some political prionsers freed

နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာ
မိုးမခအထောက်တော် ရန်ကုန်၊ အောက်တိုဘာ ၁၂၊ ၂၀၁၁

ယနေ့နံနက် အင်းစိန်ထောင်မှ လွတ်လာသူများ (ဓာတ်ပုံ - AFP)

လက်ရှိအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွတ်မြောက်လာသည်တွင် နိုင်ငံရေးအကျဉ်းသား အချို့လည်း ပါဝင်သည်။ တနိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ပါဝင်သည်ဟု သတင်းများကို အွန်လိုင်းစာမျက်နှာနှင့် ဂျာနယ်ဝက်ဆိုက်တို့တွင် ရေးသားထားသော်လည်း အစိုးရတာဝန်ရှိသူတို့က အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။
ရန်ကုန် အင်းစိန်ထောင်မှ လွတ်မြောက်သူများ အနက် ကိုစောနိုင်၊ မယဉ်ကြည်၊ မသန်းသန်းဋ္ဌေး၊ မအေးသီခိုင်။
ရွှေဘိုထောင်မှ ကိုကြည်သာထွန်း၊ ကိုအောင်ကျော်မိုး၊ မလေးလေးမွန်၊ မရင်ရင်ဝိုင်း၊ ကိုထွန်းဝင်းအောင်၊ ကိုကျော်မင်းဆန်း။
လားရှိုးထောင်မှ ကိုအောင်ဇော်ဦး၊ ကိုအုန်းကျော်၊မတင်တင်ချို၊ ဦးစိန္တိက။
ပြည်ထောင်မှ ကိုအောင်ကျော်၊ ကိုမြင့်လွင်ဦး။
ပခုက္ကူထောင်မှ ကိုချစ်ကိုလင်း။
ဗန်းမော်ထောင်မှ ကိုသန်းဇော်၊ ကိုဘိုဘိုမြင့်။
မအူပင်ထောင်မှ မနိုးနိုးခေါ် မနွဲ့နှင်းရည်တို့ လွတ်မြောက်လာသည်ဟု နေ့ခင်းပိုင်းထိ ၀င်လာသည့် သတင်းများအရသိရသည်။
မော်လမြိုင်ထောင်မှ အကျဉ်းသား ၅၈ ဦးလွတ်သည့်အနက် နိုင်ငံရေး အကျဉ်းသား ၃ ဦးပါဝင်သည်။ ကိုမိုးထက်သျှမ်း၊ ဦးသက်ဦး၊ မဖြိုးဖြိုးအောင် တို့ဖြစ်သည်။ မဖြိုးဖြိုးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေ၀င်း က မော်လမြိုင်မြို့တွင် သွားကြိုသည်ဟု သိရသည်။
ဖေ့ဘွတ်စာမျက်နှာတခုတွင် – “မြစ်ကြီးနားထောင်က လူရွှင်တော် ဇာဂနာ။
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင်။
ကလေးထောင်မှ ကိုမင်းအောင် (တောင်ကုတ်) ၊ ဦးအေးချို (ပျော်ဘွယ်) ၊ ဦးသိန်းလွင်ဦး (ရန်ကုန်) ၊ ကိုလှိုင်မျိုး (ရန်ကုန်) ၊ ကိုမြင့်နိုင် (ဟင်္သာတ) ၊ ကိုအောင်အောင် (ချင်းပြည်နယ်)။
တို့ ပါဝင်ကြောင်း ရေးသားထားသည်။

Comments

Anonymous said…
It was old photo taken on 17 May 2011

http://www.latimes.com/news/nationworld/world/la-fg-myanmar-prisoners-20111012,0,7704676.story