Than Win Hlaing - Book of Burmese Women of History come out soon

စာရေးဆရာသန်းဝင်းလှိုင်ရေး သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ
မိုးမခစာအုပ်စင်အညွန်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၁
အဆိုပါစာအုပ်  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မကြာမီထွက်တော့မည်ဖြစ်ပါသည်။
အဆိုပါစာအုပ်၌ မြန်မာ့သမိုင်းတွင် အစဉ်အလာကြီးမားခဲ့သော နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးများ၊ အမျိုးသမီးစာဆိုတော်များ၊ သတင်းစာဆရာမများ၊ အနုပညာရှင်များ၊ နန်းတွင်းစာဆိုတော်များ၊ မင်းမိဘုရားများ၊ သမိုင်းပညာရှင်များစသည့် အမျိုးသမီး(၅၅)ဦး အကြောင်းအရာများကို သုတေသနပြရေးသားထားပါသည်။
စာအုပ်၏အဖုံးကို သီဟမောင်မောင်က ဒီဇိုင်းပြုလုပ်ထားပြီး စာအုပ်အရွယ်အစားမှာ ၁၀ချိုးဆိုဒ်ဖြစ်ပြီး စာမျက်နှာ ၃၉၀ ရှိသည်။ စာအုပ်နှင့်ပတ်သက်၍သိလိုသမျှကို စာရေးဆရာအား မိုးမခမီဒီယာက တဆင့် စုံစမ်းနိုင်ပါသည်။

Comments