအိမ်ပေါ်ကတေး
ငါ….ဟောဒီမနက်ခင်းသစ်ထဲမှာမွေးလို့…
၆၆…တဲ့
ဒီမိုကရေစီသစ် အနာဂတ်ခေါ်သံ
ဒီမို…ဆိုတာ…ပြည်သူ
ကရေစီ….ဆိုတာ…အာဏာ
ဒီမို…ဆိုတာ…လူထု
ကရေစီ….ဆိုတာ…အခွင့်အရေး
လူထုအာဏာ လူထုအခွင့်အရေး
လူထုကိုပြန်ပေး
ငါတို့ မဟာပြည်သူတွေကို
ငါတို့ မဟာပြည်သူတွေပိုင်တဲ့
ငါတို့ပိုင်တဲ့ ငါတို့ဒီမိုကရေစီကို
ငါ….မဟာပြည်သူတွေကိုပြန်ပေး
နှလုံးသွေးထဲက ငါတို့မဟာပြည်သူတရပ်လုံးရဲ့
မဟာဒီမိုကရေစီတိုက်ပွဲ
ကြည့်စမ်း ….ကောင်းကင်ကြီးကွဲမတတ် ပွက်ပွက်ညံလို့ …
၆၆… တဲ့
ရေဒီယိုအသံလှိုင်းထဲမှာ ယုံကြည်ပွင့်တွေလှိုင်းထ
လူထုဗေဒရနံသစ်တွေနဲ့ မွှေးဝေနေတဲ့
အမေရဲ့ဒီမိုကရေစီခေါ်သံအလင်းတေးက
သမိုင်းအမှန်တရားထဲမှာ
ဟိံသစ္စံတွေနဲ့ ထာဝရပျံသန်း
ဒါ… ငါတို့ချစ်တဲ့ ငါ့မဟာနိုင်ငံတော်ရဲ့အလင်းတံခါးပေါ့ ..
၆၆…တဲ့
နှင်းဆီရိုင်းသစ်တွေပွင့်ဝေလှိုင်းထ
အာဏာတော်လှန်တဲ့ခေတ်ပြိုင်ထဲက မဟာနွေဦး
ဇွန် ၁၉ ရဲ့ယုံကြည်ချက်မိုးပွင့်ဦးကို ခူးဆွတ်ဖို့
ဝိညာဉ်အလင်းလမ်းကိုဖောက်
ကိုယ်ကျိုးစွန့်စိတ်နဲ့ အနာဂတ်အိပ်မက်ကိုတူးဖေါ်
သံမဏိရောင်တောက်နေတဲ့ ရိုးမကြီးတွေက
ယုံကြည်ပွင့်အလံကိုရင်ကွဲမတတ်လွှင့်ထူလို့…
၆၆…တဲ့
ကမ္ဘာထဲက မဟာအလင်းသင်္ကေတ
နှလုံးသားမဟာ ဒီမိုကရေစီအလင်းတိုက်ကိုဖွင့်ပြ
ညသားအမှောင်အိုဆိုးကြီးထဲက
နုပျိုစိမ်းလန်းလာမယ့် မနက်ခင်းစစ်စစ်ကိုမျှော်
ဒီမိုကရေစီအလင်းတိုက်ပွဲခေါ်သံအတောင်ယှက်
လွတ်မြောက်ရေးတိုက်ပွဲအတွက် ယုံကြည်ချက်
အသက်နဲ့ဇွဲခပ်
စကြ၀ဋ္ဌာကမ္ဘာထဲမှာ ရဲရဲမက်လို့…
၆၆…တဲ့
အာဇာနည်မဟာသူရဲကောင်းတို့လမ်း
ယုံကြည်မှုအသက်ဝိညာဉ်နဲ့ဖြတ်သန်း
မဟာပြည်သူတွေလာသောလမ်းမှာ
နှလုံးသားကိုခင်း
ကြည့်စမ်း…ဒီမိုကရေစီပန်းတွေက
