ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများက နိုင်ကျဉ်း ၃၀၃ ဦး စာရင်း ထုတ်ပြန်
မိုးမခ၊ ဒီဇင်ဘာ
၂၆၊ ၂၀၁၁
ရန်ကုန်မြို့တွင်း
နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများကူညီစောင့်ရှောက်ရေး လှုပ်ရှားနေကြသော
နိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်/ကျဉ်း) မှ ပြုစုထားသော
အကျဉ်းသားစာရင်းတွင် အကျဉ်းထောင် ၂၃ ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၀၃ ယောက်
ရှိကြောင်း၊ ကျန်အကျဉ်းထောင်များ စာရင်းကို ဆက်လက်ပြုစုဆဲဖြစ်ကြောင်း
ထုတ်ပြန်လိုက်သည်။
အင်န်အယ်ဒီပါတီ၊
ထိုင်းအခြေစိုက် အေအေပီပီအဖွဲ့၊ နောက်ဆုံးလွတ်မြောက်လာသူများ၊
နိုင်/ကျဉ်းမိသားစုများနှင့် ဒေသခံများ၏ စုဆောင်းမှု၊
ထုတ်ဖော်ပြောဆိုမှုတို့ကို အခြေခံပြီး ပြုစုထားခြင်း ဖြစ်သည်ဟု သိရသည်။
လက်လှမ်းမီသမျှ
ပြုစုထားခြင်းဖြစ်ပြီး၊ ကျန်ရှိနေသူများ၊ လိုအပ်ချက်များ၊
ဖြည့်စွက်ပြင်ဆင်ရမည်များကို ဆက်သွယ်ပြောကြားနိုင်သည့်အကြောင်း
ထုတ်ပြန်ထားသည်။
Comments