ရေသန့်မှ လူသန့်မည်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၂၁၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၂၁၊ ၂၀၁၂

ဤကဲ့သို့ မသန့်သော ရေဆိုးများ၊ ဘေးမကင်းသောရေများ၊ စိတ်ချလုံခြုံမှုမရှိသောရေများကို သန့်စင်သုံးစွဲသောက်သုံးဖို့ လိုအပ်ပေသည်။ လူထုကျန်းမာရေးအရ အရေးကြီးလှသည်ဟု ဆရာဦးဝင်းမောင် B.E. (Mechanical)/1970 ရေးသားထားသော “စင်ကြယ်သောရေမှ ရေ ကောင်းရေသန့်သို့” ဟူသော ပညာရေးပေးစာအုပ်စာပေမှ သိရှိခဲ့ရသည်။









ထို့ကြောင့် ကျွန်တော်တို့၏ မြန်မာနိုင်ငံတွင် တွေ့ကြုံခံစားနေရသော နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း သောက်သုံးရေရှားပါးမှု ပြဿနာရပ် များအား တစ်နိုင်တစ်ပိုင် ဖြေရှင်းနိုင်ရန်အတွက် Community Engineering Team မှ Team Leader ဆရာဦးသန်းနိုင်သည် နာရေး ကူညီ မှုအသင်း (ရန်ကုန်) နှင့် ဆက်သွယ်ပူးပေါင်း၍ တစ်နိုင်တစ်ပိုင် ရေသန့်သောက်ရေစစ်အိုး ပြုလုပ်ပုံနည်းစနစ်ပညာရပ်အား ၁၉.၁. ၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိရာ မြောက်ဒဂုံမြို့နယ်၌ လူမှုရေးသမားများ၊ အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့် အနယ် နယ်အရပ်ရပ်မှ စိတ်ဝင်စားသူ လူမှုရေးအဖွဲ့များအား လာရောက် လက်တွေ့သင်ကြားပြသခဲ့သည်။ မရှင်းမလင်းသော အချက်အလက်များ အား မေးမြန်းခြင်းတို့ကို ရင်းနှီးပွင့်လင်းစွာဖြင့်ပြန်လည်ဖြေကြားခဲ့သည်။ အမှန်စင်စစ် ထိုကဲ့သို့ သင်တန်းပို့ချချက်များသည် လူသားအားလုံး သိရှိသင့်သော ဗဟုသုတပညာရပ်ဖြစ်သည်။ မိမိတို့၏ အရပ်ဒေသ၊ နေအိမ်အသီးသီးတို့တွင် လွယ်ကူသက်သာစွာဖြင့် တစ်နိုင်တစ်ပိုင် ရေ သန့်သောက်ရေစစ်အိုးများ ပြုလုပ်သုံးစွဲနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော ရေကောင်းရေသန့်များကို သုံးစွဲပါမှ ကျန်းမာသန်စွမ်းပြီး အသက် ရှည်စွာ မိမိတို့ မိသားစုအရေး၊ နိုင်ငံအရေးကိစ္စများကို အကျိုးရှိရှိ အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ရေသန့်မှလူသန့်မည်။ လူသန့်မှတိုင်းပြည်သန့်မည် ဖြစ်တော့သည်။
Comments