လင်းထိန်ဝင်းလက်ကောင်းကင်သစ်ကြီးပေါ်တက်လို့…
၆၆…တဲ့
သံမဏိယုံကြည်ချက်ဟာ
လွတ်မြောက်ရေးတိုက်ပွဲအတွက်…ဓါး
ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့အမှောင်အိုထဲမှာ
ရဲရဲပွင့်ပြူ ဒီမိုကရေစီခေတ်ဦးအလံမှာ
နှလုံးသားနဲ့လွှင့်ထူ
ပြည်သူတွေအတွက်ထာဝရယုံကြည်ချက်နဲ့
ငြိမ်းချမ်းရေးချိုးဖြူငှက်ကလေးပျံသန်းဖို့
ဗဟုဝါဒသစ်ရဲ့အလင်းမြို့ကိုတည်လာပြီး…
၆၆…တဲ့
အတုမဲ့မဟာအာဇာနည်သခင်အောင်ဆန်းရဲ့
လွတ်လပ်ရေးတိုက်ပွဲမှသည်
ခု…ခေတ်ပြိုင်ထဲက မဟာဒီမိုကရေစီသစ်တိုက်ပွဲရဲ့
မဟာအာဇာနည်
ငါတို့မဟာပြည်သူတွေချစ်တဲ့
အောင်ဆန်းစုကြည်
ကမ္ဘာတည်မည့်အလင်းလမ်းကိုဖေါက်
ဟော…၆၆…တဲ့ ပြက္ခဒိန်ထဲက အလင်းသက္ကရာဇ်
အမေ့ရင်အုံမြေသင်းခဲထဲက ဖွားမြင်လာတော့မယ်
မဟာဒီမိုကရေစီအလင်းလမ်းကိုဖေါက်
တို့ခေတ်ကိုရောက်ရမည်မှာမလွဲပါ
တို့ဗမာမဟာသီချင်းထဲက မဟာကဗျာစာသား
မဟာဒီမိုကရေစီအလင်းလမ်းပေါ်မှာ
ကြည့်ကြစမ်းဟေ့
မဟာဒီမိုကရေစီပန်းသစ်တွေ
ဝေလို့…….။ ။
... .... .....
ယနေ့တိုင်အာဏာရှင်တို့၏ အကျဉ်းထောင်၌ပြစ်ဒဏ်ကျခံနေရသော ကဗျာဆရာနှင့် ဘလော့ကာ ကိုနေဘုန်းလတ်ကလည်း ပြည်သူကို ချစ်သော…ပြည်သူကချစ်သော…သူ ခေါင်းစဉ်ဖြင့် ဒေါ်စုအား ထောင်တွင်းမှ အောက်ပါအတိုင်း ဂုဏ်ပြုရေးဖွဲ့ပေးခဲ့သည်။
ပြည်သူကိုချစ်သော … ပြည်သူကချစ်သော …သူ
(နေဘုန်းလတ်)
(နေဘုန်းလတ်)
အဲဒီမျက်ဝန်းရဲ့
နူးညံ့ပြတ်သားသောအကြည့်တွေအောက်မှာ
စိုးရွံ့အားငယ်စိတ်တွေပြေလျော့ကွယ်ပျေက်သွား
အဲဒီနှုတ်ခမ်းက
ဝံ့စားချိုမြိန်သောအပြုံးတွေဖူးအပွင့်မှာ
မျှော်လင့်ချက်အသေတွေပြန်ရှင်သန်လန်းစွင့်လာ…
အဲဒီနှလုံးသားက
ပြေပြစ်ညင်သာသော ရင်ခုန်သံစည်းချက်မှ
အသွယ်သွယ်သောလားရာတွေပေါင်းဆုံရှေ့ဆက်ကြ..
