Cyberwidows

ကွန်ပျူတာမုဆိုးမများ (Cyberwidows)
ကိုရုပ်ဆိုး
ဒီဇင်ဘာ ၁၃၊ ၂ဝ၁၁


စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုး ရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့ သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ပိုပြီး သိမ်မွေ့ပါတယ် ။ Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမဆုံး လက္ခဏာ တွေကတော့ …


၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။
၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။

၃ ။ ကိုယ်ပတ်ဝန်းကျင်ကလူမှုရေး ကိစ္စ တွေကို လျစ်လျူရှုထားမယ် ။ ဥပမာ မိဘညီိကိုမောင်နှမတွေ ဘာတွေပဲ ပြောနေပါစေ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့ ။
၎ ။ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဂရုမစိုက်တော့ပဲ ဖြစ်သလို နေထိုင်လာမယ် ။

၅။ ကိုယ့်မေးဘောက်စ်ထဲမှာ မေးလ်ဝင်မလာသေးသည့်တိုင်အောင် ဝင်လာမဲ့မေးလ်ကို စောင့်နေလိမ့်မယ်။
၆ ။ Roll Playing Game တွေကို ကစားရင်း အွန်လိုင်းမှာ ရန်ဖြစ်ဖူးတဲ့ လူတွေကို အပြင်မှာ တကယ့်ရန်သူအဖြစ် ထင်မြင်လာမယ် ။

စတဲ့ အချက်တွေ ဖြစ်လာပြီ ဆိုရင် အဲဒီလူတစ်ယောက်ဟာ Netaholic ဖြစ်လာနိုင်မယ့် အလားအလာပါပဲ။ နောက်ပိုင်းမှာ ဒီထက် ဆိုးဝါးလာရင်တော့ အင်တာနက်သာ ပထမ ၊ အင်တာနက်သာ ဒုတိယ ဖြစ်လာပြီး အင်တာနက် မရှိရင် အသက် မရှင်ချင်တော့ဘူး အထိ ဖြစ်လာနိုင်ပါတယ် ။

Cyberwidows (ကွန်ပျူတာမုဆိုးမများ)

Cyberwidows သို့မဟုတ် Computer widows ဆိုတာကတော့ ကိုယ်ရဲ့ အိမ်ထောင်ဖက် (ယောကျာ်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ်) က Netaholic တစ်ယောက်ဖြစ်နေ ပီး NetGame တွေ ဆော့လိုက် ၊ နက်ထဲက Information တွေ အငမ်းမရ ရှာဖွေလိုက် ၊ အင်တာနက်ထဲက ကိုယ်နဲ့ မသိဖူး တဲ့ လူပေါင်းများစွာနဲ့ ချက်တင် တက် စကားပြောရင်း အချိန်တွေကုန်၊ မိသားစု အတွက် ၊ ကိုယ့်သားသမီးတွေ အတွက် ဘာမှ စိတ်မဝင်စားနိုင်တော့အတွက် အိမ်ထောင်ရဲ့ ဒုက္ခ သုက္ခ တွေကို ရင်စီး ခံကြရရှာတဲ့ အိမ်ထောင်ရှင်များကို ခေါ် တာပါ ။ သိပ္ပံပညာရှင်တွေ ၊ စိတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ အင်တာနက် စွဲလမ်းမှု ပြဿနာဟာ နောက်အနာဂတ် စိတ်ရောဂါတွေထဲမှာ နံပါတ် ၁ အနေအထား ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံ များမှာတော့ Netaholic နဲ့ Cyberwidows ပြသနာများကိုဖြေရှင်းနိုင်ဖို့ Online Cilinic တွေ ဖွင့်လှစ်လာကြပါတယ်။ အင်တာနက်နဲ့ပက်သက်ပြီး စိတ်ရောဂါဖြစ်နေတဲ့လူတွေကို အွန်လိုင်းဒေါက်တာတွေနဲ့ပဲ ကုနိုင်မယ်ဆိုတဲ့ အတွေးခေါ်နဲ့ပါ ။ ကျွန်တော်တို့ ဆီမှာ ဒီပြဿနာတွေ ထင်ထင် ရှားရှား လူသိ မများသေးပေမဲ့ အင်တာနက်စွဲလမ်းသူ များလာတာနဲ့အမျှ ပက်သက်ဆက်နွှယ်ရာ ပတ်ဝန်းကျင်ကိုပါ ဒုက္ခတွေ များလာနိုင်တာကြောင့် ညောင်သီးလည်းစား လေးသံလည်း နားထောင်ရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ …………..။



မူရင်း - မိုးထက်မြင့် (နည်းပညာ) http://www.knowledgewar07.com/2011/01/netaholic-netaholic-netaholic-roll.html?spref=fb

Comments