Buffalo Burmese demonstrate situation of political prisoners in Burma

ဘတ်ဖဲလိုးမှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ကျင်းပ
မောင်မောင်ဝမ်း၊ စက်တင်ဘာ ၁၁၊ ၂၀၁၁
စက်တင်ဘာ ၁၀၊ ၂၀၁၁ ညနေ ၄နာရီ အချိန်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ..မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း ရပ်တည်နေထိုင်မှု့များကို သရုပ်ဖော်ပြသသည့် အခမ်းအနားတရပ်ကျင်းပခဲ့ပါသည်။ ဒေသဆိုင်ရာအာဏာပိုင်များနှင့် စိတ်ဝင်စားသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ပြီး တက်ရောက်လာသူများက သိလိုသည့်မေးခွန်းများကိုေ မးမြန်းရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ယင်းသရုပ်ဖော် တင်ဆက်သည့် အခမ်းအနားတင်ဆက်ရခြင်း၏ ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ၊ အမေရိကန်ဌာနခွဲ )၏ ဥက္ကဌ ဦးမျိုးသန့်က ရှင်းလင်းပြောကြားရာတွင် - မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိကြောင်း၊ ၎င်းနိုင်ငံရေးအကျဉ်းသားများမှာ နေ့စဉ်နဲ့အမျှ ဒုက္ခဆိုးများနဲ့ ရင်ဆိုင်နေရကြောင်း၊ ၎င်းတို့လွှတ်မြောက်ရေးအတွက် အားလုံး ၀ိုင်းဝန်းကူညီကြရန်၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိကြောင်း ကမ္ဘာက သိရှိရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Comments