ရဟန်းတော်များနှင့် နိုင်ငံ့အရေး
အရှင်ပညာနန္ဒ
ဒီဇင်ဘာ ၁၂၊ ၂၀၁၁
အရှင်ပညာနန္ဒ
ဒီဇင်ဘာ ၁၂၊ ၂၀၁၁

ရဟန်းတော်တွေ နိုင်ငံ့ရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့လုပ်သင့် မလုပ်သင့် စတဲ့စကားသံတွေနဲ့ပတ်သက်ပြီး မကြာခဏ ငြင်းခုံနေကြာတာတွေကို ကြားရပါတယ်။
လွန်ခဲ့တဲ့၂၀၁၀ခုနှစ်က အစည်းအဝေးကိစ္စတခုနဲ့ နယူးယောက်က မိတ်ဆွေကျောင်းမှာတည်းခိုနေခိုက် ဒကာသုံးယောက်လောက်က ရဟန်းတော်တွေ နိုင်ငံရေးမလုပ်သင့်ကြောင်း လျောက်ထားနေတာကို ကြားမိလိုက်ပါတယ်။ မိတ်ဆွေရဟန်းက ဘာများပြန်လည် ပြော ကြားလေမလဲလို့ နားစွင့်မိပေမဲ့ ဘာမှပြန်လည်ပြောကြားသံမကြားရလို့ အားမလိုအားမရ ဖြစ်မိပါတယ်။
ဒီကိစ္စတွေက အသစ်အဆန်းတော့မဟုတ်ပါဘူး။ အများပြောနေကြလို့ နားရေ၀နေပါကြပြီ။ အဲဒီမှာ ဘာကိုသွားပြီးသတိရလိုက်သလဲဆို တော့ န၀တ၊ နအဖလက်ထက်ကနေ ယနေ့အချိန်အထိ ရဟန်းတော်တွေ နိုင်ငံရေး မလုပ်ကောင်းဘူး။ ရဟန်းကိစ္စ နှစ်ဓူရဆိုတဲ့အတိုင်း ၀ိပဿနာဓုရနဲ့ ဂန္ဓဓုရနှစ်ပါးသာလုပ်ရမယ်ဆိုတဲ့ စစ်အစိုးရသတင်းစာတွေကနေ သံဃာ့နာယကဆရာတော်တွေ မကြာခဏသြ၀ါဒပေးနေ တာတွေကို သတိရမိလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ပက်သက်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ စစ်အာဏာရှင်တွေက သံဃာ့နာယကဆရာတော်တွေကနေ တဆင့် အမိန့်ဒီဂရီအမျိုးမျိုးထုတ်ပြန်ပြီး စစ်အစိုးရကိုဆန့်ကျင်တဲ့ သံဃာ့လှုပ်ရှားမှုတွေမပြုလုပ်ကြဘို့ သံဃာတော်တွေအတွက် တင်းတင်း ကြပ်ကြပ် သီးသန့်အမိန့်တွေထုတ်ပြန်ခဲ့တာ အားလုံးအသိပါ။ အဲဒီလိုအမိန့်တွေထုတ်ပြန်ခဲ့တဲ့ကြားထဲက သံဃာတော်တွေဟာ မကြောက် မရွံ့နောက်မဆုတ်ဘဲ စစ်အာဏာရှင်တွေရဲ့အနှိပ်စက်ခံ၊ ထောင်ကျခံပြီး ဒီနေ့အချိန်အထိ စစ်အစိုးရရဲ့အမိန်အာဏာတွေကို ဖီဆန်နေကြ တာ ဘာကြောင့်လဲ။ နိုင်ငံရေးအာဏာရရေးအတွက်လား သို့မဟုတ် တကိုယ်တော်ကောင်းစားရေးအတွက်လုပ်ဆောင်နေကြတာလား။ တကယ်တမ်းဆိုရရင် သံဃာတော်တွေဟာ စာပေသင်ကြားပို့ချပြီး အေးအေးဆေးဆေး နေချင်ကြာတာပါ။ နိုင်ငံရေးဇာတ်ထုတ် ဇာတ်ရှုပ် တွေထဲပါချင်ကြတာ မဟုတ်ပါဘူး။
