စိတ်ကူးစိတ်သန်းများ
ကမာပုလဲ
ဒီဇင်ဘာ ၇၊ ၂၀၁၁

ဘ၀မှာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
အမေနဲ့ ကျနော်
ခုလို သေကွဲ ကွဲခဲ့ရမယ် မဟုတ်ဘူး ...။
ဘ၀မှာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
ကျနော့်ဇာတိမြို့ကလေး
မုန်တိုင်းအောက်မှာ
ခုလို
အတိဒုက္ခရောက်ခဲ့မယ် မဟုတ်ဘူး ...
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ ...။
မည်သူမဆို
ဘ၀ကို ခုံမင်နှစ်သက်မယ် ...
မည်သူမဆို
ဇာတိရပ်ရွာကို
ရိုးသားစွာ တပ်မက်မယ် ...
မည်သူမဆို
ခေတ်ကို
ငြိမ်းချမ်းရေးနဲ့ အတိပြီးစေလိုမယ် ...
မည်သူမဆို ....။
ခေတ်တွေပျက်ခဲ့တော့
ကလေးတွေက မိခင်ပျောက်ကိုရှာတယ် ...
အနုပညာက အနုပညာကိုရှာတယ် ...
ချစ်ခြင်းမေတ္တာတရားက သစ္စာတရားကိုရှာတယ် ...
လွတ်မြောက်ရေးတိုက်ပွဲတွေက ခေါင်းဆောင်စစ်စစ်ကို ရှာတယ် ...။
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
ဦးပုညလည်း
ဆဒ္ဒန်ဇာတ်ကို စာချိုးဖို့လိုမယ် မဟုတ်ဘူး
အချုပ်တန်း ဆရာဖေကလည်း
တွေးတိုင်း ရေးတိုင်း အရိုးနာကာ
အမျိုးကိုဆဲမှာ မဟုတ်ဘူး ...
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင် ...
စိတ်ကူးစိတ်သန်းတွေအတိုင်း
ကမ္ဘာလောကဟာ
ငြိမ်းချမ်းနေခဲ့ရင် ...
ဂျွန်လင်နွန်
လေဒီဒိုင်ယာနာ
မိုက်ကယ်ဂျက်ဆင်
.....................
.......................
သူတို့ ... သူတို့တွေလည်း
ပက်ပက်စက်စက်
လုပ်ကြံသတ်ဖြတ်ခြင်းကို
ခံခဲ့ရလိမ့်မယ် မဟုတ်ဘူး ...။
ကမ္ဘာကြီးမှာ
ငြိမ်းချမ်းရေးဟာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင် ... ပြောပါတယ်။ ။
ဒီဇင်ဘာ ၇၊ ၂၀၁၁

ဘ၀မှာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
အမေနဲ့ ကျနော်
ခုလို သေကွဲ ကွဲခဲ့ရမယ် မဟုတ်ဘူး ...။
ဘ၀မှာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
ကျနော့်ဇာတိမြို့ကလေး
မုန်တိုင်းအောက်မှာ
ခုလို
အတိဒုက္ခရောက်ခဲ့မယ် မဟုတ်ဘူး ...
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ ...။
မည်သူမဆို
ဘ၀ကို ခုံမင်နှစ်သက်မယ် ...
မည်သူမဆို
ဇာတိရပ်ရွာကို
ရိုးသားစွာ တပ်မက်မယ် ...
မည်သူမဆို
ခေတ်ကို
ငြိမ်းချမ်းရေးနဲ့ အတိပြီးစေလိုမယ် ...
မည်သူမဆို ....။
ခေတ်တွေပျက်ခဲ့တော့
ကလေးတွေက မိခင်ပျောက်ကိုရှာတယ် ...
အနုပညာက အနုပညာကိုရှာတယ် ...
ချစ်ခြင်းမေတ္တာတရားက သစ္စာတရားကိုရှာတယ် ...
လွတ်မြောက်ရေးတိုက်ပွဲတွေက ခေါင်းဆောင်စစ်စစ်ကို ရှာတယ် ...။
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင်
ဦးပုညလည်း
ဆဒ္ဒန်ဇာတ်ကို စာချိုးဖို့လိုမယ် မဟုတ်ဘူး
အချုပ်တန်း ဆရာဖေကလည်း
တွေးတိုင်း ရေးတိုင်း အရိုးနာကာ
အမျိုးကိုဆဲမှာ မဟုတ်ဘူး ...
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင် ...
စိတ်ကူးစိတ်သန်းတွေအတိုင်း
ကမ္ဘာလောကဟာ
ငြိမ်းချမ်းနေခဲ့ရင် ...
ဂျွန်လင်နွန်
လေဒီဒိုင်ယာနာ
မိုက်ကယ်ဂျက်ဆင်
.....................
.......................
သူတို့ ... သူတို့တွေလည်း
ပက်ပက်စက်စက်
လုပ်ကြံသတ်ဖြတ်ခြင်းကို
ခံခဲ့ရလိမ့်မယ် မဟုတ်ဘူး ...။
ကမ္ဘာကြီးမှာ
ငြိမ်းချမ်းရေးဟာ
စိတ်ကူးစိတ်သန်းတွေအတိုင်း
တကယ်ဖြစ်လာခဲ့ရင် ... ပြောပါတယ်။ ။
ဤကဗျာအား ငြိမ်းချမ်းရေးအနုပညာရှင် ဂျွန်လင်နွန် ကွယ်လွန်ခဲ့သည့် နှစ် (၃၁) နှစ်မြောက် အမှတ်တရအဖြစ်ရေးသည်။
+ ဂျွန်လင်နွန် = John Winston Lennon (9 October 1940 – 8 December 1980)
ကမ္ဘာကျော် The Beatles တေးဂီတအဖွဲ့၏ တေးရေး၊ သီဆို၊ တူရိယာ ပညာရှင်။ သူ၏ ငြိမ်းချမ်းရေးစိတ်ကူး Imagine သီချင်းကို သီဆိုခဲ့။ ၁၉၈၀ ဒီဇင်ဘာ (၈) ရက်နေ့တွင် သေနတ် သမားတဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံရကာ ကွယ်လွန်ခဲ့သည်။
+ လေဒီဒိုင်ယာနာ = Princess of Wales (1 Jyly 1961 - 31 August 1997) ကမ္ဘာ့မြေမြုပ် မိုင်းများ ဆန့်ကျင်ခဲ့သူ။
+ မိုက်ကယ်ဂျက်ဆင် = အမေရိကန်ပေါ့ပ်အဆိုတော် (August 29, 1958 – June 25, 2009)
we are the worl d သီချင်းကို ရေးစပ်သီဆိုခဲ့။ အဖရိက အငတ်ဘေးဆိုက်ရောက်နေသူများအား ကူညီရန် Life Aid တေးဂီတပွဲကို ကမကထပြု ကျင်းပခဲ့။
သီချင်းလင့်များ =Imagine = http://www.youtube.com/watch?v=aIFY9h8DImg
we are the world = http://www.youtube.com/watch?feature=endscreen&v=M9BNoNFKCBI
Comments