ရန်ကုန်၊
လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက်က ဖယ်ရှားခံရသူ ဆိုင်ခန်းရှင်များ ဆန္ဒပြ
ဓာတ်ပုံသတင်း၊
(မက်ဆင်ဂျာ၊ သည်ဗွိုင့်ဂျာနယ်များ)၊ အောက်တိုဘာ ၃၊ ၂၀၁၁
ယမန်နေ့ အောက်တိုဘာ ၂ ရက်က
ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာကုန်တိုက်မှ ဖယ်ရှားခံရသူ
ဈေးဆိုင်ခန်းရှင်များက လမ်းမပေါ်ထွက်ပြီး ကုန်တိုက်ကို
ပုဂ္ဂလိကလုပ်ငန်းရှင်သို့ လွှဲပြောင်းရောင်ချသည့် ၀န်ကြီးဌာနနှင့်
အာဏာပိုင်တို့အား ကန့်ကွက်ဆန္̔ဒပြကြသည်ကို တွေ့ရသည်။
The Voice အင်တာနက်စာမျက်နှာတွင်
သက်ဆိုင်ရာတို့က ကုန်တိုက်ကို ၀င်ရောက်ပြီး သော့ခတ်ထားသော ဆိုင်ခန်းများကို
ဖောက်ဖျက်ဝင်ရောက်သည်ဟု ရေးသားထားသည်။
စီးပွားကူးသန်းမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက
ပိုင်ဆိုင်ပြီး ငှားရမ်းထားသော ဆိုင်ခန်းများရှိသည့် ပြည်မြန်မာကုန်တိုက်ကို
AA အုပ်စုနှင့် MMRDတို့က လေလံဆွဲပြီး ၀ယ်ယူခဲ့သည်ဟု သိရသည်။ ဆိုင်ခန်းပေါင်း
၉၀ ကျော်နှင့် ပြည်မြန်မာကုန်တိုက်ကို ၁၉၉၈ မှ ၀န်ကြီးဌာနက စတင်ငှားရမ်းခဲ့ပြီး
၂၀၁၁ ဖေဖော်ဝါရီတွင် လေလံဖြင့် ပြင်ပသို့ ရောင်းချခဲ့သည်။ ဇွန်လ နောက်ဆုံးထားပြီး
ဆိုင်ခန်းပိုင်ရှင်များ (ငှားရမ်းထားသူများ) ကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။
Comments