သူ့မျက်ဝန်းတွေက ငါတို့အတွက် စွမ်းအား
သူ့နှုတ်ခမ်းက ငါတို့ကိုအပ်တဲ့အလင်းရောင်
သူ့နှလုံးသားက ငါတို့ဖွေရှာနေတဲ့အလှတရား
သူဟာ…ပိတ်ထားခံရတဲ့တံခါးအထပ်ထပ်ကို
ရင်နဲ့ရင်းပြီးတိုးဖွင့်တိုးထွက်သူ
သူဟာ…ရဲရင့်ခြင်းပြယုဂ်ကို ထုဆစ်ဖန်ဆင်း
စိတ်ဝိညာဉ်တွေကို ကြောက်ရွံ့ခြင်းမှ လွတ်ကင်းစေသူ
သူဟာ…မေတ္တာလက်နက်ကို အပြုံမပျက်ကိုင်စွဲ
အမုန်းတံတားတွေကို ငြိမ်းချမ်းခြင်းနှင့်ပြိုလဲစေသူ
သူ…..
အဘိုးအဘွားတို့ရဲ့…..သမီးစု
ဦးဦး ဒေါ်ဒေါ်တို့ရဲ့…….မစု
မောင်တို့မယ်တို့ရဲ့…..အန်တီစု
သားတို့သမိးတို့ရဲ့…..အမေစု
တိုင်းပြည်နဲ့လူမျိုးရဲ့….အောင်ဆန်းစုကြည်
သူဟာ….မိသားစုတိုင်းရဲ့မိသားစုဝင်
အပေးအယူမဲ့ မြတ်နိုးချစ်ခင်ခြင်းတွေနဲ့
အပြန်အလှန်မေတ္တာသက်ဝင်ခဲ့ကြ…
ပြည်သူကိုချစ်သော…ပြည်သူကချစ်သောသူ့ကို
ပြည်သူ့လူထုရဲ့နှလုံးသားတွေထဲကနေ
ဘယ်လိုမှဖယ်ထုတ်လို့မရပေဘူး။ ။
.... .... ....
နူးညံ့ပြတ်သားသောအကြည့်တွေအောက်မှာ
စိုးရွံ့အားငယ်စိတ်တွေပြေလျော့ကွယ်ပျေက်သွား
အဲဒီနှုတ်ခမ်းက
ဝံ့စားချိုမြိန်သောအပြုံးတွေဖူးအပွင့်မှာ
မျှော်လင့်ချက်အသေတွေပြန်ရှင်သန်လန်းစွင့်လာ…
အဲဒီနှလုံးသားက
ပြေပြစ်ညင်သာသော ရင်ခုန်သံစည်းချက်မှ
အသွယ်သွယ်သောလားရာတွေပေါင်းဆုံရှေ့ဆက်ကြ..
သူ့မျက်ဝန်းတွေက ငါတို့အတွက် စွမ်းအား
သူ့နှုတ်ခမ်းက ငါတို့ကိုအပ်တဲ့အလင်းရောင်
သူ့နှလုံးသားက ငါတို့ဖွေရှာနေတဲ့အလှတရား
သူဟာ…ပိတ်ထားခံရတဲ့တံခါးအထပ်ထပ်ကို
ရင်နဲ့ရင်းပြီးတိုးဖွင့်တိုးထွက်သူ
သူဟာ…ရဲရင့်ခြင်းပြယုဂ်ကို ထုဆစ်ဖန်ဆင်း
စိတ်ဝိညာဉ်တွေကို ကြောက်ရွံ့ခြင်းမှ လွတ်ကင်းစေသူ
သူဟာ…မေတ္တာလက်နက်ကို အပြုံမပျက်ကိုင်စွဲ
အမုန်းတံတားတွေကို ငြိမ်းချမ်းခြင်းနှင့်ပြိုလဲစေသူ
သူ…..
အဘိုးအဘွားတို့ရဲ့…..သမီးစု
ဦးဦး ဒေါ်ဒေါ်တို့ရဲ့…….မစု
မောင်တို့မယ်တို့ရဲ့…..အန်တီစု
သားတို့သမိးတို့ရဲ့…..အမေစု
တိုင်းပြည်နဲ့လူမျိုးရဲ့….အောင်ဆန်းစုကြည်
သူဟာ….မိသားစုတိုင်းရဲ့မိသားစုဝင်
အပေးအယူမဲ့ မြတ်နိုးချစ်ခင်ခြင်းတွေနဲ့
အပြန်အလှန်မေတ္တာသက်ဝင်ခဲ့ကြ…
ပြည်သူကိုချစ်သော…ပြည်သူကချစ်သောသူ့ကို
ပြည်သူ့လူထုရဲ့နှလုံးသားတွေထဲကနေ
ဘယ်လိုမှဖယ်ထုတ်လို့မရပေဘူး။ ။
.... .... ....
