အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြရခြင်းအကြောင်း နိုင်ငံရေးအကျဉ်းသားများ၏
ပြည်သူသို့ ထုတ်ပြန်ချက်
မိုးမခကထပ်ဆင့်ဖြန့်ချိပေးပါသည်၊
အောက်တိုဘာ ၂၉ ၊ ၂၀၁၁
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား
မိသားစုများအကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ချက်
၁၃၇၃ခုနှစ် ၊ သီတင်းကျွတ်လကွယ်နေ့ ။ (၂၀၁၁ခုနှစ် အောက်တိုဘာလ ၂၆ရက်)
လျှော့ရက်ခံစားခွင့်မရှိသော သီးသန့် ၊ သာမန်သီးသန်
့အကျဉ်းသားများအား လျှော့ရက်ခံစားခွင့်ပေးရေး
အင်းစိန်အကျဉ်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ၏
အစာငတ်ခံဆန္ဒပြမှု
သေဒဏ်ကျအကျဉ်းသားများ၊ နှစ်အကန့်အသတ်မရှိကျခံနေသောအကျဉ်းသားများ၊
ထောင်တစ်သက် လွတ်ရက်မရှိ အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း ရရှိခံစားခွင့်ရှိသော
လျှော့ရက်များကို စစ်အစိုးရ လက်ထက် ၁၉၉၇ခုနှစ်မှစတင်ကာ သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများ
၊ နိုင်ငံရေးအကျဉ်းများ (သို့ ) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ (သို့ ) လွတ်လပ်လိုမှုကြောင့်
အကျဉ်းကျခံရသူများအား ရုတ်သိမ်း ခဲ့သည်မှာ ယနေ့ ထိတိုင်အောင်ဖြစ်ပါသည်။
ယင်းကဲ့သို့  လျှော့ရက်ခံစားခွင့်များရုတ်သိမ်းခဲ့မှုကြောင့်
သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများမှာ ပြစ်ဒဏ်ချမှတ်ခံရသည့်နှစ်များအတိုင်း အကျဉ်းထောင်များအတွင်း
အပြည့် အ၀ကျခံနေရပါသည်။ နိုင်ငံသားတိုင်းသည် တရားဥပဒေ၏ ကာကွယ်ပေးမှုကို တန်းတူညီမျှ
ခံစားခွင့်ရှိပါသည်။ ယခုကဲ့သို့သီးသန့်၊ သာမန်သီးသန့်အကျဉ်းသားများအား လျှော့ရက်ခံစားခွင့်ရုတ်သိမ်းမှုသည်
တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်အပေါ်အုပ်ချုပ်ရေးမဏ္ဍိုင်မှ လွမ်းမိုးချုပ်ကိုင်ထားမှုပင်ဖြစ်ပါသည်။
ရသင့်ရထိုက်ရခွင့်ရှိသော လျှော့ရက်ခံစားခွင့်များကိုမပေးခြင်းသည်
လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ပင်ဖြစ်သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ မေလ ၁၆ ရက်နေ့ရက်စွဲဖြင့်
လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်ကြေငြာချက်တွင်လည်း အကျဉ်းသားတိုင်းအား သာမန်လျှော့ရက်
ခံစားခွင့်ပေးရှိထားကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် တွင်မူ သီးသန့် ၊ သာမန်သီးသန်
့အကျဉ်းသားများမှာလျှော့ရက်ခံစားခွင့် လုံးဝရရှိခြင်း မရှိပေ။
သီးသန့် ၊ သာမန် သီးသန့်  အကျဉ်းသားများ (နိုင်ငံရေးအကျဉ်းသားများ)
(သို့ ) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (သို့) လွတ်လပ်လိုမှုကြောင့် အကျဉ်းကျခံရသူများကို
လျှော့ရက်ခံစားခွင့်ရုတ်သိမ်းထားမှုသည် “ခေတ်စနစ်များ ပြောင်းလဲသွားပြီ၊ ဒီမိုကရေစီစနစ်ကို
