“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄ဝ၆)
မာမာအေး
ဒီဇင်ဘာ ၁၈၊ ၂၀၁၁
မာမာအေး
ဒီဇင်ဘာ ၁၈၊ ၂၀၁၁
သောတရှင်တို့ရေ -
အရင်တပါတ်က အငြိခံရတဲ့ သီချင်းလေးများ ပြန်ကြားရတာ ၀မ်းသာတယ်မဟုတ်လား။ အခုလဲ သီချင်းနာမည်က ငြိလို့ "သူနဲ့တွေ့ရင်" ဆိုပြီး နာမည်ပြောင်း မှည့်ပေးခဲ့ရတဲ့ သီချင်းလေး ဖြစ်လာတဲ့အကြောင်း ပြောပေးမှာမို့လို့ နားထောင်ကြည့်ကြပါစို့။
(သူနဲ့တွေ့ရင် - သို့မဟုတ် - မျက်ရည်)
ကိုယ်တို့ငယ်ငယ် ဟိုခါတုန်းက ပြောမရ ဆိုမရ မိုက်ကြတဲ့ အခါတွေ၊ ချစ်သောဖေဖေ၊ ချစ်သောမေမေ၊ ဂရုဏါဒေါသောနဲ့ ရိုက်နှက်ဆုံးမတဲ့အခါ၊ ကျတဲ့မျက်ရည်၊ မျက်ရည်၊ မျက်ရည်၊ အသဲဘ၀င်မှာ မနာတတ်သောအရွယ်ပေ xxx
xxx ခုတော့မှလေ သူနဲ့တွေ့ရင် မငြိုင်ြပါဘူး၊ မညူစူပါဘူး၊ သို့သော်လဲလေ အလိုလို ၀မ်းနည်းတတ်တယ်လေ၊ သူ့ကို တွေးနေသတိရနေတိုင်း၊ မြမျက်ရည်၊ ပုလဲမျက်ရည်၊ စိမ့်စမ်းသွယ်မျက်ရည်၊ သို့သော် အစဉ် ပူနွေးနေ xxx

ချစ်ရသူတိုင်း ကျသော မျက်ရည်၊ သူလာချော့မြှူ ယုယထွေးပွေ့ယူ ကလူကြည်စယ် သူ ပလီတယ်၊ သဲအူရင်ထဲ လှိုက်လှဲဝမ်းသာ ဖြစ်ရပြန်သောခါ xxx ကျလာသည့် မျက်ရည်စင်၊ ဆွေးပူရင်လဲ ကျတဲ့မျက်ရည်၊ ပြုံးပျော်ရင်လဲ .. ကျတဲ့ မျက်ရည်၊ ၀မ်းထဲ ပွေသမျှ သောကအထွေထွေ၊ မျက်ရည်သွယ်မှ ပေါ့ပါးရွှင်လာ၊ အစဉ်သာရင်မှာ ပြေပြေကါ လျော့တယ်လေ၊ မြမျက်ရည်၊ ပုလဲမျက်ရည်၊ စိမ့်စမ်းသွယ်မျက်ရည်၊ သို့သော် အစဉ် ပူနွေးနေ xxx
မာအေးဆိုထားတဲ့ သီချင်းတွေက များတော့ တခါတလေမှ ကြားရတဲ့ ဒီသီချင်းမျိုး ဖြစ်နေလို့ နားထဲမှာ သစ်ချင် သစ်နေမယ် ထင်တယ်၊ အဲဒါ - ပန်းကေါက်လှဲ့ပါတို့၊ ချိုပြုံးတို့ အမေ့စာတို့ကို - ကိုယ်တိုင်ရေးနိုင်ဆိုနိုင်တဲ့ ကဗျာ့စာဆို 'နောင်' (ခေါ်) ဂီတစာဆို မောင်မောင်လတ် ရေးပေးတဲ့ သီချင်းလေးပါဘဲ။ မျက်ရည်အကြောင်း သရုပ်ခွဲ ခံစား ရေးတာမို့ "မျက်ရည်" လို့ နာမည်ပေးခဲ့မှာပါ။ ဘုတ်က အဲဒါ မကြိုက်ဖူး