မေမေနှင့် စကားပြောခြင်း
ကမာပုလဲ
အောက်တိုဘာ ၅၊ ၂၀၁၁

မေမေရေ ...
မိစ္ဆာ၀ံပုလွေဆိုတဲ့ သတ္တ၀ါတွေမှာ
မေတ္တာတရားကို ရှာဖွေတွေ့ရှိနိုင်ပါသလား ...။
ကျနော်ငယ်ငယ်
မေမေပြောပြောပြတတ်တဲ့
အိပ်ယာဝင်ပုံပြင်တွေထဲ ...
အမှန်တရားက အမြဲတမ်း ...
အောင်ပွဲခံတယ်နော် ... မေမေ။
မျက်မမြင်မိဘနှစ်ပါးကို
အနီးထံပါး မခွဲမခွာ
အလုပ်အကျွေးပြုရှာတဲ့ သားကလေးဟာ
မြှားဆိပ်သင့်ခဲ့တာတောင်
အသက်ဘေးကလွတ်လို့
(ကျနော်ကတော့ မေမေကွယ်လွန်ချိန်
ဟိုး အဝေးကြီးမှာ ... ခုထိ)
မိဘတွေထံ ရွှေအိုးထမ်း ပြန်နိုင်ရှာသတဲ့ ...
အဲဒါ ... မေမေပြောပြခဲ့တဲ့ ပုံပြင်စစ်စစ်
တကယ်ဖြစ်ခဲ့တာလားလို့ ကျနော်ကမေးတော့
မေမေက ရယ်တယ်လေ ...။
မသိလို့ မေးပါရစေမေမေရယ်
လူတယောက်ရဲ့ ...
သစ္စာတရားနဲ့ ဂုဏ်သိက္ခာကို
မလိုသူတွေက ...
လုပ်ကြံဖျက်ဆီးလို့ရပါသလား မေမေ ...။
ဘယ်လို ... မေမေ ... ဘယ်လို
အမှန်တရားဆိုတာ
သတ္တိရှိရှိနဲ့
သူ့အချိန်ကို သူ
တိုက်ပွဲနှင့်အတူ ...
ယုံယုံကြည်ကြည် စောင့်ဆိုင်းတတ်လေတယ် ...
ဟုတ်တယ်နော် ... မေမေ။
နောက်တခုက
ဘာတဲ့ ... မေမေ
ဝက်ယုတ် မသူတော်က
ပတ္တမြားဂူကို ညစ်ထေးနွမ်းရစ်လေအောင်
သူ့ကိုယ်က မစင်နွံညစ်နဲ့
ပက်စက်ယုတ်မာ ...
ကြိမ်ဖန်များစွာ ပွတ်ပါသော်ငြား
ပတ္တမြားဂူဟာ ... တိုး၍ တိုး၍သာ ပြောင်လက်ဝင်းပ
အဲဒီညက တိမ်စင်လမင်း သာခဲ့တယ်လေ မေမေ ...။
မေမေရေ ...
မိစ္ဆာ၀ံပုလွေဆိုတဲ့သတ္တ၀ါတွေမှာ
မေတ္တာတရားကို ရှာဖွေတွေ့ရှိနိုင်ပါသလား ...
ဒီနေ့
ကျနော့်ကိုယ် ... ကျနော်
ပြန်လည်ရရှိလိုက်တယ် ... မေမေ။ ။
အောက်တိုဘာ ၅၊ ၂၀၁၁

မေမေရေ ...
မိစ္ဆာ၀ံပုလွေဆိုတဲ့ သတ္တ၀ါတွေမှာ
မေတ္တာတရားကို ရှာဖွေတွေ့ရှိနိုင်ပါသလား ...။
ကျနော်ငယ်ငယ်
မေမေပြောပြောပြတတ်တဲ့
အိပ်ယာဝင်ပုံပြင်တွေထဲ ...
အမှန်တရားက အမြဲတမ်း ...
အောင်ပွဲခံတယ်နော် ... မေမေ။
မျက်မမြင်မိဘနှစ်ပါးကို
အနီးထံပါး မခွဲမခွာ
အလုပ်အကျွေးပြုရှာတဲ့ သားကလေးဟာ
မြှားဆိပ်သင့်ခဲ့တာတောင်
အသက်ဘေးကလွတ်လို့
(ကျနော်ကတော့ မေမေကွယ်လွန်ချိန်
ဟိုး အဝေးကြီးမှာ ... ခုထိ)
မိဘတွေထံ ရွှေအိုးထမ်း ပြန်နိုင်ရှာသတဲ့ ...
အဲဒါ ... မေမေပြောပြခဲ့တဲ့ ပုံပြင်စစ်စစ်
တကယ်ဖြစ်ခဲ့တာလားလို့ ကျနော်ကမေးတော့
မေမေက ရယ်တယ်လေ ...။
မသိလို့ မေးပါရစေမေမေရယ်
လူတယောက်ရဲ့ ...
သစ္စာတရားနဲ့ ဂုဏ်သိက္ခာကို
မလိုသူတွေက ...
လုပ်ကြံဖျက်ဆီးလို့ရပါသလား မေမေ ...။
ဘယ်လို ... မေမေ ... ဘယ်လို
အမှန်တရားဆိုတာ
သတ္တိရှိရှိနဲ့
သူ့အချိန်ကို သူ
တိုက်ပွဲနှင့်အတူ ...
ယုံယုံကြည်ကြည် စောင့်ဆိုင်းတတ်လေတယ် ...
ဟုတ်တယ်နော် ... မေမေ။
နောက်တခုက
ဘာတဲ့ ... မေမေ
ဝက်ယုတ် မသူတော်က
ပတ္တမြားဂူကို ညစ်ထေးနွမ်းရစ်လေအောင်
သူ့ကိုယ်က မစင်နွံညစ်နဲ့
ပက်စက်ယုတ်မာ ...
ကြိမ်ဖန်များစွာ ပွတ်ပါသော်ငြား
ပတ္တမြားဂူဟာ ... တိုး၍ တိုး၍သာ ပြောင်လက်ဝင်းပ
အဲဒီညက တိမ်စင်လမင်း သာခဲ့တယ်လေ မေမေ ...။
မေမေရေ ...
မိစ္ဆာ၀ံပုလွေဆိုတဲ့သတ္တ၀ါတွေမှာ
မေတ္တာတရားကို ရှာဖွေတွေ့ရှိနိုင်ပါသလား ...
ဒီနေ့
ကျနော့်ကိုယ် ... ကျနော်
ပြန်လည်ရရှိလိုက်တယ် ... မေမေ။ ။
Comments