ကျင့်သုံးအကောင်အထည်ဖော်နေပြီ ၊ လူ့ အခွင့် အရေးကိစ္စရပ်များကို တန်ဖိုးထား အရှိန်မြှင့်
ဖော်ဆောင်နေပြီ၊ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်အား ခွဲခြား၍ ကျင့်သုံးအကောင်အထည်ဖော်နေပြီ”
ဟုပြောဆိုနေသည့် ယနေ့ကာလတွင် ခွဲခြားဖိနှိပ်ထားသော ဆိုးဝါးလှ သည့် အမဲစက်ကြီးတစ်ခုပင်ဖြစ်သည်။
ဖွဲ
့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေး များနှင့်တာဝန်များအခန်းပါ
အပိုဒ်(၃၄၇) အရလည်း ငြိစွန်းနေပါသည်။ ထောင်ဒဏ်ကျခံနေရသည့်အကျဉ်း သားတိုင်း ရရှိခံစားခွင့်ရှိသောလျှော့ရက်များကိုသီးသန့်၊
သာမန်သီးသန့်အကျဉ်းသားများအား ပြန်လည်ခံစားခွင့် ပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့်
ယခုအချိန်မှစတင်ကာ (၂၆.၁၀.၂၀၁၁) နေ့လည် (၁၂ နာရီ)အချိန်တွင် အစာငတ်ခံ ဆန္ဒပြမှုပြုလုပ်သွားမည်ဖြစ်ကြောင်း
ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအပါအ၀င် နိုင်ငံတကာ ပြည်သူလူထုအားအသိပေး အကြောင်းကြားအပ်ပါသည်။
ဘာသာရေး အသင်းအဖွဲ့များ လူထုလူတန်းစား အသီးသီးမှ၎င်း
၊ ကုလသမဂ္ဂ အာဆီယံ အပါအ၀င် နိုင်ငံတကာ အစိုးရအဖွဲ့ များ၊ ပြည်သူများ၊ ဘာသာရေး အသင်းအဖွဲ့များ
၊ လူ့အခွင့်အရေးအဖွဲ့များမှနေ၍ ကျွန်ုပ်တို့အစာငတ်ခံဆန္ဒပြတိုက်ပွဲအား အောင်မြင်စေရန်
ဝိုင်းဝန်း ကြိုးပမ်း အားပေးထောက်ခံသွားကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။
အင်းစိန်အကျဉ်းထောင်
ထောင်နံပါတ်
|
နိုင်ငံရေအကျဉ်းသားအမည်
|
အဘအမည်
|
ပြစ်ဒဏ်
|
အဆောင်
|
တိုက်
|
အခန်း
|
၁၀/၁၂၆၇၆
|
ကိုညီညီထွန်း
|
ဦးသန်းစိုး
|
၁၈နှစ်
|
၅
|
၈
|
၆
|
၁၁/၀၁၈၀၉
|
ကိုသော်ဇင်(ခ) ငပိန်
|
ဦးသိန်းတန်
|
၈နှစ်
|
၅
|
၈
|
၉
|
၁၀/၁၅၄၆၈
|
ကိုကောင်းမြတ်လှိုင်
|
ဦးအေးသောင်း
|
၁၂နှစ်
|
၅
|
၈
|
၁၀
|
၁၀/၁၁၇၅၇
|
ကိုစောနိုဘယ်
|
ဦးစောချမ်းသာအေး
|
၉နှစ်
|
၅
|
၉
|
၃
|
၁၀/၁၄၀၀၃
|
ကိုသန်းနိုင်ဦး
|
ဦးတင်အောင်
|
၃နှစ်
|
၅
|
၉
|
၎
|
၁၀/၀၀၉၇၁
|
ကိုဝဏ္ဏဌေး(ခ)၀ိသုဒ္ဓိ
|
ဦးဝင်းဦး
|
၅နှစ်
|
၅
|
၉
|
၆
|
၁၀/၀၉၆၂၉
|
ကိုအောင်နိုင်
|
ဦးစံရဲကျော်
|
၆နှစ်
|
၅
|
၉
|
၁၀
|
၀၅/၀၈၀၀၀
|
ကိုဥာဏ်ထွန်းလင်း(ခ)ရန်နိုင်
|
ဦးမြသန်း
|
၂၂နှစ်
|
၅
|
၈
|
၅
|
၀၇/၀၉၂၃၀
|
ကိုကိုအောင်
|
ဦးစိုးဝင်း
|
၁၄နှစ်
|
၅
|
-
|
၇
|
၀၇/၀၉၂၃၁
|
ကိုအင်တာ(ခ)စပိုင်
|
ဦးစိုးဝင်း
|
၁၄နှစ်
|
၅
|
-
|
၆
|
၀၂၂၉၉၇
|
ဆွမ်ခန့် သွမ်
|
ဦးဒုံခိုင်
|
၁၂နှစ်
|
၃
|
-
|
-
|
၀၆၄၇၅
|
ကိုဇင်မင်းရှိန်
|
ဦးတင်ရှိန်
|
၂၃နှစ်
|
၅
|
၉
|
၁
|
၀၈/၁၂၃၈၂
|
ဦးစန္ဒိမာ(ခ)ထွန်းနောင်
|
ဦးအုန်းမြင့်
|
၈နှစ်
|
၎
|
-
|
၆
|
၀၉၅၃၀/က
|
ကိုအောင်မိုးဇော်
|
ဦးကျန်မောင်
|
၆နှစ်
|
၅
|
-
|
၇
|
၁၀/၁၂၆၇၅
|
ကိုစိုးမိုးထွန်း
|
ဦးတင်ထွန်း
|
၁၈နှစ်
|
၅
|
-
|
၎
|

Comments