BBC News Online and the controversial map


အငြင်းပွားဖွယ် ပြေပုံအရေး BBC ရှင်းလင်း
BBC
အောက်တိုဘာ ၂၉၊ ၂၀၁၁

BBC News Online က ရေးသားသော ဆောင်းပါးပါ မြေပုံဖော်ပြချက်နဲ့ ပတ်သက်လို့ သဘောထား မှတ်ချက်တွေ ရေးပို့လာတာကို ဘီဘီစီ မြန်မာပိုင်းက လက်ခံရရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မြန်မာပိုင်း အစီအစဉ်က BBC News Online ကို ဆက်သွယ် မေးမြန်းတဲ့ အခါ BBC News Online က အောက်ပါ ရှင်းလင်းချက်ကို ဒီကနေ့ ပေးပို့လာပါတယ်။

Thank you for your comments. The map was not intended as an exhaustive look at every ethnic group in Burma. Rather it was intended to flag up minority peoples in Burma's border regions who are prominent because they are engaged in either disputes or conflict with the Burmese government. The line linking the Rohingya to Arakan state was not intended to imply ownership of the state or to marginalise the Rakhine people, but simply to show readers the state in which the Rohingya live. The text linked to the image of the Rohingya makes it clear that they are not granted Burmese citizenship. We have now adjusted the line on our map to give a clearer picture of where the Rohingya are to be found. We have also added a section featuring the Rakhine people. On the second page, we have amended our text to make a distinction between minority groups and recognised ethnic groups. Thank you for reading the BBC News website.

သဘောထား မှတ်ချက်တွေ ရေးသားပေးပို့သည့် အတွက် ကျေးဇူးတင်ပါသည်။ ဆောင်းပါးနှင့် ပူးတွဲပါ မြေပုံမှာ မြန်မာနိုင်ငံ အတွင်း ရှိနေကြသော လူနည်းစုတွေ အားလုံးအကြောင်း ပြည့်ပြည့်စုံစုံ လေ့လာတင်ပြဖို့ ရည်ရွယ်ခဲ့ခြင်းမဟုတ်ပါ။

မြန်မာ နိုင်ငံ နယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခ ဖြစ်နေကြသော လူနည်းစုများမှ လူသိများသော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။

ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင်တိုင်းရင်းသားများကို ဖယ်ရှားချန်ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ။

ဆောင်းပါး ဖတ်ရှုသူများကို ရိုဟင်ဂျာများ မည်သည့် နေရာတွင် ရှိသည်ကို ဖော်ပြလိုခြင်းသာ ဖြစ်ပါသည်။

ဓါတ်ပုံနှင့် ပူးတွဲ ဖော်ပြထားသော စာသားများအရလည်း ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် အစိုးရက နိုင်ငံသား အဖြစ် အသိအမှတ်ပြုမထားကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။

အခုတော့ ရိုဟင်ဂျာများ ရှိသောနေရာကို ပိုရှင်းလင်းအောင် မြေပုံကို ဖော်ပြထားပြီး၊ ရခိုင်တိုင်းရင်းသားများ အကြောင်းကိုလည်း ဖြည့်စွက် ဖော်ပြထားပါသည်။

ဒုတိယစာမျက်နှာမှာလည်း လူနည်းစုများနှင့် တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသားများအကြား ကွဲကွဲ ပြားပြား ရှိစေရန် စာသားကို ပြင်ဆင် ဖြည့်စွက် ဖော်ပြထားပါသည်။

BBC News ဝက်ဘ် ဆိုက်ကို ဝင်ရောက် ကြည့်ရှုသည့် အတွက် ကျေးဇူးတင်ပါသည်။

Comments