မန်း ကထိန်ဘုရားပွဲများ ဆန်း နဲ့ စု ပိုစတာ အပြိုင်လှူဒါန်း
www.bigbbrown.blogspot.com
၁၃၊ ဒီဇင်ဘာ၊ ၂၀၁၁
www.bigbbrown.blogspot.com
၁၃၊ ဒီဇင်ဘာ၊ ၂၀၁၁


၂၇ လမ်း၊ ၇၇ လမ်းနှင့် ၇၆ လမ်းကြားမှာ ခင်းကျင်းပြသခဲ့တဲ့ ရပ်ကွက်အလှူပွဲတစ်ခုရဲ့ မဏ္ဍပ်မှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပိုစတာများချည်း ချိတ်ဆွဲထားတာမျိုးတောင် ရှိတယ်လို့ မြင်တွေ့ခဲ့ရတဲ့ မန်းကဗျာဆရာတစ်ဦးက ညိုကြီးကို ပြောကြားခဲ့ပါတယ်။
အပေါ်က ပုံကတော့ (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၁)ညမှာ တွေ့ရတဲ့ မန္တလေး၊ ၂၇ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက ရပ်ကွက်အလှူပွဲရဲ့ မဏ္ဍပ်က ပုံတွေဖြစ်ပါတယ်။
မန္တလေး၊ ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၉ လမ်းကြား၊ ညဈေးတန်းမှာ ရှိတဲ့ ပိုစတာအရောင်းဆိုင်များမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဓာတ်ပုံ ဗွီနိုင်း ပိုစတာများရောင်းချနေတာ တွေ့ရတာဖြစ်ပါတယ်။
ဆန်းနဲ့ စု ဗွီနိုင်းပိုစတာများကို ကျပ်ငွေ ၅၀၀ မှ ကျပ်ငွေ ၂၅၀၀ အထိ ဈေးနှုန်းများ သတ်မှတ်ရောင်းချနေပြီး ရောင်းအားကောင်းလျက်ရှိကြောင်းလည်း သိရပါတယ်။






Comments