နိုဝင်ဘာ ၁၉
စနေနေ့တွင် ဆန်ဖရန်ဘေးဧရိယာက ဧရာဝတီချစ်သူများ ဆွေးနွေးပွဲကျင်းပမည်
မိုးမခအထောက်တော်
၀၀၂၊ နိုဝင်ဘာ ၈၊ ၂၀၁၁
အောက်တိုဘာ ၃၀
ရက်စွဲနှင့် ထုတ်ပြန်သည့် ကြေညာချက်အရ ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာပြည်နှင့်
ဧရာဝတီချစ်သူ မြန်မာမိသားစုများ၊ မိတ်ဆွေများက ဧရာဝတီမြစ်နှင့်
ပတ်ဝန်းကျင်အရေးကိစ္စ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးနိုင်ရန်နှင့်
လှုံဆော်စည်းရုံးနိုင်ရေးတို့အတွက် ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများကို
ဖိတ်ကြားပြီး ဆွေးနွေးပွဲကျင်းပမည့်အကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အဆိုပါ
ဖိတ်စာကို အောက်ပါအတိုင်းတွေ့နိုင်သည်။ မိုးမခ၏ ကြော်ငြာကဏ္ဍတွင်
ထိုအခမ်းအနားပြီးဆုံးသည်အထိ တင်ဆက်သွားမည် ဖြစ်သည်။
ဆွေးနွေးပွဲကို စိတ်ဝင်စားသူ
မည်သူမဆို တက်ရောက်နိုင်ရန် စီစဉ်ထားသည်။ တက်ရောက်မည့်အကြောင်း
ကြိုတင်စာရင်းသွင်းထားပါက အခမ်းအနားတွင် အဆင်ပြေအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
သိရှိလိုသည့် မေးခွန်းများလည်း ကြိုတင်ပေးသွင်းထားနိုင်ပါသည်။
ဆွေးနွေးပွဲနှင့် ကုန်ကျစာရိတ်များကို လုပ်အားပေးများ၊
စေတနာရှင်များ၊ အလှူရှင်များ၏ ကိုယ်ထူကိုယ်ထ ထည့်ဝင်ငွေများ၊
အများအလှူကောင်းမှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ တက်ရောက် အားပေးကြသူ
လူအင်အားစာရင်းသာမက ၀ိုင်းဝန်းသည့် အလှူစာရင်းများကိုပါ အများပြည်သူသို့
ထုတ်ပြန်မည် ဖြစ်သည်။
“ဧရာဝတီကို ချစ်ခင်သူတွေက
စောင့်ရှောက်ကာကွယ်ရေးဟာ အများအင်အားနဲ့ စနစ်တကျဝန်းရံတဲ့ အရေးဖြစ်တယ်ဆိုတာကို
ပြသတဲ့သဘောဖြစ်ပါတယ်။ ကိုယ့်မြို့နယ်အသီးသီးမှာလည်း အလားတူ လှုပ်ရှားမှုတွေ
လုပ်နိုင်ကြတယ်ဆိုတာကို ပြချင်တယ်။ ပြီးတော့ ထိုင်းနိုင်ငံမှာ၊
စင်္ကာပူမှာလည်း ရှေ့ကနေလှုပ်ရှားခဲ့ကြတာကိုလည်း အားပေးထောက်ခံမှုလည်း ပြပါတယ်” ဟု လုပ်အားပေးတဦး ပြောသည်။
19th
November 2011, Saturday
မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲသို့
ဖိတ်ကြားလိုက်ပါတယ်
Save Irrawaddy SF Campaign
Committee က လှိုက်လှဲစွာ ကြိုဆိုပါတယ်
လာမယ့် နိုဝင်ဘာ
၁၉၊ စနေနေ့၊ ဖရီးမောင့်မြို့ Centreville Community Center မှာ
နေ့လယ် ၂
နာရီက ၅ နာရီအထိ ကျင်းပမယ့် ဆွေးနွေးပွဲကို စိတ်ဝင်စားသူများအာလုံး တက်ရောက်ကြပါရန်
ညနေ ၂ နာရီ
မှ ၃ နာရီအထိ လဘက်ရည်၊ မုန့်မျိုးစုံနဲ့ ဧည့်ခံပါမယ်၊ ညနေ ၃ နာရီက ၅ နာရီအထိ ဟောပြောပွဲ၊
ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
ဧည့်သည်တော်များအဖြစ်
·
ဝါရှင်တန်ဒီစီက
မြန်မာအရေးလှုပ်ရှားသူ ကိုအောင်ဒင်၊
·
ဘာကလေးတက္ကသိုလ်မှာ
ပါရဂူဘွဲ့ဆည်းပူးနေသူ သတင်းစာဆရာ ကိုမင်းဇင်၊
·
ကချင်တိုင်းရင်းသားကွန်မြူနီတီ လှုပ်ရှားသူ
လူငယ်ကိုယ်စားလှယ်တဦး နဲ့
·
ဆန်ဖရန်အခြေစိုက်
International River Network က မိတ်ဆွေတဦး အပါအ၀င်
·
ဧရာဝတီအရေး
စိတ်ဝင်စားသူ ပညာရှင်များ၊ ကွန်မြူနီတီ ခေါင်းဆောင်များနဲ့ စုံလင်စွာ ကျင်းပပါမယ်။
… … … စက်တင်ဘာ ၃၀ နေ့မှာ
မြန်မာအစိုးရရဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို လက်ရှိအချိန်မှာ
ရပ်ဆိုင်းကြောင်းထုတ်ပြန်ခဲ့ေ ပမယ့် ထိုစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ၊
တရုတ်ကုမ္မဏီအပါအ၀င် မြန်မာအစိုးရအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ဆက်လက်
စွက်ဖက်မှုများ၊ ပြန်လည်တည်ဆောက်မှုများက ကာကွယ်ဖို့၊ ဧရာဝတီမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို
ဆက်လက် စောင့်ရှောက်ထိန်းသိမ်းဖို့ အရေးတကြီး လိုအပ်လျက်ရှိပါတယ်။ စိုးရိမ်ကြောင့်ကြစရာ
အခြေအနေများ ဆက်လက်ဖြစ်ပွားနေပါတယ်။ … … …
… … … ကျနော်တို့ ဧရာဝတီနှင့်
မြန်မာပြည်ချစ်မြတ်နိုးသူများ အနေဖြင့် ဧရာဝတီမြစ်ကြီးကို ကာကွယ်ရေး ဆောင်ရွက်နေတဲ့
မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာပြည်တွင်း
က စေတနာ့ဝန်ထမ်း
ပညာရှင်များ၊ စေတနာရှင် လုပ်အားပေးများ၊ အစုအဖွဲ့များ၊ အနုပညာရှင်များရဲ့ ဆောင်ရွက်ချက်များကို
ကူညီပံပိုး ထောက်ခံ အားပေးတဲ့ လှုပ်ရှားမှုများ၊ မိမိတို့ ဒေသအလိုက် လှုံဆော် စည်းရုံးမှုများ
တတ်စွမ်းသမျှ လက်တွဲ လုပ်ကိုင်ကြမယ် ဖြစ်ကြောင်း အသိပေးလိုက်ပါတယ် … … …
ဆက်သွယ်ရန်
- ကိုကျော်သူရ 415-420-1504, မခင်သီရိနန္ဒာစိုး (khinthirinandarsoe@gmail.com),
ကိုညီညီသန်း (510-552-9767), ကိုမိုးကျော် (650-834-0184), ကိုကျော်ဝင်း (babymoekyaw@yahoo.com)
ဧရာဝတီချစ်သူများဆွေးနွေးပွဲ
ဖြစ်မြောက်ရေး ကူညီကြသူ အလှူရှင်အမည်များကို ဂုဏ်ယူနိုင်ကြစေဖို့ ထည့်သွင်းဖော်ပြထားပါတယ်
ကုသလကာရီကျောင်းထိုင်ဆရာတော်
ဦးကောသံလ၊ ဆရာတော် ဦးနေမိန္ဒာဘိဝံသ၊ မနွေဦး (အစားအသောက်အလှူရှင်)၊ ကိုကိုလေး (Ko
Ko Photo)၊ Save Irrawaddy SF Campaign Committee Volunteers၊ (စာရင်းများ ဆက်လက်ကောက်ခံပြီး
တင်ပြလျက်ရှိပါတယ်)
Comments