ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်း ၃ နှစ်ပြည့် အခမ်းအနား၊
ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတွင် ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၉၊ ၂၀၁၁
စက်တင်ဘာ ၄၊ တနင်္ဂနွေနေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊
မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်တွင် ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်းအဖွဲ့၏ ၃ နှစ်ပြည့်
အထိမ်းအမှတ်ကုသိုလ်ပွဲ ကျင်းပခဲ့သည်။ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများအနက်
ဖရီးမောင့်မှ ကျောင်း ၂ ကျောင်း၊ ဟေးဝဒ်မှ ကျောင်း ၁ ကျောင်း၊ ဒေးလီးစီးတီးမှ
ကျောင်း ၁ ကျောင်း၊ ဟတ်ဖ်မွန်းဘေးက ကျောင်း ၁ ကျောင်း၊ ဥက္ကလံမြို့ က ကျောင်း ၁
ကျောင်း စုစုပေါင်း ကျောင်း ၆ ကျောင်း တို့ထံက သံဃာတော် ၁၂ ပါးကျော်
တက်ရောက်ချီးမြှင့် သြ၀ါဒပေးကြသည်ကို တွေ့ရသည်။
ရတနာ့ဂုဏ်ရည် ဓမ္မသင်တန်းကို ဗုဒ္ဓဘာသာဝင် မြန်မာမိသားစု
လူကြီးလူငယ်များဖြင့် စုပေါင်းဖွဲ့စည်းခဲ့ကြပြီး ဘေးဧရိယာတွင်
သီတင်းသုံးနေထိုင်သော ဆရာတော်များနှင့် ဖွဲ့စည်းထားသည့် သြ၀ါဒစရိယဆရာတော်များထံက
သြ၀ါဒလမ်းညွှန်မှုများနှင့် ဓမ္မသင်တန်းများ၊ တရားပွဲတော်များ စဉ်ဆက်မပြတ်
ကျင်းပခဲ့ကြသည်။ ထို့အပြင် ဘေးဧရိယာရှိ မြန်မာ ဘာသာရေးနှင့်
လူမှုရေးစေတနာဝန်ထမ်းလုပ်ငန်းများတွင်လည်း တက်ကြွညီညွတ်စွာ ဆောင်ရွက်ကြသော လူကြီး၊
လူငယ်များ ဖြစ်ကြသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံများကို သူတို့၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ အသေးစိတ်
သွားရောက် ကြည့်ရှုနိုင်ပါသည်။ ဓာတ်ပုံများကို အဲသည်ကပဲ ကူးယူပါသည်။ http://www.facebook.com/media/set/?set=a.206748626056155.54915.100001630574405
Comments