ကဗျာဆရာမြဒေါင်းနွယ်၏ ကရုဏာကဗျာနှင့် မောင်သိန်းခိုင်၏ မောင်ခွင်းဖို့ ကဗျာတို့မှာလည်း အတွေးနယ်ချဲ့စရာပေ။
ကရုဏာ
(မြဒေါင်းနွယ်)
အမေ
သူမသည်
ဗိုလ်ချုပ်၏သမီး
တိုင်းပြည်၏မီးရှူးတန်ဆောင်
ဒီမိုကရေစီ၏အလှဖုရား
လွတ်လပ်ခြင်း၏ဖီးနစ်ငှက်
ရိုးသားခြင်း၏သံတမန်
ညီညွတ်ခြင်း၏မျိုးစေ့ချသူ
အမေ
သူမသည်
စစ်အာဏာကြီးစိုးရေးကိုတွန်းလှန်
ပြည်သူအားလုံး၏အသည်းနှလုံး
ညှိုးချုံးချိနဲ့နေတဲ့ အမိပြည်စီးပွားရေးကို
ထာဝစဉ်တွေးအလေးပေးသူ
တိုင်းရင်းသားအားလုံး၏ မိခင်
အမျိုးသားရင်ကြားစေ့ရေး
ထာဝစဉ်တွေး အလေးပေးသူ
အိုမေမေ
တိုင်းပြည်တိုးတက်၊ ကိုယ်ကျိုးမဖက်
မျိုးမြတ်ဇာနည်၊ ဇာမဏီမို့
ထာဝစဉ်အပြုံးပြည်ရွာက
ထာဝစဉ်နှလုံးကြည်သာစေ။ ။
... .... ....
မောင်ခွေးဖို့ကဗျာ
(မောင်းသင်းခိုင်)
ခြေလက်မဲ့ပေမယ့်
ပစ်ချင်ရာကိုပစ်လိုက်တဲ့
ပစ်စ်တိုင်းထောင်တယ်ကွဲ့။ ။
ဆက်လက်ဖော်ပြပါမည်။
(မြဒေါင်းနွယ်)
အမေ
သူမသည်
ဗိုလ်ချုပ်၏သမီး
တိုင်းပြည်၏မီးရှူးတန်ဆောင်
ဒီမိုကရေစီ၏အလှဖုရား
လွတ်လပ်ခြင်း၏ဖီးနစ်ငှက်
ရိုးသားခြင်း၏သံတမန်
ညီညွတ်ခြင်း၏မျိုးစေ့ချသူ
အမေ
သူမသည်
စစ်အာဏာကြီးစိုးရေးကိုတွန်းလှန်
ပြည်သူအားလုံး၏အသည်းနှလုံး
ညှိုးချုံးချိနဲ့နေတဲ့ အမိပြည်စီးပွားရေးကို
ထာဝစဉ်တွေးအလေးပေးသူ
တိုင်းရင်းသားအားလုံး၏ မိခင်
အမျိုးသားရင်ကြားစေ့ရေး
ထာဝစဉ်တွေး အလေးပေးသူ
အိုမေမေ
တိုင်းပြည်တိုးတက်၊ ကိုယ်ကျိုးမဖက်
မျိုးမြတ်ဇာနည်၊ ဇာမဏီမို့
ထာဝစဉ်အပြုံးပြည်ရွာက
ထာဝစဉ်နှလုံးကြည်သာစေ။ ။
... .... ....
မောင်ခွေးဖို့ကဗျာ
(မောင်းသင်းခိုင်)
ခြေလက်မဲ့ပေမယ့်
ပစ်ချင်ရာကိုပစ်လိုက်တဲ့
ပစ်စ်တိုင်းထောင်တယ်ကွဲ့။ ။
ဆက်လက်ဖော်ပြပါမည်။
Comments