Aung San Suu Kyi registers for historic seat in Parliament ‎


ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ယနေ့ မှတ်ပုံတင်ပြီ
AP သတင်းဌာန
ဇန်န၀ါရီ ၁၈၊ ၂၀၁၂

ယမန်နေ့က မင်္ဂလာတောင်ညွန့်မြို့ NLD မြို့နယ်ရုံးသစ် ဖွင့်ပွဲ အခမ်းအနားတွင် တွေ့ရသည့် ဒေါ်ဖြူဖြူသင်း နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-Getty Images)

NLD က ဆယ်စုနှစ် ၂ ခုကြာ နိုင်ငံရေးအရ အဖယ်ခံထားရပြီးနောက် လှုပ်ရှားပိုင်ခွင့် ပြန်ရလာချိန်၌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ယနေ့ မှတ်ပုံတင်လိုက်သည်။

ရန်ကုန်တိုင်းအတွင်း ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ကော့မှူးမြို့ မဲဆန္ဒနယ်တွင် ပြိုင်ရန်အတွက် မှတ်ပုံတင်ခြင်း ဖြစ်သည်။

NLD က ဧပြီ ၁ ရက်နေ့တွင် ၄၈ နေရာစလုံး အနိုင်ရလျှင်ပင် အာဏာအနည်းငယ်သာရမည်ဖြစ်သည်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ခဲ့ရသည့် မြန်မာပြည်တွင် အစိုးရသစ်က ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။ ရွေးကောက်ပွဲဝင်ရန် သူက ဆုံးဖြတ်လိုက်ခြင်းမှာ ထိုပြုပြင်ပြောင်းလဲမှုတို့ကို ယုံကြည်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

ရွေးချယ်ခံရပါက နှစ်ပေါင်းများစွာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် ပထမဆုံးအကြိမ် ပါဝင်နိုင်မည်ဖြစ်သည်။

Comments