မြန်မာထိုင်းနယ်စပ်မှာ ဆင်တကောင် မိုင်းထိပြန်ပြီ
AP သတင်းဌာန
စက်တင်ဘာ ၁၃၊ ၂၀၁၁
မိုင်းဒဏ်ကြောင့်ရှေ့ဘယ်ခြေ ဒဏ်ရာရသွားသည့် ဆင်ကို ဆေးရုံတွင် တွေ့ရသည့် ပုံ ဖြစ်သည်။ (AP photo)
AP သတင်းဌာန
စက်တင်ဘာ ၁၃၊ ၂၀၁၁
မိုင်းဒဏ်ကြောင့်ရှေ့ဘယ်ခြေ ဒဏ်ရာရသွားသည့် ဆင်ကို ဆေးရုံတွင် တွေ့ရသည့် ပုံ ဖြစ်သည်။ (AP photo)ထိုင်းနိုင်ငံမှ ဆင်တကောင်သည် မြန်မာပြည်၊ ကရင်ပြည်နယ်အတွင်းသို့ တနင်္ဂနွေနေ့က ၀င်ရောက် သွားလာစဉ် မြေမြှုပ်မိုင်း ထိပြီး ဒဏ်ရာရသွားသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ အာရှဆင်တို့၏မိတ်ဆွေများ ဟူသော အဖွဲ့အစည်းမှ Soraida Salwala က ထို အသက် ၂၂ နှစ် အရွယ်ရှိ ဆင်ထီးသည် မြေမြှုပ်မိုင်းကွဲသဖြင့် ရှေ့ခြေတချောင်း ဒဏ်ရာပြင်းထန်စွာ ရသွားသည်ဟု ပြောသည်။
ဆင်အမည်မှာ Pa Hae Po ဖြစ်သည်။ သူ့အား ထိုင်းမြောက်ပိုင်း Lampang မြို့ ဆေးရုံသို့ ပို့ထားပြီး ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ရသည်ဟု Salwala က ပြောဆိုသည်။
ဆေးရုံကို ၁၉၉၃ တွင် အစပြုခဲ့ခြင်းဖြစ်သည်။ ဆေးရုံဖွင့်ချိန်မှ ယခုချိန်အထိ ဒဏ်ရာရ ဆင်ပေါင်း များစွာကို ကုသပေးခဲ့ရာ ယခုဆင်သည် ၁၄ ကောင်မြောက် ဖြစ်သည်။
ယခုအခါ ဆေးရုံတွင် ဆင်လူနာ ၃ ကောင် ရှိနေသည်။
မြန်မာပြည်တွင် ဆယ်စုနှစ် အတန်ကြာ စစ်ဖြစ်နေရာ အစိုးရကရော သူပုန်တို့ကပါ မြေမြှုပ်မိုင်း သုံးနေကြသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။
(ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လာသော AFP သတင်းကို မိုးမခက ဆီလျော်စွာ ဘာသာပြန်ဆိုသည်)
Comments