ဒါဆို ဘာကြောင့်ပါဝင်ဆောင်ရွက်နေကြတာလဲလို့ မေးစရာရှိပါတယ်။ စစ်အာဏာရှင်တွေရဲ့ တိုင်းပြည်နဲ့လူထုအပေါ်မှာ မတရားဖိနှိပ် စိုး မိုးပြီး အနိုင်ကျင့်စော်ကားနေတာတွေကိုမကြည့်ရက်လို တဖက်တလမ်းကနေ ပါဝင်ဆောင်ရွက်နေကြရတာပါ။ မြန်မာ့လွတ်လပ်ရေးသမိုင်း ကိုကြည့်ရင် ဆရာတော်ဦးဥတ္တမတို့၊ ဆရာတော်ဦးဝိစာရတိုရဲ့လုပ်ဆောင်ချက်တွေကို သမိုင်းစာမျက်နှာမှာ ထင်ထင်ရှားရှားတွေ့ရမှာပါ။
ဒီဆရာတော်တွေဟာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ကြတာမဟုတ်ပါဘူး။ အဖိနှိပ်ခံဘ၀ကနေ မိမိတို့အမျိုးသားတွေလွတ်မြောက်ဖို့ လူထုဘက်ကရပ်တည်ပြီး လုပ်ဆောင်ခဲ့ကြပေမဲ့ ဆရာတော်တွေရတဲ့ဆုကတော့ ထောင်နန်းစံရခြင်းနဲ့ အဖိနှိပ်ခဲ့ရခြင်းဆိုတဲ့ဆုတွေပါ။ အဲဒီ လိုဘဲ ရှစ်လေးလုံးအရေးအခင်းကာလကစလို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအထိ လူထုဘက်ကရပ်တည်ခဲ့တဲ့ ဦးဥတ္တမလေးတွေ၊ ဦးဝိ စာရလေးတွေ ထောင်ထဲမှာရှိနေဆဲဖြစ်သလို ရဟန်းသံဃာတော်တွေ အဖိနှိပ်ခံနေရဆဲပါ။
န၀တစစ်အစိုးရလက်ထက်ကစလို့ ယနေ့အချိန်အထိ စားဝတ်နေရေး အဆင်မပြေရတဲ့ကြားထဲ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုမျိုးစုံအောက်မှာအလူးလူးအလိမ့်လိမ့်ခံနေရတာ ပြည်သူအများစုပါ။ အဲဒီလို ဆင်းရဲသားကျောမွဲမိဘတွေက မွေးဖွားလာတဲ့ ကျောင်းမနေနိုင်တဲ့ ကလေး သူငယ်တွေကို ဘ/က ကျောင်းတွေဖွင့်ပြီး ပညာသင်ကြားပေးနေတာဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေပါ။
အစားလည်းကျွေး အ၀တ်လည်းပေးပြီး ချို့ချို့တဲ့တဲ့နဲ့ ပညာသင်ကြားပေးနေကြရတာပါ။ သဘာဝဘေးအန္တရယ်တွေနဲ့ ကြုံတွေ့ကြပြန် တော့လည်း ဒီဘုန်းကြီးတွေကဘဲဦးဆောင်ပြီး ဆန်လှူ ဆီလှူ ဆေးလှူလုပ်ပေးကြပြန်ပါတယ်။ ဆေးရုံဆေးခန်းတွေဖွင့်ပြီး ဆင်းရဲတဲ့ဒကာ ဒကာမတွေကို အခမဲ့ဆေးကုသပေးနေတာလည်း ဘုန်းတော်ကြီးတွေဘဲ မဟုတ်ပါလား။ အစိုးရကတော့ သူနဲ့ မဆိုင်သလိုနေပြီး ဘာမှ အကူအညီမပေးတဲ့အပြင် အကူအညီပေးတဲ့ ဘုန်းတော်ကြီးတွေနဲ့ စေတနာရှင်ဒကာ ဒကာမတွေကိုလိုက်လံနှောက်ယှက်ရုံတင်မက အကူ အညီပေးသူတွေကို ဖမ်းဆီးထောင်ချပြန်ပါတယ်။ အစိုးရလုပ်ရမဲ့အလုပ်တွေကို ရဟန်းရှင်လူတွေက ကူညီတာကိုတောင် မနာလို မရှုစိမ့်တဲ့ စစ်အစိုးရပါ။
