Joseph Crowley visiting Burma

နယူးယောက်လွှတ်တော်အမတ် မြန်မာပြည် သွားမည်
မိုးမခအထောက်တော် အမှတ် ဝဝ၁
ဇန်ဝါရီ ၈၊ ၂ဝ၁၂

မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့ရာတွင် ရှေ့တန်းမှ ပါဝင်သူ အောက်လွှတ်တော်အမတ် ဂျိုးဇက်ခရိုလီ

မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသူ အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက်ခရိုလီသည် မြန်မာပြည်သို့ ၂ ရက်ကြာ သွားရောက်မည်ဖြစ်သည်။

ဂျိုးဇက်ခရိုလသည် အမေရိကန်တွင် ထင်ရှားသည့် နိုင်ငံရေးသမားဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်များကို ကန့်ကွက် ဝေဖန်တတ်သူဖြစ်သည်။

နယူးယောက် ကိုယ်စားပြု လွှတ်တော်အမတ်တဦးဖြစ်သည် ဂျိုးဇက်ခရိုလီသည် မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့ရာတွင် ရှေ့တန်းမှ ပါဝင်သူဖြစ်သည်။

ခရီးစဉ်အတွင်း နေပြည်တော်ရှိ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နှစ်ပေါင်းများစွာကပင် လေးစားခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဟု ဆိုသည်။

အမေရိကန် ထိပ်တန်း သံတမန် ၂ ဦးလည်း မြန်မာပြည်သို့ မနက်ဖြန် သွားရောက်ကြမည် ဖြစ်သည်။

ထို ၂ ဦးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်၊ နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံတမန် လူးဝစ်ဆီဒါဘက်ကာတို့ ဖြစ်သည်။

Comments