၉၄ ခုနှစ် တွေ့ဆုံမှုအကြောင်းကို ဒုဝန်ကြီးဟောင်း ပြန်လည် ဖွင့်ချ
မိုးမခအထောက်တော် အမှတ် ၀၀၁
စက်တင်ဘာ ၁၇၊ ၂၀၁၁
မိုးမခအထောက်တော် အမှတ် ၀၀၁
စက်တင်ဘာ ၁၇၊ ၂၀၁၁
၂၀၀၄ စက်တင်ဘာတွင် ဗိုလ်ချုပ်ကြီးတို့က သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့စဉ် ၎င်းတို့၏ အထူးကိုယ်စားလှယ်အဖွဲ့က နိုင်ငံတကာသို့ သွားရောက်ပြီး မြန်မာပြည်ဖြစ်ထွန်းမှုအခြေအနေများကို ပြောပြကြသည် (ဓာတ်ပုံ-slorc)ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာပြည် "ပကတိအခြေအနေမှန်ကိုမှန်များ"ကို မသိကြသေးသည့် နိုင်ငံပေါင်း ၁၄ ခုသို့ အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုက်သည့် ၁၉၉၄ ခုနှစ် စက်တင်ဘာလတွင် အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သည်ဟု ထိုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ယခုလ ၂ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်တွင် ရေးလိုက်သည်။
ကိုယ်စားလှယ်အဖွဲ့၏ ၂ လကျော်ကြာခရီးကို ထိုစဉ်က နိုင်ငံခြားရေးဒုဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ညွှန့်ဆွေ (ကလောင်အမည် မောင်ဆွေသက်) က ဦးဆောင်သည်။
ပြင်သစ်သို့ ရောက်ရှိစဉ် ပြင်သစ်နိုင်ငံခြားရေးဌာနကို ရန်ကုန်မှ ကြီး၂ကြီး၏ တွေ့ဆုံမှုအကြောင်း မည်သို့ပြောပြရမည်နည်းဟု စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၁ (ဗိုလ်ချုပ်ခင်ညွန့်)ထံ ညွှန်ကြားချက် တောင်းခဲ့သည်။
အတွင်းရေးမှူး ၁ က "မတွေ့ရတာကြာတဲ့ မိသားစုတွေ ခုမှ ပထမအကြိမ် ပြန်တွေ့တာမို့ ထွေထွေထူးထူး မရှိပါဘူးလို့သာ ပြောထားပေါ့ဗျာ” ဟု တယ်လီဖုန်းဖြင့် အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။
ဒုဝန်ကြီးဟောင်း ဦးညွှန့်ဆွေက လျှပ်တစ်ပြက်ဂျာနယ်တွင် ထိုသို့ ရေးသားရာတွင်
ပြီးခဲ့သည့်လက သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်း အကြောင်းကိုလည်း ယှဉ်တွဲ ရေးသားထားသည်။
နိုင်ငံရေးအကဲခတ်တချို့ကမူ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခြင်းမှာ နိုင်ငံတကာဖိအားများ လျှော့ချလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
စာရေးသူကမူ ထိုတွေ့ဆုံပွဲကို နှစ်သက်ကြောင်း ရေးထားပြီး ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပုံကို "ကျက်သရေအရှိဆုံးမျက်နှာထားများ" ဖြစ်သည်ဟု ဆိုသည်။
စာရေးဆရာ မောင်ဆွေသက်သည် ဗိုလ်မှူးကြီး ညွှန့်ဆွေဘ၀က ဗကပ ဒေသတွင် တိုက်ပွဲဝင်ခဲ့ပြီး၊ နောက်ပိုင်း နိုင်ငံခြားရေးဒုဝန်ကြီး ဖြစ်လာသည်ဟု သူ၏ "ကဒူးမမှ မော်ဖသို့" စာအုပ်တွင် ရေးထားသည်။
Comments