ရဟန်းတော်တွေရဲ့လုပ်ဆောင်ချက်တွေဟာဟာ ဉာတ္ထရစရိယဆိုတဲ့ ဘုရားဟောနဲ့အညီ ကိုယ့်ဒကာ ဒကာမတွေကို တတ်နိုင်သလောက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေသက်သာအောင် ကူညီနေကြတာပါ။ အဲဒီတော့ အများကောင်းကျိုးအတွက်ဆောင်ရွက်နေတဲ့ ဘုန်း ကြီးတွေဟာ စစ်အစိုးရ၀ါဒဖြန့်သလို နိုင်ငံရေးလုပ်နေတာလား၊ နိုင်ငံ့အရေးလုပ်နေတာလားဆိုတာ သေချာစဉ်းဘို့လိုပါတယ်။
စစ်အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှု၊ လူမျိုးရေးဖိနှိပ်မှုနဲ့ နိုင်ရေးဖိနှိပ်မှုတွေရှိနေသရွေ့ကာလပတ်လုံးတော့ ရဟန်းတော်တွေဟာ လူထုနဲ့ တ သားထဲရပ်တည်ပြီး အာဏာရှင်တွေကို ဆန့်ကျင်သွားအုံးမှာကတော့ အသေအချာပါ။ မတရားတာတွေကို မတရားဘူးပြောရမှာက ရဟန်း တော်တွေရဲ့အလုပ်ဖြစ်သလို အဓမ္မ၀ါဒတွေကိုဖယ်ရှားပြီး ဓမ္မ၀ါဒတွေထွန်းကားလာအောင်လုပ်ရမှာ ရဟန်းတွေလုပ်ရမဲ့အလုပ် မဟုတ် ပါလား။ ငါးရာ့ငါးဆယ်ဇာတ်တော်တွေနဲ့ ဓမ္မပဒတွေကို ဖတ်ရှုလေ့လာကြည့်ပါ။ ဘုရားရှင်ကိုယ်တော်တိုင် လောကီကိစ္စတွေမှာပါဝင်ဆောင် ရွက်ခဲ့တာတွေကို အများအပြားတွေ့ရမှာပါ။
ဗုဒ္ဒဘုရားရှင်ကိုယ်တိုင် လောကရဲ့အကျိုးရှိရာရှိကြောင်းနဲ့ လူတွေရဲ့ အကျိုးရှိရာရှိကြောင်းအလုပ်တွေကိုလုပ်ဆောင်ကြဘို့ ရဟန်းတော် တွေကိုညွန်ကြားခဲ့သလို သူကိုယ်တိုင်လည်း စံပြနိုင်ငံရေးသမားကြီး ငြိမ်းချမ်းရေးသမားကြီးအဖြစ်နဲ့ ရပ်တည်သွားခဲ့တာပါ။ မဟုတ်တာတွေ လုပ်ပြီး မဟုတ်တာတွေပြောတဲ့ စစ်အာဏာရှင်တွေလက်ထက်ကြမှ လူထုအထင်အမြင်မှားအောင် ရဟန်းတော်တွေကိုအပုပ်ချပြီး ၀ါဒဖြန့် ချီရေးတွေလုပ်နေတာ၊ တရားပွဲတွေ မကျင်းနိုင်အောင်ပိတ်ပင်တားဆီးနေတာတွေဟာ တကယ့်ကို ရယ်စရာကောင်းလှပါတယ်။
အဲဒါကြောင့် ရဟန်းတော်တွေလုပ်ဆောင်နေကြာတာဟာ နိုင်ငံရေးလား၊ နိုင်ငံ့အရေးလားဆိုတာ စစ်အာဏာရှင်တွေ ကွဲကွဲပြားပြား သ ဘောပေါက်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
Comments