Gaddafi captured in hometown Sirte

ကဒါဖီကို ဖမ်းမိပြီ၊ ဒဏ်ရာကြောင့် သေဆုံးဟု သတင်းများ ထွက်ပေါ်
မိုးမခအထောက်တော် အမှတ် ဝ၁၂
အောက်တိုဘာ ၂၀၊ ၂၀၁၁ အင်တာနက်တွင် ပေါ်ပေါက်လာသော သွေးသံရဲရဲနှင့်လူတဦး၏ပုံမှာ ကဒါဖီဖြစ်သည်ဟု ဆိုသည်

လစ်ဗျား အာဏာရှင် ဗိုလ်မှူးကြီး ကဒါဖီ ကြာသပတေးနေ့ တိုက်ပွဲတခုတွင် ဖမ်းဆီးရမိကြောင်း လစ်ဗျားနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကောင်စီ အရာရှိများက ပြောသည်။ သူ၏ ဇာတိမြို့ Sirte တွင် ပုန်းအောင်း ခုခံနေရာမှ ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ကဒါဖီ သေဆုံးသွားသည်ဟု လစ်ဗျားအရာရှိတချို့ ပြောဆိုနေကြသော်လည်း သူ၏ ရုပ်အလောင်းကို စာနယ်ဇင်းများတွင် မတွေ့ရသေးပေ။

Comments