စားဖိုမှူးကျော်သူ - ၅၂
ဓာတ်ပုံသတင်း
နိုဝင်ဘာာ ၂၊ ၂၀၁၁
ဓာတ်ပုံသတင်း
နိုဝင်ဘာာ ၂၊ ၂၀၁၁
ကျော်သူ Facebook တွင် ယနေ့ တွေ့ရသော ဓာတ်ပုံနှင့် စာများကို ကူးယူဖော်ပြသည်
လူမျိုးမရွေး ဘာသာမရွေး သုံးဆောင်နိုင်သောဂျုံ၊ ကြက်ဥ၊ နွားနို့တို့ဖြင့် ပြုလုပ်ထားသော Pan Cake (ဥရောပအစားအစာ)ကိုသကြား၊ သံပုရာသီး၊ Jam တို့နှင့် တွဲဖက်၍ သုံးဆောင်စားသောက်ရသည့် အာဟာရအစားအသောက်ကိုဦးကျော်သူ၏ မိခင်ဖြစ်သူဒေါ်မြသန်းသည် ဦးကျော်သူတို့ မောင်နှမ (၃) ယောက် ငယ်စဉ်ဘ၀က မကြာခဏနေအိမ်၌ ကိုယ်တိုင်လုပ်ကျွေးခဲ့သည့် အစားအသောက်ဖြစ်သည်။
တက္ကသိုလ်ရောက်သည့် အချိန်တွင် ဇနီးဖြစ်သူဒေါ်ရွှေဇီးကွက်နှင့် သမီးရည်းစားဘ၀တွင် မကြာခဏဦးကျော်သူကိုယ်တိုင် နေအိမ်တွင် မုန့် ပြုလုပ်ပြီးတက္ကသိုလ်ကျောင်းသို့ ယူဆောင်ကာဒေါ်ရွှေဇီးကွက်အားကျွေးမွေးခဲ့သေးသည်။
ယနေ့ ၂.၁၁.၂၀၁၁ ရက်နေ့ ဦးကျော်သူ၏ (၅၂)နှစ်ပြည့် မွေးနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်း များ၊ အသင်းသူ/သားများ၏ မွေးနေ့အမှတ်တရအစားအသောက်တစ်ခုခုကျွေးမွေးရန် တောင်းဆိုချက် ကြောင့် ဦးကျော်သူသည် ကိုယ်တိုင်ကိုယ်ကျ ယင်း Pan Cake အားကျွေးမွေးဒါနပြုခဲ့သည်။
ညနေပိုင်းတွင် ဦးကျော်သူနှင့် ရွှေဇီးကွက်တို့၏ နှစ်ဖက်သောမိဘများထံကိုယ်တိုင်ပြုလုပ်ထားသော Pan Cake အားသွားရောက်ကျွေးမွေးခဲ့သည်။
Comments