ဆိုတော့ "သူနဲ့တွေ့ရင်" ဖြစ်သွားပါတယ်။ အငြိကောင်းမို့ တော်သေးတာပေါ့ရှင်ရယ်၊ မငြိဘဲနဲ့ အောင်းထားတာတွေလဲ ရှိတယ်။ မာအေးတို့ ရုံးမှာ ဟိုလူကြီးကို ခိုက်မိမှာ စိုးလို့ ဆိုင်းငံ့ထားတဲ့ သီချင်းတွေ ရှိပါ့ရှင်။ မာအေး ဆိုတဲ့ 'ကျမချစ်သူစနေသားများ' ဆိုရင် ဘယ်သူနဲ့မှ ဆိုင်မှာ မဟုတ်ပါဘူး။ အကိုချစ်ဆွေက အတွင်းသိမို့ နောက်ပြီး ရေးပေးထားတာ။ မာအေးလူတွေက တကယ် စနေသားတွေ ဖြစ်နေလို့ပါ။ နာမည်အရ စနေသား လို့ ထင်နေတဲ့ ဟိုလူကြီးကို ရိပါ့မလား။ အလကါးနေရင်း ကါနေကြတော့တာဘဲ။
အသံလွှင့်ရုံမှာ စက်စမ်းမယ်၊ မိုက်ကရိုဖုန်း စမ်းမယ် ဆိုရင် အကိုလှထွတ်နဲ့ မာအေး စက်ဆရာကြီး ခင်မောင်ဦးကို သွားကူတီးပေး ဆိုပေးလေ့ရှိတယ်လို့ ပြောခဲ့တယ်မို့လားရှင်။ အဲဒီလို အပျော်ဆို စက်စမ်းထားတဲ့ "မဲဇာရွှေလီ" သီချင်းကလဲ ဘယ်ကဘယ်လို ခြေထေါက်ပေါက်ပြီး အပြင်ဆိုင်တွေပေါ် ရောက်သွားတယ် မသိဘူး၊ လူကြိုက်သူကြိုက်ကိုဖြစ်လို့၊ အဲဒါမှ ကွက်တိ ငြိတာ - ပြည်ပြေးအသံလွှင့်ရုံက အမြဲ လွှင့်နေသုံးနေသတဲ့။ ကိုယ်က အဲဒါကို သိမှ မသိဘဲ၊ ဂီတပဒေသာပွဲမှာ တခါလေးဘဲ ဆိုတာကို တာဝန်ရှိတဲ့ ဆရာလေးတွေက လာတားမှ သိတော့တာ။ ကိုယ် တကယ်ချာပါတယ်။ အခုတော့ ဘီဘီစီကတဆင့် နားထေါင်လို့ ရပါပြီ။
(မဲဇာရွှေလီမှ)
မဲဇာတောင်ခြေ စီးတွေတွေ ... ရစ်သန်း သီတာရေ ... xxx မဲမှောင်၍ တောင်ငွေ့ဝေေ၀၊ နေရောင်မထိုးညှိုးငယ် စိတ်ဝယ် မောအောင် တောတောင်ရေမြေ၊ မဲမှောင်၍ တောင်ငွေ့ဝေေ၀၊ လွမ်းဘွယ် ဆွေးဘွယ် သဲညှာ မဲဇာရွှေတောင်ခြေ ... [ပင်မြင့်တွေပင်စေါက်တွေ ပင်အောက်ခြေ၀င်ရောက်သူလဲ သဲ-ယ်ဖိုမလေ]၂ xxx အထက်ဆို ဘ၀ဂ်ကိုတက်မလို ညိုမှိုင်းနေ မို့မို့မှိုင်းမှိုင်း ညို့ညို့ဆိုင်းဆိုင်း ရှုလေတိုင်း အုံ့မှိုင်းလို့သာဝေ။ မြစ်ရေ ... တွေတွေ ချိမ့်သဲ လက်ဝဲ သုန္ဒြ ရောက်ခဲ့ရတဲ့ သည်ဝနာမြေ xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။
Comments