ကချင်ဒုက္ခသည်များ
ကူညီရေးနှင့် စာနာရေး ရန်ပုံငွေအခမ်းအနား (ဆန်ဖရန်ဘေးဧရိယာ) က ရန်ပုံငွေ ဒေါ်လာ ၁ သောင်းကျော်
လှူဒါန်း
မိုးမခအထောက်တော်
၀၀၂၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၁
ကချင်တိုင်းရင်းသား ဘာသာရေး၊ လူမှုရေးနှင့်
နိုင်ငံရေးအဖွဲ့များဖြစ်တဲ့ (San Francisco Kachin Baptist Church, Kachin
Heritage Organization, Free Kachin Campaign) ဦးစီးကျင်းပတဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်
ကချင်တိုင်းရင်းသားများ ကူညီထောက်ပံ့အားပေးရေး၊ ကချင်တိုင်းရင်းသားအရေးတို့ မြန်မာတိုင်းရင်းသားအပေါင်း
ပိုမိုနားလည် စာနာရေး ပြပွဲနဲ့ ရန်ပုံငွေ ဈေးရောင်းပွဲကို (ဒီဇင်ဘာ ၁၇၊ စနေနေ့)
ဒေလီးစီးတီး၊ Little Theater ခန်းမမှာ ကျင်းပခဲ့ပါတယ်။
အဲသည် ရန်ပုံငွေ ပြပွဲနဲ့ ဈေးရောင်းပွဲကနေပြီးတော့
စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ သောင်း ၁ရာနဲ့ ၄၉ ဒေါ်လာ ရရှိပြီး လှူဒါန်းနိုင်ခဲ့တယ်လို့
သိရပါတယ်။ အဲသည်လို ကချင်တိုင်းရင်းသားတွေနဲ့ မြန်မာတိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ
ဝိုင်းဝန်း လှုပ်ရှားမှုကို ကျေးဇူးတင်ကြောင်း၊ ၀မ်းမြောက် ဂုဏ်ယူကြောင်း ရန်ပုံငွေပွဲစီစဉ်သူများက
ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စားသောက်ဖွယ်ရာအလှူုပွဲက ဒေါ်လာ ၅၂၃၄၊
ပွဲတော်မှာ လာရောက်လှူဒါန်းသူများထံက ဒေါ်လာ ၁၉၁၅၊ ခရစ်ယာန်ဘုရားကျောင်းများ ဆုတောင်းပွဲ
(ဒီဇင်ဘာ ၁၉) မှာ စုပေါင်းလှူဒါန်းငွေ ဒေါ်လာ ၃၀၀၀၊ နဲ့ စုစုပေါင်း အများပြည်သူ တိုင်းရင်းသားတို့အလှူငွေ
ဒေါ်လာ ၁၀,၁၄၉ ရရှိကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းက ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ကောက်ယူရရှိတဲ့စာရင်းဖြစ်ပါတယ်။
ရန်ပုံငွေများအားလုံးကို လူမှုကူညီရေး၊
ကယ်ဆယ်ရေးအဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ (ဒုက္ခသည်များနဲ့ ရပ်ရွာစွန့်ထွက်ပြေးရသူများ
ကယ်ဆယ်ရေးကွန်ယက် - Relief Action Network for IDP and Refugee (RANIR)) ကို လွှဲအပ်ပေးလိုက်ပြီလို့
ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အဖွဲ့တွေကတော့ -
1. Kachin Civil
Society Coordination Team (KCSCT)
2. Kachin
Development Group (KDG, Laiza Youth)
3. Wupawng Ninghtoi
(BRIDGE, Life Vision Foundation, E Div KWA, Mai Ja Yang Catholic Church and
Baptist Church)
4. Kachin Youth
Organization
5. Kachin Relief
and Development Committee (KRDC - KIO)
6. IDP and Refugee
Relief Committee (IRRC- KIO)
7. Health
Department (KIO)
8. Kachin Women’s
Association Thailand (KWAT)
9. Kachin Women’s
Association (KWA)
10. Catholic Church
(Laiza)
11. Kachin Baptist
Church (Laiza)
12. INGO (Health
Related) တို့ ဖြစ်ကြပါတယ်။
Comments