SF Bay Burmese invites Essay Competition

ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲအထိမ်းအမှတ်
စာစီစာကုံး ဆောင်းပါးပြိုင်ပွဲဖိတ်ခေါ်
မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၂၂၊ ၂၀၁၁

          ဒီတခေါက် လာမယ့် အောက်တိုဘာ ၈၊ ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေချစ်သူများနဲ့ BADA အဖွဲ့တို့ ၀ိုင်းဝန်းကျင်းပကြတဲ့ စာပေဟောပြောပွဲမှာ ထူးထူးခြားခြား မြန်မာကလေးငယ်များနဲ့ စာပေ၀ါသနာရှင်များအတွက် စာစီစာကုံးဆောင်းပါးဖိတ်ခေါ်ပွဲကို ထည့်သွင်းထားပါတယ်။ သူတို့ရဲ့ ဖိတ်စာက အောက်ပါအတိုင်းဖြစ်ပါတယ်။
" … လူမျိုးတစ်မျိုးရဲ့ စစ်မှန်ထူးခြားလှပတဲ့ ပင်ကိုယ်သဘာဝ အလှများများကို အခြားဘယ်ဘာသာ ဘယ်စကားနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။ ရှိတ်စပီးယားဝတ္ထုတွေကို မြန်မာပြန်လို့ သူ့ရဲ့မူလသဘာဝ မထိမမိနိုင်သလို ဦးပုညရဲ့ လင်္ကာတွေကိုလည်း အင်္ဂလိပ်ဘာသာအပါအဝင် အခြားဘယ်ဘာသာနဲ့မှ အစားထိုးပြန်ဆိုလို့ သု့မူလအလှကို မှီနိုင်မယ် မဟုတ်ပါဘူး။ 
အခြားအခြားသော ကျနော်တို့ရဲ့ မြန်မာစာ မြန်မာ့စကားထဲမှာ ယှဉ်တွဲကာပျော်ဝင်နေတဲ့ မြန်မာ့ဓလေ့ မြန်မာ့ရိုးရာ နှစ်သက်စရာ ယဉ်ကျေးမှုရတနာတွေကိုလည်း အခြားဘယ်ဘာသာ ဘယ်စကားနဲ့မှ အစားထိုးလို့ ရနိုင်မယ် မဟုတ်ပါဘူး။
ဘာသာစကားတစ်ခု မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ ယဉ်ကျေူးမှုကို စောင့်ရှောက်ထိန်းသိမ်းခြင်းပါမက အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်စောင့်ရှောက်ပေးခြင်းလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့တတွေ နှစ်စဉ်မပျက် ဆရာကြီး၊ဆရာမကြီးများကို ဖိတ်ကြားပြီး စာပေဟောပြောပွဲများ ကိုကျင်းပခဲ့ပါတယ်။
ခုများမှာဆို စာပေဟောပြောပွဲများရဲ့ တန်ဖိုးကို သဘောပေါက်လာကြတာကြောင့် ကျနော်တို့ရဲ့ အမိမြေမှာပါမက မြန်မာများရောက်ရှိနေထိုင်ကြတဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများမှာပါ စာပေဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြတာကို ကြားသိကောင်းက ကြားသိကြမှာပါ။
ကျနော်တို့ ဆန်ဖရန်စစ္စကို ဗေးဧရိယာစာပေဝသနာရှင်များအနေနဲ့တော့ တမူထူးခြားစွာ လူငယ်များအတွက် မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲနဲ့ အသက်အရွယ်မျိုးစုံအတွက် ဆောင်းပါးပြိုင်ပွဲကို ထည့်သွင်းထားပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သော မိမိတို့ နှစ်သက်ရာ စာစီစာကုံး / ဆောင်းပါးများကို ရေးသားပေးပို့ ရန် အထူးမေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။
ဆောင်းပါးများကို ကွန်ပျူတာဖြင့်ရေးပါလျှင် နှစ်မျကနှာခွဲ(fontsize12)သို့ မဟုတ် လက်ရေးဖြင့်ရေးပါက လေးမျက်နှာခန့် ရေးသားကြရပါမည်။
ပထမဆုကို ဆုငွေဒေါ်လာ ၁၅၀၊ ဒုတိယဆုကို ဆုငွေဒေါ်လာ ၇၀၊ တတိယဆုကို ဆုငွေဒေါ်လာ ၄၀ အသီးသီး ချီုးမြင့်သွားမည် ဖြစ်ပါသည်။
မိမိတို့ ၏စာစီစာကုံး / ဆောင်းပါးများကို scanner ဖြင့် scan  2011literarytalk-competitions@gmail.comသို့ ၁၀ လပိုင်း ရက်နေ့ နောက်ဆုံးထား၍ပေးပို့ ကြပါရန် မေတ္တာရပ်ခံပါသည်။
စာစီစာကုံး/ ဆောင်းပါးများကိုမိမိတို့ နှစ်သက်ရာကလောင်အမည်ဖြင့် ပေးပို့နိုင်ပါသည်။ ပထမ ၊  ဒုတိယ၊ တတိယရရှိသော စာစီစာကုံး/ဆောင်းပါးများကို စာပေဟောပြောပွဲတွင် ဖတ်ကြားပေးသွားပါမည်။
အချိန်| 6:00 pm -10 pm
နေရာ| Los Cerritos Community Center – Fremont. 3377 Alder Ave.
          Fremont, CA 94536
နေ့ ရက်| October 8, 2011 (Saturday)  
ဆက်သွယ်ရန် - 510 574 5442, 510 420 7779 , 415 420 1504 ..."

Comments